အီရန်လေကြောင်းရန် ကာကွယ်ရေးစနစ်နဲ့ အစ္စရေးရဲ့ တိုက်လေယာဉ်အကြား အပြန်အလှန်တိုက်ခိုက်မှုလို့ ဆိုထားတဲ့ ဗွီဒီယိုပို့စ်တခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှာစေနိုင်တဲ့ ပြောဆိုမှုဖြစ်တာတွေ့ရတယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။
“အီရန်ပိုင်နက်ပေါ်မှာ အီးစ္စရေး တိုက်လေယာဉ်”
အချက်အလက်စိစစ်ချက်
တကယ်တော့ ဒီဗွီဒီယိုဟာ ဂိမ်းဆော့ဖ်ဝဲလ်တခုကို အသုံးပြုပြီး ဖန်တီးထားတာတွေ့ရပါတယ်။ ဒီလို ကောင်းကင်ထက်က တိုက်လေယာဉ်နဲ့ မြေပြင်လေကြောင်းရန် ကာကွယ်ရေးစနစ်အကြား အပြန်အလှန်တိုက်ခိုက်မှု ဗွီဒီယိုဟာ အိန္ဒိယ-ပါကစ္စတန်တင်းမာမှုမြင့်တက်ချိန်ကလည်း အိန္ဒိယလေယာဉ်ကို ပါကစ္စတန်က ပစ်ချမှုအဖြစ် ပျံ့နှံ့ခဲ့ဘူးပြီး ဖေ့စ်ဘွတ်ပေါ်က နားလည်မှုလွဲစေနိုင်တဲ့ မှားယွင်းပြောဆိုမှုတွေကို အချက်အလက် စိစစ်တဲ့အဖွဲ့တဖွဲ့ဖြစ်တဲ့ AFP က အချက်အလက်စိစစ်ဖော်ပြခဲ့ဘူးပါတယ်။
အခုလည်း ဒီဗွီဒီယိုဟာ လက်ရှိ အစ္စရေး-အီရန်စစ်ပွဲမတိုင်ခင် ဇွန် ၉ ရက်ကတည်းက ဖေ့စ်ဘွတ်အသုံးပြုသူ တဦးက မျှဝေထားတာကို တွေ့ရပါတယ်။ အစ္စရေးဟာ အီရန်ကို နျူးကလီးယားလက်နက်လုပ်ဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဇွန် ၁၃ ရက်မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
သုံးသပ်ချက်
အီရန်လေကြောင်းရန် ကာကွယ်ရေးစနစ်နဲ့ အစ္စရေးရဲ့ တိုက်လေယာဉ်အကြား အပြန်အလှန်တိုက်ခိုက်မှုလို့ ဆိုထားတဲ့ ဗွီဒီယိုဟာ ဂိမ်းဆော့ဖ်ဝဲလ်တခုကို အသုံးပြုပြီး ဖန်တီးထားခြင်းသာဖြစ်ပြီး အစ္စရေးက အီရန်ကို စတင်မတိုက်ခိုက်ခင်ကတည်းက အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တယ်။
ပြောဆိုချက်- အီရန်လေကြောင်းရန် ကာကွယ်ရေးစနစ်နဲ့ အစ္စရေးရဲ့ တိုက်လေယာဉ်အကြား အပြန်အလှန်တိုက်ခိုက်မှု ဗွီဒီယို

Title:Fact Check: အီရန်လေပိုင်နက်က အစ္စရေးတိုက်လေယာဉ်လား- မဟုတ်ပါ
Fact Check By: နေရာမောင်Result: False