Fact Check: NUG သမ္မတ အရေးပေါ်ကြေညာ၊ပစ်မိန့်ပေးထားလို့အိမ်ပြင်မထွက်ဖို့ သတိပေးဆိုတဲ့ သတင်းခေါင်းစဉ်တု

Partly False နိုင်ငံရေး | Politics

နိုဝင်ဘာ ၂၅ ရက်မှာ NUG သမ္မတက အရေးပေါ်ကြေညာပြီး ပစ်မိန့်ပေးပြီမို့ လုံးဝ အိမ်ပြင်မထွက်ကြပါနဲ့ဆိုပြီး ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ ဧရာဝတီသတင်းဌာန ကဖော်ပြခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်ကို ဗွီဒီယိုပုံစံပြုလုပ်ပြီး သတင်းခေါင်းစဉ်တုနဲ့ဖြန့်ချိနေခြင်းဖြစ်ပါတယ်။

“အရေးပေါ်အမိန့်ပေးပြီ”လို့ ရေးသားပြီး “Meakha” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေ ထားတာတွေ့ရပါတယ်။ “၂၅ ရက် NUသမ္မတ အရေးပေါ် ကြေညာပြီး ပစ်မိန့်ပေးပြီမို့ လုံးဝ အိမ်ပြင် မထွက် ကြပါနဲ့”လို့လည်း ဗွီဒီယိုအဖွင့်မှာပြသတဲ့ဓာတ်ပုံစာသားထဲမှာရေးသားထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

ဗွီဒီယိုရဲ့အဖွင့်မှာ NUG သမ္မတက အရေးပေါ်ကြေညာချက်ထုတ်ပြန်၊ ပစ်မိန့်ပေးထားလို့ အပြင်မထွက်ဖို့ စသည်ဖြင့်ရေးသားထားပေမဲ့ ဗွီဒီယိုပါအကြောင်းအရာ ဒီသတင်းခေါင်းစဉ်နဲ့ တစ်စုံတစ်ရာ သက်ဆိုင်ခြင်းမရှိပါ ဘူး။ အမှန်တကယ်မှာလည်း NUG သမ္မတ ဒူဝါလရှီးလက နိုဝင်ဘာ ၂၅ ရက်မှာ အရေးပေါ်ကြေညာတာ၊ မိန့်ခွန်းပြောကြားတာမျိုးလည်းမတွေ့ရပါဘူး။ NUG သမ္မတ ဒူဝါလရှီးလ၊ NUG အစိုးရရဲ့ သတင်းထုတ်ပြန်ချက် တွေကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာကြည့်ပါ။

ထို့အပြင် ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာဟာ နိုဝင်ဘာ ၁၅ ရက်က ဧရာဝတီသတင်းဌာနမှာဖော်ပြခဲ့တဲ့ “စစ်ထောက်လှမ်းရေးခေတ် ပြန်ရောက်လာပြီ”ဆိုတဲ့အတွေးအမြင်ဆောင်းပါးကို ဖတ်ကြားနေခြင်းဖြစ်ပါတယ်။ 

မူရင်းလင်ခ့် – IrrawaddyArchive link  

သုံးသပ်ချက်

ယေဘုယျအားဖြင့် စစ်အာဏာသိမ်းအပြီးကတည်းက မြန်မာနိုင်ငံအနှံ့အပြားမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ပုံမှန်လိုလိုဖြစ်ပွားနေတာပဲဖြစ်ပါတယ်။ အထူးသဖြင့် ၂၀၂၁ ခုနှစ် စက်တင်ဘာမှာ NUG က တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ခုခံစစ်ကိုကြေညာခဲ့အပြီးမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား နှစ်ဖက်တိုက်ပွဲတွေ ပိုမိုများပြားလာပါတယ်။ သို့သော်လည်း နိုဝင်ဘာ ၂၅ ရက်မှာ NUG သမ္မတက အရေးပေါ် ကြေညာပြီး ပစ်မိန့်ပေးတယ်ဆိုတာမဟုတ်ပါဘူး။ ဗွီဒီယိုပါအကြောင်းအရာဟာ နိုဝင်ဘာ ၁၅ ရက်က ဧရာဝတီသတင်းဌာန ပါဆောင်းပါးကို သတင်းခေါင်းစဉ်တုအသုံးပြုပြီး ပြန်လည်ဖြန့်ချိနေခြင်းဖြစ်ပါတယ်။

Avatar

Title:Fact Check: NUG သမ္မတ အရေးပေါ်ကြေညာ၊ပစ်မိန့်ပေးထားလို့အိမ်ပြင်မထွက်ဖို့ သတိပေးဆိုတဲ့ သတင်းခေါင်းစဉ်တု

Fact Check By: နေရာမောင် 

Result: Partly False


Leave a Reply

Your email address will not be published. Required fields are marked *