
Voice of Mandalay page ရဲ့ admin တစ်ဦးဖြစ်တဲ့ မယုဝေမြင့် မန္တလေးမြို့မှာ ဖမ်းဆီးခံလိုက်ရပြီး လူမဆန်စွာ နှိပ်စက်စစ်ဆေးခံထားရပုံဆိုပြီးတော့ ဓာတ်ပုံပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ အဝါရောင် ရင်စေ့အင်္ကျီနဲ့ လှလှပပအမျိုးသမီးတစ်ဦးရဲ့ဓာတ်ပုံနဲ့ အခြားရိုက်နှက်ထုထောင်းခံ ထားရလို့ မျက်နှာမှာဖူးယောင်နေပြီး မျက်လုံးလုံးဝဖွင့်လို့မရဘဲ ဒူးထောက်လက်မြှောက်ပုံစံနဲ့ ဓာတ်ပုံရိုက်ခံထား ရသူတစ်ဦးရဲ့ဓာတ်ပုံတစ်ပုံပါဝင်ပါတယ်။
တစ်ပုံဟာ မယုဝေမြင့်အဖြစ်မှန်ကန်ပေမဲ့ ကျန်တဲ့တစ်ပုံဟာ ကလေးမှာ စစ်တပ်ရဲ့ဖမ်းဆီးနှိပ်စက်ခံထားရတဲ့ ကိုနေသူထွန်း(ခ) ပုပုဖြစ်ပါတယ်။
“Voice of Mandalay page ရဲ့ admin လို့ စွပ်စွဲခံရတဲ့ Yuh Wai Myint ကို မနေ့က မန္တလေးမြို့မှာ ဖမ်းဆီးခံလိုက်ရပြီး လူမဆန်စွာ နှိပ်စက်စစ်ဆေး ခံထားရ❗
စက်တင်ဘာ ၁၄
#bahaninformation
#DMZ”လို့ ရေးသားပြီး “Zaw Myint” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါအတိုင်းမျှဝေထား တာတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
အခြားရိုက်နှက်ထုထောင်းခံ ထားရလို့ မျက်နှာမှာဖူးယောင်နေပြီး မျက်လုံးလုံးဝဖွင့်လို့မရဘဲ ဒူးထောက်လက် မြှောက်ပုံစံနဲ့ ဓာတ်ပုံရိုက်ခံထား ရတဲ့ဓာတ်ပုံဟာ ကိုနေသူထွန်း(ခ) ပုပု ဖြစ်တယ်လို့ Khit Thit Media ကသတင်းတစ်ပုဒ်မှာဖော်ပြပါတယ်။ ကလေးမြိုနယ်၊ ကံပုလဲကျေးရွာနေ ကိုနေသူထွန်း(ခ) ပုပုကို PDF ဆိုပြီး စစ်တပ်ဖမ်းဆီးညှဉ်းပန်းနှိပ်စက်ထားတဲ့ပုံဖြစ်ပြီး အပြင်းအထန်နှိပ်စက်ခံထားရပေမဲ့ ဆေးကုသခွင့်မရတာကြောင့် အသက်အန္တရာယ်စိုးရိမ်ရတယ်လို့လည်း ဒီသတင်းမှာရေးသားထားပါတယ်။
အမျိုးသမီးဓာတ်ပုံကတော့ Voice Of Mandalay ရဲ့ admin မယုဝေမြင့်ဖြစ်တာတွေ့ရပါတယ်။ စစ်တပ်ဟာ သူတို့ဖမ်းဆီးရရှိသူတွေကို အလွန်အမင်းငြင်းပန်းနှိပ်စက်၊ သတ်ဖြတ်တယ်လေ့ရှိပေမဲ့ မယုဝေမြင့် နှိပ်စက် ခံရခြင်းရှိမရှိတော့ Fact Crescendo Myanmar အနေနဲ့ အတည်ပြုနိုင်ခြင်းမရှိပါဘူး။

မူရင်းလင်ခ့် – Voice Of Mandalay-3 | Archive link
သုံးသပ်ချက်
ဓာတ်ပုံနှစ်ပုံစလုံးဟာ စစ်တပ်ရဲ့ဖမ်းဆီးခံခဲ့ရသူတွေရဲ့ဓာတ်ပုံဖြစ်ပါတယ်။ တစ်ပုံဟာ မယုဝေမြင့်ဖြစ်တာမှန်ကန် ပေမဲ့ ကျန်တဲ့တစ်ပုံဟာ ကလေးမှာ စစ်တပ်ရဲ့ဖမ်းဆီးနှိပ်စက်ခံထားရတဲ့ ကိုနေသူထွန်း(ခ) ပုပုဖြစ်ပါတယ်။

Title:Fact Check: Voice of Mandalay ဖေ့စ်ဘွတ်စာမျက်နှာစီမံခန့်ခွဲသူ အဖြစ်ဖော်ပြ နေတဲ့ဓာတ်ပုံအမှား
Fact Check By: Nayar MaungResult: Partly False