Fact Check: မိုင်းဖုန်းဆရာတော်နဲ့ပတ်သက်တဲ့သတင်းတုများဖြန့်ဝေ

Missing Context လူမှုရေး

မိုင်းဖုန်းဆရာတော်က ဒေါ်အောင်ဆန်းစုကြည် သေမယ့်နေ့ကို ပြောပြီ၊ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်သေမယ့် နေ့ကိုပြောပြီ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးကိုကယ်မယ်စတဲ့ပို့စ်တွေ ဖေ့စ်ဘွတ်နဲ့ ယူကျူ့ချန်နယ် တွေမှာဖြန့်ဝေလျက်ရှိတာတွေ့ရပါတယ်။ သတင်းတုတွေသာဖြစ်ပါတယ်။ ဗွီဒီယိုပါအကြောင်းအရာဟာလည်း သတင်းခေါင်းစဉ်နဲ့သက်ဆိုင်ခြင်းမရှိပါဘူး။

 “မိုင်းဖုန်း ဆရာတော်ကြီး အမေစုနဲ့သမ္မတကြီးကို ကယ်တင်တော့မယ်။ #မိုင်းဖုန်းဆရာတော်”လို့  စာသားနဲ့ ရေးသားထားပြီး ဗွီဒီယိုရုပ်ကတ်ဓာတ်ပုံထဲမှာလည်း “အထူးသတင်းကောင်းဗျို့ အမေစုနဲ့သမ္မတကြီး ကိုကယ်တင်ဖို့ မိုင်းဖုန်းဆရာတော်ကြီးကြွချီလာပြီး သူတော်ကောင်းကိုစော်ကားတဲ့ အာဏာရူး ကြိုးစက်မှာ ပေးဆပ်ရ လိမ့်မယ်လို့ မိန့်ကြားလိုက်ပြီ”စသည်ဖြင့်ရေးသားပြီး “Akon Thi Entertainment”အမည်နဲ့ ယူကျူ့ချန်နယ်မှာ ဩဂုတ် ၁ ရက်ကမျှဝေထားရာမှာ ဝင်ရောက်ကြည့်ရှု့သူ ၃၀၀၀၀ ကျော်ရှိပါတယ်။

မူရင်းလင်ခ့် – Youtube linkArchive link  

“Third News”၊ “သတင်းစုံ Video”၊ “ផ្កាយ”စတဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေမှာလည်း ဒီဗွီဒီယိုကို ပြန်လည်ဖြန့် ဝေထားတာတွေ့ရပြီး ဗွီဒီယိုကို ဝင်ရောက်ကြည့်ရှု့တဲ့သူ အရေအတွက်သန်းဂဏန်း ရှိပါတယ်။   ဒီနေရာဒီနေရာနဲ့ဒီနေရာမှာကြည့်ပါတယ်။

ထို့အတူ “မိုင်းဖုန်းဆရာတော်ဟောကိန်း( မအလ သေမယ့်ရက်အတိကျသိပြီ)”လို့ ခမာလိုရေးသာထားတဲ့ “ផ្កាយ”ဖေ့စ်ဘွတ်စာမျက်နှာကရေးသားဖြန့်ဝေခဲ့သလို “Myanmar of New”အမည်နဲ့စာမျက်နှာက “အမေစုသေမဲ့ရက်ကိုတိကျဟောလိုက်တဲ့မိုင်းဖုန်းဆရာတော်”လို့ရေးသားပြီး ဖြန့်ဝေခဲ့ပါတယ်။ ဒီနေရာနဲ့ ဒီနေရာမှာကြည့်ပါ။ ယူကျူ့ရဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

ဩဂုတ် ၁ရက်မှာ မိုင်းဖုန်းဆရာတော် လှိုဏ်ဂူထဲမှာ နှစ်အနည်းငယ်တရားကျင့်ခဲ့ပြီးနောက် အပြင်ထွက် လာတယ်ဆိုတဲ့ သတင်းကလူမှုကွန်ယက်မှာရေပန်းစားပါတယ်။ ဒီလိုအခြေအနေမှာ လူတွေစိတ်ဝင်စားမှုမြင့် တက်နေတဲ့ အကြောင်းအရာကိုလိုက်ပြီး ခေါင်းစဉ်တုခေါင်းစဉ်မှားတွေပေးပြီး ယူကျူ့မှာ ဝင်ငွေရှာနေတဲ့ ဘလော့ဂ်တွေမှာပဲ ဒီအကြောင်းအရာကို တုပြီး ဖြန့်ဝေလာတာဖြစ်ပါတယ်။အခြားသော သတင်းလုပ်ငန်း အဓိကလုပ်ကိုင်တဲ့ မီဒီယာတွေမှာ မိုင်းဖုန်းဆရာတော်က ဒေါ်အောင်ဆန်းစုကြည်အကြောင်း၊ ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်အကြောင်းပြောကြားချက်ဆိုတဲ့ အကြောင်းအရာမတွေ့ရပါဘူး။ 

ဗွီဒီယိုကိုဝင်ကြည့်မယ်ဆိုရင်တော့ ဩဂုတ် ၁ ရက်က သတင်းဌာနတွေက ဖော်ပြခဲ့တဲ့ သတင်းတွေကို ဗွီဒီယိုဖိုင်ပုံစံနဲ့ ပြန်လည် ဖော်ပြနေတာတွေ့ရပါတယ်။ အသံဖိုင်ထဲမှာ “၃ နှစ်ကျော် ဂူအောင်းတရား အားထုတ်ခဲ့သည့် မိုင်းဖုန်းဆရာတော်” ၊ “လက်ပန်ကျင်းရွာကို စစ်တပ်က ရဟတ်ယာဉ်ဖြင့်ပစ်ခတ်၊ ဆရာ ဆရာမနှင့်ကလေးများ ဖမ်းဆီးခံရ”၊ “အာဏာသိမ်းစစ်ကောင်စီကို ပြင်းထန်တဲ့ အရေးယူမှုတွေလုပ်ဆောင်ဖို့ အာဆီယံအစည်းအဝေးမှာ မလေးရှားနိုင်ငံက ဦးဆောင်ပြီး တွန်းအားပေးမယ်”၊ “မန္တလေး မြောက်ပြင်က နေအိမ်တစ်အိမ် ကို စစ်ကောင်စီတပ်ဝင်စီးပြီး လူငယ်အချို့ကိုဖမ်းဆီး”စတဲ့သတင်းတွေပါဝင်ပါတည်။    

သုံးသပ်ချက်

ဒေါ်အောင်ဆန်းစုကြည် သေမယ့်နေကို ပြောပြီ၊ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်သေမယ့် နေကိုပြောပြီ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကိုကယ်မယ်စတဲ့ခေါင်းစဉ်တွေဟာ လူတွေစိတ်ဝင်စားအောင် သတင်းခေါင်းစဉ်တုတွေဖန်တီးထားခြင်းဖြစ်ပါတယ်။ မိုင်းဖုန်းဆရာတော်က ဒီအကြောင်းအရာတွေကို ပြောကြားခဲ့တယ်ဆိုတဲ့အထောက်အထားမရှိပါဘူး။

Avatar

Title:Fact Check: မိုင်းဖုန်းဆရာတော်နဲ့ပတ်သက်တဲ့သတင်းတုများဖြန့်ဝေ

Fact Check By: Nayar Maung 

Result: Missing Context


Leave a Reply

Your email address will not be published. Required fields are marked *