
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်သူတွေကို တောင်းပန်တယ်ဆိုပြီးတော့ ၄◌င်းရဲ့ ဓာတ်ပုံနဲ့ တကွ လူမှုကွန်ယက်မှာမျှဝေနေတာ တွေ့ရပါတယ်။
ဖေဖော်ဝါရီ ၂ ရက် ညနေ ၃ နာရီက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်သူတွေကို စစ်အစိုးရကို ထောက်ခံတဲ့မဲတွေကို NLD က ခိုးယူသွားခဲ့တာကြောင့် ပြည်သူတွေ စိတ်သောကရောက်နေရတာနဲ့ အခုလိုတောင်းပန်ခဲ့တာဆိုပြီးတော့ ဓာတ်ပုံနှင့်တကွ ရေးသားထားတာတွေ့ရပါတယ်။ တကယ်တော့ ဒီဓာတ်ပုံဟာ အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီး ပုံကို ပြန်လည်ယူသုံးထားတာဖြစ်ပြီး အခုလို တောင်းပန်တယ် ဆိုတာဟာလည်း သတင်းတုဖြန့်ချိနေခြင်းဖြစ် တာတွေ့ရပါတယ်။
“ပြည်သူတွေ ထောင့်ခံတဲ့ စစ်အစိုးရ မဲတွေကို NLD အစိုးရအဖွဲ့မှ
မဲခိုးမှုကြောင့်ဟု ထင်ပါတယ် ပြည်သူတွေ စိတ်သောက ရောက်ကြရတာနဲ့ပတ်သက်ပြီး
ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က တောင်းပန်စကားဆိုပါတယ်
ထို့နောက် ပြည်သူဆန္ဒအရ အာဏာသိမ်းလိုက်ရတာဟာလဲ
ပြည်သူတွေကို ကြီးပွားချမ်းသာအောင် လုက်ပေးခြင်တာကတစ်ကြောင်း
ပြည်သူတွေအတွက် ပြည်ပမှ လှူတန်းသော covide-19 ကာကွယ်ဆေးများကိုလဲ သက်သာသောစျေးနုန်းများဖြင့် အသီးသီး
ရောင်းချပေးသွားပါမည် အလကားထိုးပေးရင် လှူတဲ့ဆေးကနည်းနေတော့
တရောက်ကိုအလကားထိုးပေးပြီး တရောက်ကိုငွေတောင်းရင် အဆင်မပြေနိုင် ဖြစ်ပါသည်။ NLD အစိုးရလက်ထက် ၅နစ်တာ မပြီးစီးသော ယိုယွင်းပျက်စီး ခေတ်မမှီသည့် အဆောက်အဦးများကိုလဲ
တရုတ်နိုင်ငံမှကျွမ်းကျင်တဲ့ သူများနဲ့ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူတွေကို 2.2.2021မွန်းလွဲ ၃နာရီခန့်က ပြောကြားသွားပါတယ်။”လို့ ရေးသားပြီး “ပဲခူးတိုင်းသတင်း” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ဖေဖော်ဝါရီ ၂ ရက်က မျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၆၀၀၀ ဝန်းကျင် ရှိပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
“ပဲခူးတိုင်းသတင်း”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့အမှတ်တံဆိပ်သုံးပြီးတော့ ပဲခူးတိုင်း ဒေသကြီးရဲတပ်ဖွဲ့စာမျက်နှာသဖွယ် အတုအယောင်ဖန်တီးထားတာ သတိပြုမိပါတယ်။ ဓာတ်ပုံကို Google မှာပုံရှာနည်းအသုံးပြုပြီးရှာဖွေရာမှာ ၂၀၂၀ ခုနှစ်၊ဇန်နဝါရီ ၁ ရက်က နှစ်သစ်ကူး နှုတ်ဆက် စကားပြောကြားစဉ်က ဓာတ်ပုံဖြစ်တာ တွေ့ရပါတယ်။
“တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၂၀၂၀ ပြည့်နှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက် စကား”လို့ ရေးသားပြီးထားတဲ့ ဒီဓာတ်ပုံကို အသုံးပြုထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – MOI | Archive link
နောက်ထပ် အာဏာသိမ်းအပြီးကနေ ဖေဖော်ဝါရီ ၂ ရက်အထိ ထုတ်ပြန်ချက်တွေကို ရှာဖွေကြည့်ရာမှာလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တောင်းပန်တယ်ဆိုတဲ့ စကားလုံးတစ်လုံးတစ်လေမှမရှိတာတွေ့ရပါတယ်။ ဒီလင့်ခ်မှာလေ့လာနိုင်ပါတယ်။
သုံးသပ်ချက်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အာဏာသိမ်းအပြီးကတည်းက လူထုကို တိုက်ရိုက်စကားပြော တာမျိုး မရှိသေး သလို တပ်မတော်က ထုတ်ပြန်ချက်တွေမှာလည်း လူထုကို တောင်းပန်တယ်ဆိုတဲ့ စကားလုံးမျိုးနဲ့ ထုတ်ပြန်တာမျိုးမတွေ့ရပါဘူး။ ဓာတ်ပုံဟာ ၂၀၂၀ ပြည့်နှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောစဉ်က ပုံဖြစ်ပါတယ်။

Title:ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လူထုကို တောင်းပန်တယ်ဆိုတာ မဟုတ်ပါ
Fact Check By: Nayar MaungResult: False