Fact Check: ဒီဓာတ်ပုံက NUG ရဲ့ ကိုယ်ပျောက်နည်းပညာသုံး ဒရုန်းလား-မဟုတ်ပါ

Misleading လူမှုရေး

တမူးမြို့သို့ လေ့လာရေးရောက်ရှိလာတဲ့ NUG နည်းပညာသုံးကိုယ်ပျောက်ဒရုန်းတစ်စင်းပုံဆိုပြီးတော့ အနီရောင် ဒရုန်းတစ်စင်းဓာတ်ပုံဟာ ပျံ့နှံ့မှုအားကောင်းခဲ့ပြီး ဖေ့စ်ဘွတ်အသုံးပြုတွေအကြားမှာ နားလည်မှုလွဲစေနိုင် တာတွေ့ရပါ တယ်။

တကယ်တော့ ဓာတ်ပုံဟာ လွန်ခဲ့တဲ့ ၂ လကစပြီး တရုတ်ကုမ္ပဏီတစ်ခုက ဈေးကွက်မှာရောင်းချနေတဲ့ စိုက်ပျိုး ရေးလုပ်ငန်းသုံး ဒရုန်းမော်ဒယ်တစ်မျိုးရဲ့ ဓာတ်ပုံဖြစ်ပါတယ်။

“ယနေ့ တမူးမြို့ တမူးခရိုင် အတွင်း လေ့လာရေး ဖြစ်ရောက်ရှိလာတဲ့ ပြည်သူ များ အားကိုးတဲ  NUG technology နည်းပညာ ကိုယ်ပျောက် drone၊…..မိုင်၁၂၀ ထိ ရောက်ရှိ နိုင်ပြီး ၊ ၄၈ နာရီ ထိသုံးပြုနိုင် တဲ နောက်ဆုံးပေါ် drone”လို့ရေးသားပြီး ” Demo Michelle Zora “အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဇန်နဝါရီ ၉ ရက် အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၄၀၀ ကျော်ရှိပါတယ်။

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။ အခြားသော ဘလော့ဂ်စာမျက်နှာတွေဖြစ်တဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link

အချက်အလက်စိစစ်ချက်

လက်ရှိပျံ့နှံ့ခဲ့တဲ့ဓာတ်ပုံကို Google မှာ ဓာတ်ပုံရှာနည်း အသုံးပြုပြီး ပုံဟောင်းတွေကို ရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံ ဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလထဲမှာ နိုင်ငံတကာက နည်းပညာသတင်းဖော်ပြချက်အများအပြားမှာတွေ့ရပါတယ်။

ဒရုန်းနည်းပညာနဲ့ပတ်သက်တဲ့ သတင်းတွေအဓိကထားဖော်ပြနေတဲ့ “Dronedj”အမည်နဲ့ ဝက်ဘ်ဆိုဒ်ရဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၀ ရက်စွဲနဲ့ သတင်းဖော်ပြချက်တစ်ခုမှာ ဒီဓာတ်ပုံကိုအသုံးပြုထားပြီး သတင်းခေါင်းစဉ်မှာ “XAG ဟာ အပြည့်အဝအလိုအလျောက်မောင်နှင်းထိန်းချုပ်နိုင်တဲ့ စိုက်ပျိုးရေးလုပ်ငန်းသုံးဒရုန်းကို တစ်ကမ္ဘာလုံးသို့ စတင်ဖြန့်ချိ”လို့ ရေးသားထားပြီး သတင်းပထမအပိုဒ်မှာအောက်ပါအတိုင်းရေးသားထားပါတယ်။

“၂၀၂၁ ခုနှစ်အတွင်း ထိပ်တန်းဒရုန်းစီးပွားရေးလုပ်ငန်း ၃ မှာပါတဲ့ XAG ဈေးကွက်သစ်တွေကို ထိုးဖောက်ပြီး နိုင်ငံတကာဈေးကွက်ကို ချဲ့ထွင်လျက်ရှိသည်။ ၂၀၂၀ခုနှစ် ဒီဇင်ဘာအထိ ကုမ္ပဏီရဲ့ စိုက်ပျိုးရေးသုံး ဒရုန်းများနဲ့ လယ်ယာမွေးမြူရေးလုပ်ငန်းဖြေရှင်းရေးနည်းလမ်းတွေဟာ ၄၂ နိုင်ငံအထိရောက်ရှိခဲ့ပြီးဖြစ်ပါတယ်။ ယခု တရုတ်အခြေစိုက် XAG ဟာ V40 နဲ့ P40 စိုက်ပျိုးရေးဒရုန်းတွေကို ကမ္ဘာတစ်ဝှမ်းမှာရောင်းချလိုက်ပါတယ်”

မူရင်းလင်ခ့် – Dronedj  |  Archive link 

XAG ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာလည်း ဒီဓာတ်ပုံကိုတွေ့နိုင်ပါတယ်။

တမူးမြို့သို့ လေ့လာရေးရောက်ရှိလာတဲ့ NUG နည်းပညာသုံးကိုယ်ပျောက်ဒရုန်းတစ်စင်းဆိုပြီးမျှဝေထားတဲ့ ဓာတ်ပုံနဲ့ XAG ရဲ့ စိုက်ပျိုးရေးလုပ်ငန်းသုံးဒရုန်းအဖြစ်ဖော်ပြထားတဲ့ ဓာတ်ပုံကို အောက်ပါအတိုင်း ယှဉ်ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ ဓာတ်ပုံဟာ တရုတ်ကုမ္ပဏီ XAG က ထုတ်လုပ်တဲ့ စိုက်ပျိုးရေးသုံး ဒရုန်းပုံ ဖြစ်တာတွေ့ရပါတယ်။

Avatar

Title: Fact Check: ဒီဓာတ်ပုံက NUG ရဲ့ ကိုယ်ပျောက်နည်းပညာသုံး ဒရုန်းလား-မဟုတ်ပါ

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *