Fact Check: မိုးကုတ်နဲ့ မိုးမိတ်မှာ PDF က TNLA ကို ပြန်တိုက်တဲ့ သတင်းတု 

Missing Context နိုင်ငံရေး | Politics

မိုးကုတ်၊ မိုးမိတ်ကနေ မောင်းထုတ်လို့ တအာင်းတပ် TNLA ကို PDF က ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပြီး ဗွီဒီယိုပို့စ်တခု ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ ပြောဆိုမှုဖြစ်ပြီး သတင်းတု တခုသာဖြစ်တယ်။ 

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူပဲ မိုးကုတ်ကို အရပ်ဝတ်နဲ့ ဝင်လာတဲ့ စစ်တပ်ကို PDF တွေက တိုက်ခိုက်လို့ သေဆုံးခဲ့တယ်လို့ ရေးသားမျှဝေမှုကို ဒီနေရာမှာကြည့်ပါ။

“နိုဝင်ဘာ( ၂၆ )ရက် သစ္စာဖောက် TNLA(၇၀)သေဆုံး

မိုးကုတ်နဲ့မိုးမြိတ်က PDF အဖွဲ့များကို ခွေးလိုမောင်းထုတ်နေတဲ့ TNLA

PDF တပ်များပြန်ချပြီ၊ စစ်ကား(၁၅)စီး မိုင်းထိမှန်ပေါက်ကွဲ”

Original link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Television”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတဲ့နေရာ တခုဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myamar ရဲ့ အချက်အလက်စိစစ်ချက် တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။

အခုလည်း ဗွီဒီယိုထဲမှာ ပါဝင်တဲ့အကြောင်းအရာဟာ ဧရာဝတီတိုင်းမ်သတင်းဌာနကဖော်ပြခဲ့တဲ့  “မိုးကုတ်သို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်အချို့ရောက်လာပြီး တော်လှန်ရေးတပ်ဖွဲ့များထွက်ခွာရန် TNLA ပြော”ဆိုတဲ့ သတင်းဖြစ်တယ်။ သတင်းတပုဒ်လုံးမှာ PDF တွေက TNLA ကို တိုက်ခိုက်ခဲ့တာဖြစ်စေ၊ မိုးကုတ်နဲ့ မိုးမိတ်ကို ဝင်လာတဲ့ စစ်တပ်ကို တိုက်ခိုက်ခဲ့တာဖြစ်စေ ဖော်ပြချက်မရှိပါဘူး။

နောက်ထပ်ဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှာ ခေတ်သစ်ကျွန်ပြုခြင်း၊ လူကုန်ကူးခြင်း၊ ဆိုက်ဘာရာဇဝတ်မှုနှင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှု ခင်းများ ပျော်စံရာ ရပ်ဝန်းတစ်ခု ဖြစ်လာဟု ကုလသမဂ္ဂတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း သတိပေး”၊ “မြန်မာနိုင်ငံတွင် စစ်တပ်က ရွေးကောက်ပွဲအကြိုကာလ ကြီးလေးသောနိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်နေဟု ကုလသမဂ္ဂ IIMM က သတိပေး”ဆိုတဲ့ သတင်းကို ပြန်လည်ဖော်ပြထားတယ်။

သုံးသပ်ချက်

“Khit Thit Television”ဟာ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတယ်။ PDF တွေဟာ မိုးကုတ်ကနေ ဆုတ်ခွာပေးလိုက်ရတာ မှန်ကန်ပြီး TNLA ကို PDF က ပြန်လည်တိုက်ခိုက်ခဲ့တယ် ဆိုတဲ့ အထောက်အထား မရှိပါဘူး။

ပြောဆိုချက်- မိုးကုတ်၊ မိုးမိတ်ကနေ မောင်းထုတ်လို့ တအာင်းတပ် TNLA ကို PDF က ပြန်လည်တိုက်ခိုက်

Avatar

Title:Fact Check: မိုးကုတ်နဲ့ မိုးမိတ်မှာ PDF က TNLA ကို ပြန်တိုက်တဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result:Missing Context


Leave a Reply

Your email address will not be published. Required fields are marked *