Fact Check: ၂၀၂၂ ခုနှစ် ဇူလိုင် ၁ ရက်စပြီး လျှပ်စစ်မီတာခတိုးကောက်မယ်ဆိုတဲ့ သတင်းမှား

False လူမှုရေး

ဇူလိုင် ၁ ရက်ကစပြီးတော့ လျှပ်စစ်မီတာခတွေ ၂ ဆခွဲတိုးကောက်တော့မယ်ဆိုတဲ့ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြု သူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းဟောင်းတစ်ခုသာဖြစ်ပါတယ်။

“မြန်မာတွင် ဇူလိုင် ၁ ရက်နေ့ကစပြီး မီတာခတိုးမြှင့်ကောက်ခံမည်

မြန်မာနိုင်ငံတွင် လာမည့် ဇူလိုင် ၁ ရက် (၂၀၂၂) မှစ၍ မီတာခကို ၂ ဆခွဲတိုးမြှင့်ကောက်ခံမည်ဟု သိရ သည်”လို့ ရေးသားပြီး “Mingalarpar”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားရာမှာ ၄ နာရီအတွင်း ပြန်လည်မျှဝေမှု ၂၄၀၀ ကျော်ရှိပါတယ်။ ဈေးတက်မယ့်သတင်းမှာ “Kyaw Htay Win” အမည်နဲ့ ဖေ့စ်ဘွတ်အကောင့်က ဖော်ပြထားဖြစ်တယ်လို့လည်း ဒီစာမျက်နှာကရေးသားထားပါတယ်။ 

မူရင်းလင်ခ့် – FB linkArchive link  

“Kyaw Htay Win”အမည်နဲ့ဖေ့စ်ဘွတ်အကောင့်မှာလည်းဒီအကြောင်းအရာကိုမျှဝေထားတာတွေ့ရပြီး ၁၄ နာရီအတွင်း ပြန်လည်မျှဝေမှုပေါင်း ၄၀၀၀ ဝန်းကျင်ရှိတာတွေ့ရပါတယ်။

 မူရင်းလင်ခ့် – FB linkArchive link  

အခြားသောပျံ့နှံ့မှုအားကောင်းခဲ့တဲ့ပို့စ်တွေကို ဒီနေရာဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက် 

“Kyaw Htay Win”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူမျှဝေထားတဲ့ အခုပျံ့နှံ့လျှက်ရှိတဲ့ပို့စ်ပါစာသားနဲ့ တထေရာတည်းတူညီတဲ့ပို့စ်ကို၂၀၁၉ ခုနှစ်ကတည်းက ဇွန် ၃၀ ရက်ကတည်းက တွေ့ရပါတယ်။ ၂၀၁၉ ခုနှစ် ဇူလိုင် ၁ ရက်ကစပြီး လျှပ်စစ်မီတာခတွေကိုတိုးမြှင့်ကောက်ခံမယ်သတင်းကို ဧရာဝတီသတင်း ဌာနက ရေးသားခဲ့တာကို ဒီလင့်ခ်မှာကြည့်ပါ။

လက်ရှိစစ်တပ်ထိန်းချုပ်ထားတဲ့ ပြန်ကြားရေးဝန်ကြီးဌာန၊ လျှပ်စစ်ဝန်ကြီးဌာနနဲ့ ရန်ကုန်လျှပ်စစ်ဓာတ် အားပေးကော်ပိုရေးရှင်း (YESC)တို့မှာလည်း ဒီလိုလျှပ်စစ်ဓာတ်အားခတိုးမြှင့်ကောက်ခံမယ့် ကြေညာချက် မတွေ့ရပါဘူး။ 

ဖေ့စ်ဘွတ်ပို့စ်ပါ ယူနစ်အလိုက်တွက်ချက်ထားတဲ့ နှုန်းထားတွေဟာ ၂၀၁၉ ခုနှစ် ဇူလိုင် ၁ရက်က စတင်ကောက်ခံ တဲ့နှုန်းထားတွေပဲဖြစ်တာတွေ့ရပြီး YESC ကထုတ်ပြန်ထားတဲ့ နှုန်းထားတွက်ချက်မှု calculator နဲ့တွက်ချက်ကြည့်ရင် တူညီနေတာတွေ့ရပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ၂၀၁၉ ခုနှစ် ဇူလိုင် ၁ရက်က လျှပ်စစ်ဓာတ်အားသုံးစွဲခ တိုးမြှင့်ကောက်ခံမှု သတင်းဟောင်းကို ပြန်လည်မျှဝေနေခြင်းဖြစ်ပြီး လတ်တလော လျှပ်စစ်ဓာတ်အားက တိုးမြှင့်ကောက်ခံမယ်လို့ စစ်ကောင်စီက ကြေညာချက်မတွေ့ရပါဘူး။

Avatar

Title:Fact Check: ၂၀၂၂ ခုနှစ် ဇူလိုင် ၁ ရက်စပြီး လျှပ်စစ်မီတာခတိုးကောက်မယ်ဆိုတဲ့ သတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *