
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ကာဘိုကျေးရွာမဲဆွယ်ပွဲမှာ ကြံ့ခိုင်ရေးပါတီနဲ့ NLDပါတီဝန်းရံသူအချင်းချင်း ခိုက်ရန်ဖြစ်ပွားရာမှ သေဆုံးခဲ့ရသူမှာ ကလေးဖြစ်တယ်ဆိုတဲ့ ပို့စ်တစ်ခုက လူမှုကွန်ယက်မှာ ပျံ့နှံ့နေတာကိုတွေ့ရပါတယ်။
BURMESEDAILYONLINE.ORGဆိုတဲ့ ဝဘ်ဆိုဒ်မှာ “ကာဘိုးကျေးရွာတွင် USDPဝန်းရံသူများ ရိုက်နှက်တာခံရတဲ့ ကလေးငယ်လေးသေဆုံးသွားပါပြီ”ဆိုတဲ့ ခေါင်းစဉ်နဲ့ရေးသားထားတဲ့သတင်းကို ဖေ့စ်ဘွတ်အကောက်တွေကနေ “အမျိုး၊ဘာသာ၊သာသနာ အော်ပြီး အပြစ်မဲ့ကလေးကို ရိုက်နှက်ခဲ့တာ။ အခုတော့ သေသွားရှာပြီ။ ခံပြင်းလိုက်တာကွာ။ ကာဘိုးကျေးရွာတွင် USDP ပါတီဝန်းရံသူများ ရိုက်နှက်တာ ခံရတဲ့ ကလေးငယ်လေး သေဆုံးသွားပါပြီ”အညွှန်းတက်ပြီး ဖေ့စ်ဘွတ်ခ်ဂရုတွေဆီ ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ဒီပို့စ်ကို ဒီနေရာ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။

မူရင်းလင့်ခ် – FB Link | Archive Link
အချက်အလက်စိစစ်ချက်
ဒီပို့စ်မှာပါဝင်တဲ့ သေဆုံးသူက ကလေးဖြစ်တယ်ဆိုတဲ့ အချက်နဲ့ပတ်သက်ပြီး ပြည်တွင်မီဒီယာတွေက ဖော်ပြထားတဲ့ သတင်းတွေကိုကြည်မယ်ဆိုရင် သေဆုံးသူမှာ ကလေးမဟုတ်ပဲ အသက် ၃၈နှစ်အရွယ် ကိုမျိုးဝင်းစိုးဖြစ်တာကိုတွေ့ရပါတယ်။မန္တလေးအခြေစိုက်သတင်းဌာနတစ်ခုဖြစ်တဲ့ Madalay Indepth Newsရဲ့ သတင်းဖော်ပြချက်ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
ဒါ့အပြင် NLDရဲစစ်ကိုင်းတိုင်းပါတီအတွင်းရေးမှုး ဦးမြင့်ကြည်ကို Fact Crescendo Myanmarက ဖုန်းနဲ့ဆက်သွယ်ရာမှာတော့ “ဒါကမဟုတ်ပါဘူး၊ သေဆုံးသူက ကလေးမဟုတ်ပါဘူး၊ ကိုမျိုးဝင်းစိုးက အသက် ၃၈ဖြစ်ပါတယ်။”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်လက်တွေအရ ကာဘိုးကျေးရွာဖြစ်စဉ်မှာ သေးဆုံးခဲ့ရသူမှာ ကလေးဖြစ်တယ်ဆိုတဲ့ ဖော်ပြချက်မှာမှားယွင်းတဲ့ ဖော်ပြချက်ဖြစ်တာကိုတွေ့ရပါတယ်။

Title:မဲဆွယ်ပွဲမှာ သေဆုံးခဲ့ရသူ ကာဘိုးကျေးရွာသားမှာ ကလေးဖြစ်တယ်ဆိုတဲ့ အချက်လက်အမှား
Fact Check By: Lynn YuResult: False