Fact Check: စပိန်နိုင်ငံ M-45 လမ်းမကို သန်လျင်-ကျောက်တန်းလမ်းအဖြစ် မျှဝေနေ

Misleading နိုင်ငံရေး | Politics

၅ နှစ်အတွင်း NLD အစိုးရစွမ်းဆောင်ရည်များအဖြစ် အဝေးပြေးလမ်းမကြီးတွေကို စုစည်းဖော်ပြထားတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာပျံ့နှံ့လျက်ရှိပါတယ်။

 ဒီလိုပျံ့နှံ့လျက်ရှိတဲ့ ဓာတ်ပုံပို့စ်တွေမှာ “US ဒေါ်လာ သန်းကိုးထောင်($9000)million ကျော် ပြည်သူ့ အကျိုးပြုလုပ်ငန်း လုပ်လိုက်လို့ အမေရိကန်အစိုးရ အံ့ဩနေ”စသည်ဖြင့် အစချီရေးသားထားပြီး “၅ နှစ်သက် တမ်းအတွင်း NLD အစိုးရ၏ စွမ်းဆောင်ရည်များ သံလျင်-ကျောက်တန်းလမ်းမများ”လို့ရေးထိုးတာတဲ့ ဓာတ်ပုံတစ်ပုံလည်းပါဝင်ပါတယ်။

သို့သော်လည်း “၅ နှစ်သက်တမ်းအတွင်း NLD အစိုးရ၏ စွမ်းဆောင်ရည်များ သံလျင်-ကျောက်တန်း လမ်းမများ” လို့ ရေးထိုးမျှဝေနေတဲ့ဓာတ်ပုံဟာ မြန်မာနိုင်ငံက သန်လျင်-ကျောက်တန်းလမ်းမဟုတ်ဘဲ စပိန်နိုင်ငံ M-45 လို့ခေါ်တဲ့လမ်းမကြီးရဲ့ အစိတ်အပိုင်းဖြစ်တာ တာတွေ့ရပါတယ်။

ဒီလိုမျှဝေထားတဲ့ဓာတ်ပုံပို့စ်ကို လူမှုကွန်ယက်အသုံးပြုသူတွေက ဒီနေရာဒီနေရာဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာ တွေမျှဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

Google မှာ ပုံရှာနည်းနဲ့ အဓိကကျတဲ့ စကားလုံးတွေအသုံးပြုပြီးရှာဖွေရာမှာ ဒီပို့စ်ပါဓာတ်ပုံဟာ စပိန်နိုင်ငံထဲက M-45 လမ်းမကြီးရဲ့ အစိတ်အပိုင်းဖြစ်ဖော်ပြထားတာတွေ့ရပါတယ်။ ဒီဓာတ်ပုံကို အစောဆုံးအသုံးပြုခဲ့တဲ့ ဓာတ်ပုံတွေကို ပြန်လည်ရှာဖွေကြည့်မယ်ဆိုရင် ၂၀၁၄ ခုနှစ်ထဲမှာ စတင်သုံးစွဲခဲ့တာတွေ့ရပါတယ်။

အဲဒီနောက်မှာ စပိန်သတင်းဌာနတစ်ခုဖြစ်တဲ့ noticiasparamunicipios က ၂၀၁၇ ခုနှစ်ထဲမှာ လမ်းပိုင်းပြုပြင်ထိန်း သိမ်းရေးအတွက် ယူရို ၄ ဒသမ ၉ သန်းခွဲဝေချထားခဲ့တယ်ဆိုတဲ့ သတင်းမှာ ပြန်လည်သုံးစွဲခဲ့တာတွေ့ရပါတယ်။

မူရင်းလင့်ခ် –  NoticiasparamunicipiosArchive link 

စပိန်နိုင်ငံက M-45 အဝေးပြေးလမ်းမအကြောင်းကို ဒီလင့်ခ်မှာ လေ့လာနိုင်ပါတယ်။

သန်လျင်-ကျောက်တန်းလမ်းမအဆင့်မြှင့်တင်မှုကို ၂၀၁၇-၂၀၁၈ ဘဏ္ဏာနှစ်မှာမှ စတင်အကောင်အထည်ဖော်ခဲ့ တာတွေ့ရပါတယ်။

သန်လျင်-ကျောက်တန်းလမ်းအဖြစ်မျှဝေနေတဲ့ပုံနဲ့ စပိန်နိုင်ငံက M-45 လမ်းမအစိတ်အပိုင်းအဖြစ်ဖော်ပြထားတဲ့ ပုံကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ သန်လျင်-ကျောက်တန်းလမ်းမအဖြစ်ဖော်ပြနေတဲ့ပုံဟာ စပိန်နိုင်ငံ M-45 လမ်းမကြီးရဲ့ အစိတ်အပိုင်းဖြစ်တာတွေ့ရပါတယ်။

Avatar

Title:စပိန်နိုင်ငံ M-45 လမ်းမကို သန်လျင်-ကျောက်တန်းလမ်းအဖြစ် မျှဝေနေ

Fact Check By: Nayar Maung 

Result: Misleading


1 thought on “Fact Check: စပိန်နိုင်ငံ M-45 လမ်းမကို သန်လျင်-ကျောက်တန်းလမ်းအဖြစ် မျှဝေနေ

Leave a Reply

Your email address will not be published. Required fields are marked *