Fact Check: ဒီပုံတွေ လတ်တလော တရုတ်နိုင်ငံ စီချွမ်မှာ လှုပ်ခတ်သွားတဲ့ ငလျင်နဲ့ သက်ဆိုင်ခြင်းမရှိပါ

False နိုင်ငံတကာ၊ | International

တရုတ်နိုင်ငံ  စီချွမ်ပြည်နယ်မှာ မေ ၂၂ ရက်က လှုပ်ခတ်သွားတဲ့ ငလျင်ကြောင့် ပျက်စီးသွားတဲ့ အပျက်အစီးများ အဖြစ် ဓာတ်ပုံ ၁၀ ပုံကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။ သို့သော် ဒီဓာတ်ပုံတွေဟာ ေမ ၂၂ ရက်က လှုပ်ခတ်သွားတဲ့ ငလျင်နဲ့သက်ဆိုင်ခြင်းမရှိဘဲ ပြီးခဲ့တဲ့နှစ်များ အတွင်းကတည်းက အင်တာနက် မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ ပုံတွေဖြစ်ပါတယ်။

 “ယနေ့ ၂၂.၅.၂၀၂၁

တရုတ်နိုင်ငံ  စီချွမ်ပြည်နယ် တွင် ယနေ့ နံက် ၈:၂၂ အချိန်

ရစ်ချက်စတာစကေး( ၇.၄ )ရှိ  မြေငလျင် လှုပ်ခတ်မှုကြောင့်

လူပေါင်း(၁၇၉)ဦးအနည်းဆုံးသေဆုံးခဲ့ရကာ  လူပေါင်းများစွာ   ဒဏ်ရာရရှိခဲ့ပြီးသောင်းနဲ့ချီ  အိုးအိမ်တွေ  ပျက်စီးသွားခဲ့ကြောင်း သိရ ။photo crd” လို့ရေးသားပြီး “Ngwe Laypyay” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေသူ ၁ ထောင်ကျော်ရှိပါတယ်။ ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်း တူညီစွာမျှဝေထားပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link 

အချက်အလက်စိစစ်ချက်

အဓိကကျတဲ့စကားလုံးအချို့အသုံးပြုပြီး ရှာဖွေကြည့်ရာမှာ တရုတ်နိုင်ငံမှာ မေ ၂၂ ရက်က ယူနန်ပြည်နယ် ယန်ဘီ(Yangbi)ကျေးရွာမှာ ရစ်တာစကေး ၆ ဒသမ ၄ ရှိ အင်အားပြင်းအားငလျင်လှုပ်ခတ်ပြီးနောက် စီချွမ် ပြည်နယ်မှာ ၇ ဒသမ ၄ ရှိတဲ့ ငလျင်ထပ်မံလှုပ်ခတ်ခဲ့ပြီး  လူ ၃ ဦးသေဆုံးခဲ့ကာ ၂၇ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သတင်းတွေမှာဖော်ပြပါတယ်။ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်ပါ။ ငလျင်ဟာ ပြင်းထန်အမျိုးအစားထဲမှာပါဝင်မဲ့ ငလျင်ကြောင့် လူပေါင်း ရာချီသေဆုံးခဲ့တယ်ဆိုတဲ့ အထောက်အထားမျိုးမတွေ့ရပါဘူး။

 Google မှာ ပုံပြန်ရှာနည်းအသုံးပြုပြီး ပထမဆုံး ပျောက်ကျားဝတ်စစ်သားတွေ အပျက်အစီးတွေ အကြားစီတန်း လျှောက်နေတဲ့ ဓာတ်ပုံဟာ ၂၀၁၄ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့တာကို အောက်ပါအတိုင်းတွေ့ရ ပါတယ်။ 

၂၀၁၄ ခုနှစ် ြသဂုတ် ၄ ရက်က “စိတ်ခြောက်ချားဖွယ် တရုတ်မှာ ငလျင်ေကြာင့် အပျက်အစီး ဓာတ်ပုံ ၁၀ ပုံ”လို့ ရေးသားပြီး Business Insider က သတင်းဖော်ပြချက်တစ်ခုမှာ ဒီဓာတ်ပုံကို “ယူနန်ပြည်နယ် Longtoushan မြို့နယ် Ludian ကျေးလက်မှာ အဆောက်အဦးပျက်များကြားမှာ အသက်ရှင်ကျန်ရစ်သူများကို ကယ်ဆယ်ရေး လုပ်သားများ ရှာဖွေနေစဉ်”လို့ ရေးသားထားပါတယ်။ အခြားဓာတ်ပုံေတွဖြစ်တဲ့ အမြင့်တစ်ေနရာက ေနအပျက် အစီးေတွကို ရိုက်ထားတဲ့ပုံ၊ သစ်သားပုံအပျက်အစီးကြားမှာ ထိုင်ေနတဲ့ အမျိုးသားသမီးတစ်ဦးပုံကိုလည်း အဲဒီသတင်းမှာပဲ တွေ့ရပါတယ်။

မူရင်းလင်ခ့် –  BusinessinsiderArchive link

တိုက်တစ်လုံး လဲပြိုကျ ေနတဲ့ ဓာတ်ပုံဟာ ၂၀၁၁ ခုနှစ် မတ် ၂၆ ရက်က ဂျပန်နိုင်ငံက Miyagi ခရိုင် Onagawa မှာ ငလျင်လှုပ်အပြီး ပြိုကျခဲ့တဲ့  အ ေဆာက်အဦးတစ်ခုက ဆူနာမီေရလှိုင်းလုံးနကြီးများနဲ့အတူ ေမျှာပါလာတဲ့ပုံဖြစ်ပါတယ်။

မူရင်းလင်ခ့် –  GettyimagesArchive link

အခြားေသာ အပျက်အစီးဓာတ်ပုံေတွဟာ ၂၀၁၃ ခုနှစ်က တရုတ်နိုင်ငံ စီချွမ်ပြည်နယ်ငလျင်က ဓာတ်ပုံေတွ ဖြစ်ပြီး ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ေတွ့ရပါတယ်။ ၂၀၁၃ ခုနှစ်က ငလျင်မှာ ၇ ဒသမ ၀ ရှိတဲ့ ငလျင်လှုပ်ခတ်မှု ေကြာင့် လူ ၁၉၀ ထက်မနည်းေသဆုံးခဲ့ရပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်ေတွအရ ဓာတ်ပုံေတွဟာ ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်အတွင်းက တရုတ်မှာလှုပ်ခတ် ခဲ့တဲ့ ငလျင်များနဲ့ ပတ်သက်တဲ့ ဓာတ်ပုံေတွဖြစ်ပါတယ်။ ေမ ၂၂ ရက်က လှုပ်ခတ်ခဲ့တဲ့ လက်ရှိငလျင်ေကြာင့် လူရာဂဏန်း ေသဆုံးခဲ့တယ်ဆိုတဲ့အ ေထာက်အထားမျိုးလည်းမ ေတွ့ရပါဘူး။

Avatar

Title:ဒီပုံတွေ လတ်တလော တရုတ်နိုင်ငံ စီချွမ်မှာ လှုပ်ခတ်သွားတဲ့ ငလျင်နဲ့ သက်ဆိုင်ခြင်းမရှိပါ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *