
NUG အစိုးရစေခိုင်းမှုနဲ့ ဘင်္ဂလားဒေ့ရှ်မှာ ရခိုင့်တပ်တော်(AA)နဲ့ ရိုဟင်ဂျာညီညွတ်ရေးအဖွဲ့(RSO)တို့ မြန်မာစစ်တပ်ကို ပူးပေါင်းတိုက်ခိုက်ဖို့ သဘောတူညီချက်ဆိုပြီးတော့ အောက်တိုဘာ ၁၁ ရက်က ဖေ့စ်ဘွတ် အသုံးပြုသူ တွေအကြားဖြန့်ဝေခဲ့တာတွေ့ရပါတယ်။
ဖြန့်ဝေမှုတွေမှ RSO က ထုတ်ပြန်ချက် ပုံစံနဲ့ရေးသားထားတဲ့စာသားဓာတ်ပုံ ၂ ပုံပါဝင်ပြီး AA က ဗိုလ်မှူးကြီးခိုင် ထွန်းလင်းပါ ၁၀ ဦးနဲ့ RSO က စစ်ရေးတာဝန်ခံ အာယုပ်ပါ ၁၀ ဦးတို့ရဲ့ ဆွေးနွေးမှု အဖြစ်ဖော်ပြထားပါတယ်။
မောင်တောနဲ့ ဘူးသီးတောင်ကို AA ကတိုက်နေတာဟာ ရိုဟင်ဂျာအားလုံးပြန်လည်နေထိုင်နိုင်ရေးဖြစ်ကြောင်း၊ ဒီအစီအစဉ်ကို ရခိုင်တွေသိသွားမှာစိုးရိမ်ကြောင်းနဲ့ ဒီလိုဆောင်ရွက်ချက်ကို ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ နိုင်ငံတကာ ရောက် ရိုဟင်ဂျာခေါင်းဆောင်တွေ သိအောင်ပြောပေးဖို့လိုကြောင်း AA က ဗိုလ်မှူးကြီးခိုင်ထွန်းလင်း ဘက်က ဆွေးနွေးခဲ့ပြီး RSO က စစ်ရေးတာဝန်ခံ အာယုပ်ပါu ဒီလိုအတူပူးပေါင်းတိုက်ခိုက်ဖို့ ဆွေးနွေးလာတာကို ကြိုဆိုကြောင်းနဲ့ NUG ကမြန်မာစစ်တပ်ကို တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့အတူတိုက်ခိုက်ဖို့အတွက် ညှိနှိုင်းထားပြီးဖြစ်လို့ အခုလိုအင်အားကြီးတဲ့ AA နဲ့ ပူးပေါင်းတိုက်ခိုက်ဖို့လာရောက်ညှိနှိုင်းတဲ့အတွက် ကြိုဆိုကြောင်းပြန်ပြောတယ်လို့ ရေးသားထားပါတယ်။
ဒီစာသားဓာတ်ပုံနှင့်အတူ “ဖမ်းဆီးရမိသည့် ခိုးဝင်ဘင်္ဂါလီထံမှ ရရှိသည့်စာ”လို့လည်း ခေါင်းစဉ်တပ်ထားပြီး NLD ဟာ မဲခိုးပြီးအစိုးရ အသည်းအသန်လုပ်ချင်တဲ့အကြောင်းအရင်းတွေထဲမှာ ဘင်္ဂလီတွေကို အားလုံးပြန်ခေါ်နိုင် ရေးဖြစ်ပြီး စစ်တပ်ကအာဏာသိမ်းလိုက်လို့ အစီအစဉ်ပျက်သွားပေမဲ့ NUG ကမရရတဲ့နည်းနဲ့ နဂိုကတည်းက ချမှတ် ထားတဲ့ အစီအစဉ်ကို ဆက်လက်ဆောင်ရွက်နေတယ်လို့လည်း NUG က မရရတဲ့နည်းနဲ့ ဆက်လုပ်နေတာ ဖြစ်တယ်စသည်ဖြင့် ရေးသားပြီး “သျှမ်းးး” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေ ထားပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
ဒီစာတွေကို စစ်တပ်ဝါဒဖြန့်ချိရေးအကောင့်တွေက ဒီစာကို အဓိကဖြန့်ဝေလာတာတွေ့ရပါတယ်။ သတင်းမီဒီယာ လုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ သတင်းဌာနတွေမှာ ဒီလိုမျိုးသတင်းဖော်ပြချက်မတွေ့ရပါဘူး။
ရိုဟင်ဂျာညီညွှတ်ရေးအဖွဲ့(Rohingya Solidarity Organisation- RSO)က အဖွဲ့အစည်းကို အပုတ်ချဖို့ သတင်းမှားဖြန့်ချိရေးဆောင်ရွက်ချက်ဖြစ်ကြောင်းနဲ့ မယုံကြဖို့ ၎င်းတို့ ဖေ့စ်ဘွတ်စာမျက်နှာမှာ အောက်တိုဘာ ၁၁ ရက်ကတည်းက ထုတ်ပြန်ချက် အတုဖြစ်ကြောင်း ပြန်လည်ရှင်းလင်းထားတာတွေ့ရပါတယ်။
မူရင်းလင်ခ့် – Rohingya Solidarity Organisation | Archive link
စစ်တပ်နဲ့ထိတွေတိုက်ပွဲတွေဖြစ်ပွားနေတဲ့ AA၊NUG တို့နဲပပတ်သက်တဲ့ သတင်းတုသတင်းမှား တွေမကြာခဏ ဖြန့်ချိလေ့ရှိ တာတွေ့ရပါတယ်။ Fact Crescendo Myanmar အချက်အလက်စိစစ်ထားတာတွေ့ကို ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်းတွေ့နိုင်ပါတယ်။
သုံးသပ်ချက်
RSO က ထုတ်ပြန်ချက် ပုံစံနဲ့ရေးသားထားတဲ့ ဒီထုတ်ပြန်ချက်ကို RSO က ထုတ်ပြန်ချက်အတုဖြစ်တယ်လို့ ငြင်းပယ်ထားပါတယ်။ အခြားသောလွတ်လပ်တဲ့ သတင်းဌာနတွေမှာလည်း အခုလို သတင်းမျိုးမတွေ့ရပါဘူး။ စစ်တပ်နဲ့ အဓိက ထိတွေ့တိုက်ပွဲတွေဖြစ်နေတဲ့ NUG၊ AA တို့ရဲ့ဆောင်ရွက်ချက်ဟာ ရိုဟင်ဂျာတွေအတွက်ဖြစ် တယ်ဆိုတဲ့ပုံစံမျိုး လူထုအကြားမှာ စစ်တပ်ဝါဒဖြန့်ချိရေးအကောင့်တွေက ဝါဒဖြန့်ချိနေခြင်းဖြစ်ပါတယ်။

Title:Fact Check: မြန်မာစစ်တပ်ကို ပူးပေါင်းတိုက်ခိုက်ဖို့ AAနဲ့ RSO တို့ဆွေးနွေးပွဲမှတ်တမ်း ဆိုတဲ့ သတင်းတု
Fact Check By: Nayar MaungResult: False