Fact Check: ဘီဟာပြည်နယ်က ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင် သောက်သုံးခဲ့တဲ့ရေတွင်း ဓာတ်ပုံလား-မဟုတ်ပါ

False လူမှုရေး

အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင်သောက်သုံးခဲ့တဲ့ရေတွင်းလို့ဆိုထားတဲ့ ဓာတ်ပုံပို့စ်တခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ တကယ်တော့ ဒီဓာတ်ပုံ ဟာ အိန္ဒိယနိုင်ငံ လက်ဒူ(Latur)ဒေသမှာ ရေရှားမှုအကြောင်းဖော်ပြထားတဲ့ ဓာတ်ပုံတပုံကို လိုအပ်သလို ရေးသားမျှဝေထားခြင်း သာဖြစ်တယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ 

“အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်တွင်

ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင်သောက်သုံးခဲ့သည့်ရေတွင်းပါ။

နုစ်ပေါင်းနုစ်ထောင့်ငါးရာခြောက်ဆယ့်ခွန် (2567) ယနေ့တိုင်အောင် တည်ရှိပါသည်တဲ့။” (မူရင်းအရေးအသား)

တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

ဓာတ်ပုံကို အွန်လိုင်းမှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီဓာတ်ပုံကို သမိုင်းတန်ဖိုးနဲ့ ဘာသာရေးအကြောင်းထက် အိန္ဒိယနိုင်ငံမှာ ရေရှားပါးမှုဖြစ်စဉ်နဲ့ ပတ်သက်နေတာကိုတွေ့ရပါတယ်။ ၂၀၁၆ ခုနှစ်အတွင်းက ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကြောင့် အိန္ဒိယက ပြည်နယ်အချို့မှာ ရေရှားပါးပြတ်တောက်မှုဖြစ်ခဲ့စဉ်မှာ ဒီဓာတ်ပုံ စတင်ထွက်ပေါ်လာတာဖြစ်တယ်။

ဒီဓာတ်ပုံကိုအစောဆုံးမျှဝေမှုထဲကတခုအနေနဲ့ ၂၀၁၆ ခုနှစ် နိုဝင်ဘာလထဲမှာ ဓာတ်ပုံမျှဝေမှုပလက်ဖောင်းတခု မှာဖြစ်တဲ့ Imgur မှာတွေ့ရပါတယ်။ ဓာတ်ပုံနဲ့အတူ စာသားကတော့ အောက်ပါ အတိုင်းဖြစ်တယ်။ 

 “Save Water #SaveWater

Be thankful if you have clean water at your home.

#Water #India #LaturIndia #Latur #LaturMaharashtraIndia #Maharashtra #WaterWell”

မူရင်းလင်ခ့် – iGulfam | Archive link

လက်ဒူ(Latur)မြို့ဆိုတာကတော့ အိန္ဒိယနိုင်ငံ အနောက်ပိုင်းလို့ဆိုနိုင်တဲ့ မဟာရရှာတာ(Maharashtra)ပြည်နယ် မှာ ပါဝင်ပါတယ်။ ဒီဒေသမှာ ရေရှားပါးမှုခံစားနေရတဲ့အကြောင်း ၂၀၁၆ ခုနှစ်က ဧပြီလထဲမှာ ဘီဘီစီသတင်း ဖော်ပြချက်မှာလည်း ဒီဓာတ်ပုံကို သုံးစွဲထားတာအောက်ပါသတင်းဖော်ပြချက် ဗွီဒီယိုမှာကြည့်ပါ။

အိန္ဒိယနိုင်ငံ မဟာရရှတာပြည်နယ် လက်ဒူမြို့နဲ့ မြန်မာဘုရားဖူးတွေသွားရောက်မှုများပြားတဲ့ ဗုဒ္ဓဘုရား သီးတင်းသုံးခဲ့တဲ့ ဗုဒ္ဓဂါယာ (Bodh Gaya)ရှိတဲ့ ဘီဟာ (Bihar)ပြည်နယ်ဟာ  အနည်းဆုံး ကီလို ၁၅၀၀ ကျော်ကွာဝေးပါတယ်။

သုံးသပ်ချက်

ဓာတ်ပုံဟာ အိန္ဒိယနိုင်ငံ မဟာရရှာတာပြည်နယ် လက်ဒူဒေသမှာ ရေရှားပါးမှုဖြစ်‌ပေါ်နေလို့ ဒေသခံတွေ အခက်အခဲဖြစ်နေကြောင်း ၂၀၁၆ ခုနှစ်အတွင်းက သတင်းဝက်ဘ်ဆိုဒ်တွေနဲ့ လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့တဲ့ ဓာတ်ပုံတပုံသာဖြစ်တယ်။ ဒီဓာတ်ပုံကိုပဲ  မြန်မာဘာသာနဲ့ ပြောဆိုချက်မှာပါသလို အိန္ဒိယနိုင်ငံ ဘီဟာပြည် နယ်က ရှေးဟောင်း‌ရေတွင်းဆိုပြီးဖော်ပြချက်မတွေ့ရသလို ဗုဒ္ဓ သောက်သုံးခဲ့တယ်ဆိုတဲ့ အထောက်အထား မျိုးလည်း ဖော်ပြချက်မတွေ့ရပါဘူး။ 

ပြောဆိုချက်- ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင်သောက်သုံးခဲ့တဲ့ အိန္ဒိယ ဘီဟာပြည်နယ်က ရေတွင်း

Avatar

Title:Fact Check: ဘီဟာပြည်နယ်က ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင် သောက်သုံးခဲ့တဲ့ရေတွင်း ဓာတ်ပုံလား-မဟုတ်ပါ

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *