Fact Check: NUG ကို အာဆီယံက အစိုးရအဖြစ်သတ်မှတ်တဲ့ သတင်းမှား 

နိုင်ငံရေး | Politics

NUG ကို အာဆီယံက အစိုးရအဖြစ် သတ်မှတ်လိုက်တယ်ဆိုတဲ့ ဗွီဒီယိုတစ်ခု ပျံ့နှံ့မှုအားကောင်းနေပါတယ်။ သတင်းမှားသာဖြစ်ပါတယ်။ အာဆီယံအစည်းအဝေးမှာ မြန်မာထိုင်ခုံနေရာ လစ်လပ်နေခဲ့သလို NUG ကို အစိုးရအဖြစ်အသိအမှတ်ပြုလိုက်တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။

“အာဆီယံဆွေးနွေးပွဲ NUG ကိုယ်စားလှယ်တက်ရောက်#အဖွဲ့ဝင် ၁၀နိုင်ငံ ဝမ်းပန်းသာ ကြိုဆို”လို့ ဗွီဒီယိုခေါင်းစီး စာသားမှာရေးသားထားသလို ဗွီဒီယိုထဲမှာလည်း အလားတူ ရေးသားထားပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link

အလားတူ တူညီတဲ့ရေးသားမျှဝေမှုကို ယူကျူ့ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

ယခုနှစ် အာဆီယံအစည်းအဝေးနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်တွေကို ဒီမှာတွေ့နိုင်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ မေ ၉ ရက်က ၁၁ ရက်အထိ ကျင်းပခဲ့ပြီး အာဆီယံ အစည်းအဝေးတွေမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီး ဆုံးဖြတ်ချက်အတိုင်း  မြန်မာနိုင်ငံကိုယ်စားပြုနေရာနဲ့ ပတ်သက်ပြီး ချန်လှပ်ခဲ့တာ တွေ့ပါတယ်။ 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းအပြီး အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ မြန်မာနိုင်ငံက နိုင်ငံရေးကိုယ်စားပြု သူတက်ရောက်ခွင့်မပြုဖို့ အာဆီယံက ဆုံးဖြတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် သက်ဆိုင်သူ အားလုံးနဲ့ ဆွေးနွေးနေတယ်လို့ လက်ရှိအာဆီယံ ဥက္ကဌ တာဝန်ယူထားတဲ့ အင်ဒိုနီးရှားကပြောကြားထားပြီး ဒီလိုဆွေးနွေးတာဟာ အသိအမှတ်ပြုခြင်းမျိုး မဟုတ်ကြောင်းလည်းပြောပါတယ်။

မြန်မာစစ်တပ်အနေနဲ့ ၃ ရက်အတွင်းအာဏာပြန်လွှဲပေးဖိအာဆီယံအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တယ်ဆိုပြီးတော့ လည်း သတင်းတု ဖြန့်ချိခဲ့တာရှိပါသေးတယ်။ Fact Crescendo Myanmar က အချက်အလက်စိစစ်ထားတာ ဒီလင့်ခ်မှာကြည့်ပါ။

သုံးသပ်ချက်

NUG ကို အစိုးရအဖြစ် အာဆီယံက အသိအမှတ်ပြုတယ်ဆိုတာ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ မေ ၉ ရက်ကနေ ၁၁ ရက်အထိကျင်းပခဲ့တဲ့ အာဆီယံအစည်းအဝေးမှာ မြန်မာနိုင်ငံထိုင်ခုံနေရာ လစ်လပ်နေခဲ့သလို မြန်မာနိုင်ငံကို ကိုယ်စားပြုမှုအတွက် NUG သို့မဟုတ် စစ်ကောင်စီကို အသိအမှတ်ပြုတာမရှိပါဘူး။ပြောဆိုချက်- NUG ကို အစိုးရအဖြစ် အာဆီယံအတည်ပြု

Avatar

Title:Fact Check: NUG ကို အာဆီယံက အစိုးရအဖြစ်သတ်မှတ်တဲ့ သတင်းမှား 

Fact Check By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *