Fact Check: ဂျော့ဖလွိုင့်ရဲ့သားကို အမေရိကန်သမ္မတက ဒူးထောက်တောင်းပန်နေပုံ လား-မဟုတ်ပါ

Misleading လူမှုရေး

လူမည်းကလေးတစ်ယောက်ရဲ့ ရှေ့မှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် ဒူးတောင်နေဟန်ပုံနှင့်တကွ သေဆုံး သွားတဲ့ ဂျော့ဖလွိုင့်(George Floyd)ရဲ့သားငယ်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်(Joe Biden)က ဒူးထောက် တောင်းပန်နေပုံလို့ ရေးသားထားတဲ့ ဖေ့စ်ဘွတ်ပို့စ်ကို လူထောင်ပေါင်းများစွာက  ပြန်လည်မျှဝေလျက်ရှိပါတယ်။

သို့သော်လည်း ဒီဓာတ်ပုံဟာ အမေရိကန်သမ္မတရွေးကောက်ပွဲ ကာလအတွင်းပုံဖြစ်ပြီး ဂျိုးဘိုင်ဒန်ရှေ့က ကလေးဟာလည်း ဂျော့ဖလွိုင့်ရဲ့ သားမဟုတ်ပါဘူး။

“သေဆုံးသွားတဲ့ ဂျော့ဖလွိုင့် ရဲ့သားငယ် ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဒူးထောက် တောင်းပန်တာပါ။ ပြောချင်တာက ဒီမိုကရေစီ စနစ်မှာပြည်သူကို ဘယ်လောက်ထိ လေးစားသလဲ ဆိုတာလေးပါ။  ဒီမိုကရေစီ စနစ် ရှင်သန်ထွန်းကား ပါစေကြောင်းပါ။ U.S president Joe Biden kneels down begging George Floyd’s son for forgiveness. ဒီနိုင်ငံ မှာလည်း ပြည်သူကို အဲ့လို နိုင်ငံရေးတန်ဖိုး ထွန်းကားစေရမယ် #Credit”လို့ “ဘက်စုံ မြန်မာ”အမည်နဲ့ ဖေစ့်ဘွတ်စာမျက်နှာက မျှဝေထားပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာတွေ့ရပါတယ်။ ဗွီဒီယိုပုံစံနဲ့မျှဝေထားတဲ့ ပို့စ်တွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာ တွေ့ရပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ တွစ်တာမှာရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာတွေ့ရပါ တယ်။

မူရင်းလင်ခ့် – Fb linkArchive link 

အချက်အလက်စိစစ်ချက်

Google မှာ ဓာတ်ပုံပြန်ရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီဓာတ်ပုံဟာ ၂၀၂၀ ခုနှစ် စက်တင်ဘာလထဲမှာကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့တာကို အောက်ပါအတိုင်းတွေ့ရပါတယ်။

၂၀၂၀ ခုနှစ် စက်တင်ဘာ ၉ ရက်က Pittsburgh Post-Gazette ဝက်ဘ်ဆိုက်မှာ အမေရိကန်သမ္မတ ရွေးကောက် ပွဲအတွက် ထရမ့်နဲ့ဘိုင်ဒန်ဟာ ကိုဗစ်နိုင်တင်းကပ်ရောဂါနဲ့ပတ်သက်ပြီးတော့ မတူညီတဲ့ ရွေးကောက်ပွဲမဲဆွယ်မှု ပုံစံကို ရေးသားခဲ့သတင်းမှာ ဒီဓာတ်ပုံကို တွေ့ရပါတယ်။ ဓာတ်ပုံကို ထပ်မံဖွင့်ကြည့်ရာမှာ ဒီဓာတ်ပုံရဲ့ စာအညွှန်း အဖြစ် “ဒီထရွိုက်မြို့ရဲ့ ဖက်ရှင်ဆိုင်တန်းရပ်ကွက်က Three Thirteen အဝတ်အထည်ဆိုင်မှာဈေးဝယ်စဉ် ဒီမိုကရက်တစ် သမ္မတလောင်း ဂျိုးဘိုင်ဒန်ဟာ စီဂျေဘရောင်းနဲ့ စကားပြောဖို့ အတွက် ဒူးထောက်စဉ်(Chip Somodevilla/Getty Images) ”လို့ ရေးသားထားပါတယ်။

မူရင်းလင်ခ့် – Pittburgh Post GazetteArchive link

ဓာတ်ပုံစာညွှန်းထဲက အဓိကကျတဲ့ စကားလုံးအချို့နဲ့ ထပ်မံပြီး ဓာတ်ပုံဝက်ဘ်ဆိုဒ်ဖြစ်တဲ့  Getty Images မှာ ထပ်မံရှာဖွေကြည့်ရာမှာ တူညီစွာရေးသားထားတဲ့ ဓာတ်ပုံကို တွေ့ရပါတယ်။

ထို့အပြင် AFP ကအချက်အလက်စိစစ်ချက်မှာလည်း ဒီဓာတ်ပုံမှာပါတဲ့ ကလေးဟာ Three Thirteen အဝတ်အထည်ဆိုင်ရှင်ရဲ့သားဖြစ်တယ်လို့လည်းရေးသားထားပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဟာ သမ္မတရွေးကောက်ပွဲကာလအတွင်းက Three Thirteen အဝတ်အထည်ဆိုင်ရှင်ရဲ့ သားကိုစကားပြောဖို့ ဒူးထောက်လိုက်တဲ့ ပုံဖြစ်ပါတယ်။

Avatar

Title:ဂျော့ဖလွိုင့်ရဲ့သားကို အမေရိကန်သမ္မတက ဒူးထောက်တောင်းပန်နေပုံ လား-မဟုတ်ပါ

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *