Fact Check: Cardiovax နှလုံးဆေးသောက်တဲ့ ၁၀၉ နှစ်ရှိ မြန်မာနှလုံးပညာရှင် ဦးကျော်သူမောင်လား-မဟုတ်ပါ

အသက် ၇၀ မှာ အငြိမ်းစားယူခဲ့ပြီး ထင်ရှားကျော်ကြားတဲ့ မြန်မာနှလုံးပညာရှင် ဦးကျော်သူမောင်ဟာ အခု အသက် ၁၀၉ နှစ်အရွယ်အထိနုပျိုနေဆဲဖြစ်ပြီး သူ့ရဲ့လျို့ဝှက်ချက်ကတော့ Cardiovax နှလုံးဆေးကြောင့် ဖြစ်တယ်လို့ဆိုထားတဲ့ပို့စ်တစ်ခု ဘလောဂ့်စာမျက်နှာတွေမှာပျံ့နှံ့လျှက်ရှိတာတွေ့ရပါတယ်။ တကယ်တော့ သတင်းတု သတင်းမှားတစ်ခုဖြစ်တာတွေ့ရပါတယ်။ အောက်ပါစာသားတွေကတော့ ဘလော့ဂ်တစ်ခုမှာဖော်ပြထားတဲ့ စားသားအချို့ဖြစ်ပါတယ်။ သွေးသန့်စင်မှာသာ နှလုံးအတွက် သွေးအတွက်ကောင်းမွန်ကြောင်း ဦးကျော်သူမောင်ကပြောတယ်ဆိုတဲ့ အင်တာဗျူးကိုဖော်ပြ ထားပြီး စာပိုဒ်အဆုံးနားမှာတော့ သွေးကိုသန့်စင်စေနိုင်တဲ့ Cardiovax ဆေးရဲ့အစွမ်းကို ညွှန်းထားပြီး မှာယူဖို့ စာရင်းသွင်းရန်နေရာကို ဖော်ပြထားပါတယ်။အခြားသော ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ ဒီလင့်ခ်မှာလည်း တူညီတဲ့ အင်တာဗျူးဆောင်းပါးကို ရပါတယ်။ “အသက် ၇၀ မှာ အငြိမ်းစားယူခဲ့ပြီး ထင်ရှားကျော်ကြားတဲ့ မြန်မာ နှလုံးပညာရှင် ဦးကျော်သူမောင်ဟာ နှလုံးနဲ့ ကိုယ်ခန္ဓာဟာ ငယ်ရွယ်နုပျိုနေဆဲ ကျန်ရှိခဲ့ပါတယ်။ သူ အငြိမ်းစားယူခဲ့တာ […]

Continue Reading

Fact Check: ဆေးကုသမရနိုင်တော့တဲ့အဆုံး ကင်ဆာလူနာက ပိုက်ဆံတွေ လွှင့်ပစ်လိုက်တာလား-မဟုတ်ပါ

ပိုက်ဆံချမ်းသာမှုထက် ကျန်းမာရေးက အရေးကြီးပုံအဖြစ် တရုတ်နိုင်ငံက ပိုက်ဆံချမ်းသာသူတစ်ဦးရဲ့ ဝမ်းနည်းဖွယ်ရာနိဂုံးလို့ဆိုထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားကြိမ်ဖန်များစွာ ပျံ့နှံ့ခဲ့ တာတွေ့ရပါတယ်။ ကြမ်းပြင်တစ်ခုပေါ်မှာ ပိုက်ဆံတွေပျံ့ကြဲနေတဲ့ ဓာတ်ပုံ ၂ ပုံနှင့်အတူ ကင်ဆာလူနာဟာ သူ့ရောဂါဟာ ကုသမရနိုင်တော့ဘူးလို့ ဆရာဝန် ဆီက သိလိုက်ရပြီးနောက်မှာ ပိုက်ဆံတွေဟာ အလကားပဲဆိုပြီတော့ ဆေးရုံကြမ်းပြင်ပေါ်မှာ လွှင့်ပစ်လိုက်တာလို့လည်း ဒီပို့စ်မှာရေးသားထားပါတယ်။  “ကျန်းမာရေးဂရုစိုက်ကြပါ 👌👌👌👌 တရုတ်နိုင်ငံကလူနာတယောက် နေမကောင်းလို့ ဆေးရုံလာတယ် ဆရာဝန်ကကင်ဆာဖြစ်နေပါတယ်တဲ့ နောက်ပြီး ကုလို့မရနိုင်တဲ့ ကင်ဆာပါလို့ လူနာကိုပြောလိုက်တယ်  လူနာက အခန်းထဲစိတ်တိုဒေါသ ဖြစ်ခြင်းများနဲ့ ထွက်သွားတယ် ပြီးတော့ ဆေးရုံရဲ့အလယ်မှာ ငွေတွေဖြန့်ကျဲပြီး အကျယ်ကြီးအော်ပစ်လိုက်တယ် “ငွေကအရာတိုင်းကို မလုပ်ပေးနိုင်ဘူး  ငါ့ဘဝကိုတောင်မကယ်နိုင်ဘူး ငါ့ကျန်းမာရေးကိုတောင် အထောက်ကူမပြုနိုင်ဘူး ငွေက်ိုဘာလို့ အများကြီးရှိနေစရာလိုလဲ ငွေရှိတော့ကော ပြီးပြည့်စုံနေမှာမှမဟုတ်တာတဲ့ “ […]

Continue Reading

Fact Check: PDF တစ်လောင်း ကျပ် သုံးသောင်း NUG ထောက်ပံ့ဆိုတဲ့ သတင်းတု သတင်းမှား

ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ်မျဉ်းနားက ဥကရစ်ထစခန်းတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်(PDF)တွေအတွက် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)က တစ်အိမ်ထောင်ကို ကျပ် သုံးသောင်းနှုန်း ထောက်ပံ့မယ်ဆိုတဲ့ ထုတ်ပြန်ချက်တစ်ခု ဖေ့စ်ဘွတ်မှာပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ တကယ်တော့ ထုတ်ပြန်ချက်အတုတစ်ခုဖြစ်တာတွေ့ရပါတယ်။  â€œá€Ąá€˛á€ˇá€žá€œá€­á€Ż…တဲ့… စိတ်​တောင် မ​ကောင်းဘူးးးး😂😂😂”လို့ ရေးသားပြီး “ဒေဝီ ဒေဝီ”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   အချက်အလက်စိစစ်ချက် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ဒီလိုထုတ်ပြန်ကြေညာ ချက်မျိုးမတွေ့ရပါဘူး။ ဒီစာမျက်နှာမှာ ထုတ်ပြန်ခဲ့တဲ့ထုတ်ပြန်ကြေညာချက်တွေကိုလေ့လာကြည့်ရာမှာ ထုတ်ပြန်စာတွေရဲ့ ဘယ်ဘက်အပေါ်ထောင့်မှာသာကာကွယ်ရေးဝန်ကြီးဌာန တံဆိပ်တုံးပုံစံကို အသုံးပြု လေ့ရှိပြီး အခုဖေ့စ်ဘွတ်မှာပျံ့နှံ့လျှက်ရှိသလိုမျိုး နိုင်ငံတော်တံဆိပ်နဲ့ ကာကွယ်ရေးဝန်ကြီးဌာန တံဆိပ် နှစ်မျိုးစလုံး အသုံးပြုတာမတွေ့ရပါဘူး။ ထို့အပြင် မဇ္ဈိမရဲ့ […]

Continue Reading

Fact Check: လက်ဆောင်ပေးမယ်ဆိုပြီး City Mart တံဆိပ်နဲ့ လိမ်လည်လှည့်စားဖို့ လုပ်ဆောင်ထားတဲ့ စာမျက်နှာ

City Mart ၂၆ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဇူလိုင် ၃ ရက်နေ့ မတိုင်မီဒီပို့စ်ကို မျှဝေတဲ့လူတိုင်းကို အထူးလက်ဆောင်အိတ်တစ်ခုပို့ပေးမယ်ဆိုတဲ့ ဖေ့စ်ဘွတ်ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ City Mart ရဲ့အမှတ်တံဆိပ်တွေကို အသုံးပြုလျှက်လုပ်ဆောင်ထားတဲ့ အတုအယောင်စာမျက်နှာတစ်ခုဖြစ်ပြီး City Mart ရဲ့ တရားဝင်စာမျက်နှာကလည်း ၎င်းတို့နဲ့မဆက်ဆိုင်ကြောင်းကြေညာထားပါတယ်။ အောက်ပါ screenshot ကတော့ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျှက်ရှိတဲ့ ပို့စ်တစ်ခုဖြစ်ပါတယ်။ “*@City mart ၏ 26 နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် ဇူလိုင်လ 3 ရက်နေ့ မတိုင်မီ မျှဝေပြီး “ပြီးပါပြီ” ဟုရိုက်ထည့်သူတိုင်းအတွက် အထူးလက်ဆောင်အိတ်တစ်ခု ပေးပို့လိုက်ပါသည်။*”စသည်ဖြင့် ရေးသားပြီး “City Mart Fans”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက လက်ဆောင်ခြင်းတွေ၊ဈေးဝယ်နေတဲ့ ဓာတ်ပုံတွေနဲ့အတူ မျှဝေထားရာမှာ တစ်ရက်အတွင်း ဒီပို့စ်ကိုပြန်လည်မျှဝေမှုပေါင်း ၁ […]

Continue Reading

Fact Check: သေ့ဘော့ဘိုးစခန်းသိမ်းပိုက်မှုဗွီဒီယိုကို ဥကရစ်ထစခန်းသိမ်းပိုက်မှု အဖြစ်မျှဝေ

ဥကရစ်ထစခန်းသိမ်းအောင်ပွဲ ဗွီဒီယိုတစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျှက် ရှိပါတယ်။ ဗွီဒီယိုဟာ မေလထဲမှာ သေ့ဘော့ဘိုးစခန်းကို ကော်ဘရာစစ်ကြောင်းက တိုက်ခိုင်သိမ်း ပိုက်မှုဖြစ်ပါတယ်။ ၂ မိနစ် ၅၃ စက္ကန့်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ လက်နက်ခဲယမ်းတွေစုပုံထားပြီး ဘေးပတ်ပတ်လည်မှာ လက်နက် ကိုင်တွေရပ်နေတဲ့မြင်ကွင်းတွေပါဝင်တယ်။ “ဥကရစ်ထစခန်းသိမ်းလက်နက်ရရှိမှု…. ၂၈-၆-၂၂ vd..crd”လို့ ရေးသားပြီး ၂၀၂၂ခုနှစ် ဇွန် ၂၉ ရက်က “Awba Channel Max”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါ အတိုင်းမျှဝေထားရာမှာ ဒီဗွီဒီယိုပို့စ်ကိုပြန်လည်မျှဝေမှုပေါင်း ၁၁၀၀ ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် အဓိကကျတဲ့စကားလုံးအချို့အသုံးပြုပြီး အကြောင်းအရာကိုရှာဖွေကြည့်ရာမှာ ဒီဗွီဒီယိုဟာ ၂၀၂၂ ခုနှစ် မေလထဲ ကဖြစ်ပွားခဲ့တဲ့ ကော်ဘရာစစ်ကြောင်းရဲ့ […]

Continue Reading

Fact Check: ဒီပုံက ရဲတပ်ဖွဲ့ဝင် ၂ ဦး ၂၀၂၀ ခုနှစ်အတွင်း TNLA ရဲ့ဖမ်းဆီးခြင်းခံခဲ့ရတဲ့ ဓာတ်ပုံဖြစ်တယ်

အဖမ်းခံထားရတဲ့ ရဲတပ်ဖွဲ့ဝင် ၂ ဦးဓာတ်ပုံနဲ့အတူ ပိုက်ဆံယူ၊သတင်းပေးလုပ်လို့ ယင်းမာပင်မြို့နယ် မြိုင်ဂဲ ရဲစခန်းက စစ်ခုံရုံးအတင်ခံတဲ့ရဲတပ်ဖွဲ့ဝင်တွေအဖြစ်ဓာတ်ပုံပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြား ပျံ့နှံ့ခဲ့ပါတယ်။ ဓာတ်ပုံဟာ ၂၀၂၀ ခုနှစ်ကတည်းကပျံ့နှံ့လျက်ရှိတာတွေ့ရပြီး နားလည်မှုလွဲစေနိုင်တာတွေ့ရ ပါတယ်။ “23-6-22 ယင်းမာပင်..မြိုင်.ဂဲစခမ်း.. သတင်းပေး..ပိုက်ဆံယူ…အကျင့်ပျက်..ဖရဲသီးတွေ.. စစ်ခုံရုံးတင်…. Sittway Thitsar .@.ကရင်ပြည်နယ်”စသည်ဖြင့် ရေးသားပြီး “Min Thwe”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြု သူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် တကယ်တော့ ဒီရဲတပ်ဖွဲ့ဝင် ၂ ဦးဟာ ၂၀၂၀ ခုနှစ်အတွင်းက တအာင်းလွှတ်မြောက်ရေးတပ်ဖွဲ့(TNLA)ရဲ့ ဖမ်းဆီးခံခဲ့ရတဲ့ မိုးကုတ်က ရဲတပ်ဖွဲ့ဝင် ၂ ဦးဖြစ်တာတွေ့ရပါတယ်။  ပြီးခဲ့တဲ့နှစ်မှာ […]

Continue Reading

Fact Check: မြန်မာစစ်တပ်ကိုအစိုးရအဖြစ်အသိအမှတ်ပြုဖို့ ကုလသမဂ္ဂဆုံးဖြတ်ဆိုတဲ့ သတင်းတုသတင်းမှား

အာဏာသိမ်း မြန်မာစစ်တပ်ကို မြန်မာနိုင်ငံအစိုးရအဖြစ် ကုလသမဂ္ဂကအတည်ပြုလိုက်ပြီဆိုတဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြု သူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုသတင်းမှားတစ်ခုသာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကတည်းက ကုလသမဂ္ဂက မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုကို ရှုတ်ချထားပြီးဖြစ်ပါတယ်။ “* 21.6.2022 . သတင်ထူးပြီ * ~~~~~~~~~~~~~~~~~~ နစကအစိုးရကိုတရားဝင်အစိုးရပါတဲ့ အမျိုးတို့ရေ😍😍😍 အားလုံး ပျော်ကြရဲ့လားဝေ့ နစက အားတရားဝင်အစိုးရအဖြစ် သတ်မှတ်ရေး အဆိုကို ကုလသမဂ္ဂအစည်းအဝေးတွင် ဆုံးဖြတ်ချက်ရယူရာမှာ ထောက်ခံမဲအများစုဖြင့်  “နစက”အား မြန်မာနိုင်ငံအစိုးရအဖြစ် အတည်ပြု👌    á€‘ုလးစလဥတိုင်းကနအ်ကွက်တဏက တူရကီ × ကြားနေတာက USA ; UK , နဲ့အနောက်နိုင်ငံအချို့😎 နစကအားအစိုးရအဖြစ် အတည်ပြုထောက်ခံတာက တရုပ် အိန္ဒိယ ရုရှား အာဆီယံ  ၁၀နိုင်ငံအပြင် ကမ္ဘာ့နိုင်ငံပေါင်း ၁၁၉….ကမ္ဘာ့လူလည် ငပွတွေ စောက်ရှက်ကွဲကုန်ပီ…”စသည်ဖြင့် ရေးသားပြီး “Min […]

Continue Reading

Fact Check: မျောက်ကျောက်ရောဂါ မြန်မာနိုင်ငံမှာ စတွေ့ပြီလား-မဟုတ်ပါ

မျောက်ကျောက်ရောဂါ ပြည်တွင်းရောက်လာပြီဒီနေ့တစ်ယောက်စတွေ့တယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြု သူတွေအကြား ဇွန် ၁ရက်စပြီးပျံ့နှံ့ခဲ့ပါတယ်။ အတည်မပြုနိုင်တဲ့သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ “မျောက်ကျောက်ရောဂါ ပြည်တွင်းရောက်လာပြီဒီနေ့တစ်ယောက်စတွေ့တာ ရောဂါက”လို့ ရေးသားပြီး “Ei pone pone tik tok”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဝက်ဘ်ဆိုဒ်လင့်ခ်တစ်ခုကိုမျှဝေထားရာမှာ ဒီပို့စ်ကိုပြန်လည် မျှဝေမှုပေါင်း ၄၀၀ ဝန်းကျင်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   အခြားသောပျံ့နှံ့မှုအားကောင်းခဲ့တဲ့ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။ ဖေ့စ်ဘွတ်ပို့စ်ပါမျှဝေထားတဲ့ လင့်ခ်တွေနှိပ်ပြီး ဝင်ရောက်ဖတ်ရှု့ရာမှာ “မျောက်ကျောက်နဲ့ ကိုယ်တွေ့ကြုံ အပြင်ထွက်ရင် ယခင်ကလိုပဲနှာခေါင်းစည်းတပ်ကြပါ လက်ကိုမကြာခဏဆေးပါ။ Bus ကားစီးပြီး လက်ကိုင်ကွင်း တန်းတွေလေဖျခါလက်ရန်းတွေ နဲ့လူအများထိတွေ့ကိုင်တွယ်ထားတဲ့ အရာတွေကိုမဖြစ်မနေ ထိတွေပြီးရင် လက်ကိုသေချာ ဆေးကြောပါ။ဘာပဲဖြစ်ဖြစ် မပေါ့ဆကြပါနဲ့။ကျနော့သားကြီးမှာ ယခုလို လက္ခဏာတွေ့ရတာ ၂ ရက်ရှိပါပြီ။လက်ရှိချိန်ထိ လူကတော့ […]

Continue Reading

Fact Check: ဒေါ်လာသန်း ၄၀၀ ကိုဟတ်ကင်းလုပ်ပြီး ဒုက္ခသည်တွေကို လှူဒါန်းခဲ့သူလား-မဟုတ်ပါ

ဘဏ်ပေါင်း ၂၀၀ ကျော်ကို ဟတ်ကင်းလုပ်ပြီး ရတဲ့ငွေ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော်ကို တစ်ပြားမှ မသုံးဘဲ အာဖရိကနဲ့ပါလက်စတိုင်း ဒုက္ခသည်တွေကို လှူဒါန်းခဲ့တဲ့  ကွန်ပျူတာပညာရှင် ဟမ်းဇာဆိုပြီးတော့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျှက်ရှိပါတယ်။ ပိုမိုကောင်းမွန်တဲ့ ငြိမ်းချမ်းတဲ့ကမ္ဘာကြီး တည်ဆောက်ဖို့ အတွက် အသုံးမချဘူးဆိုရင် ငွေကြေးနဲ့ရာထူးအာဏာဆိုတာအလကားပဲလို့ သူဟာ ကြိုးမိန့်ပေးခဲ့ရပေမဲ့ နောက်ဆုံးအချိန်မှာ အခုလို ရယ်ပြုံးပြီးတော့ပြောခဲ့တယ်လို့လည်း ပျံ့နှံ့ခဲ့တဲ့ပို့စ် မှာပါဝင်ပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့လျှက်ရှိတဲ့ လူမှုကွန်ယက်ပို့စ်ပါစာသားများဖြစ်ပါတယ်။ “ဒို့နိုင်ငံကအဘတွေထက် မင်းမြတ်တယ် ဟမ်း —————————- ဟမ်ဇား၏ ကမ္ဘာကိုပြောခဲ့သောစကား *************************** သူ့နာမည်က ဟမ်ဇား ဘဏ်ပေါင်း ၂၁၇ ခုကို ဟက်ကင်းလုပ် ထိုးဖောက်၀င်ရောက်ပြီးး ကန် ဒေါ်လာ သန်း ၄၀၀ ကျော် ခိုးယူခဲ့ပါတယ်… ပြီးတော့ […]

Continue Reading

Fact Check: ဒီဗွီဒီယိုက အိန္ဒိယစစ်တပ်က ဒုံးကျည်စမ်းသပ်မှုဗွီဒီဒီယိုသာဖြစ်တယ်

အသံထက်မြန်တဲ့ ဒုံးကျည်တစ်စင်းကို မြန်မာတပ်မတော်က စမ်းသပ်ပစ်လွှတ်အောင်မြင်ခဲ့တယ်ဆိုတဲ့ ဗွီဒီယို ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ တကယ်တော့ ဒီဗွီဒီယိုဟာ အိန္ဒိယစစ်တပ်ရဲ့ မြန်နှုန်း မြင့်ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုသာဖြစ်ပါတယ်။ “BRAHMOS Super Sonic Crusie Missile  တစ်စင်း၊ မြန်မာ့တပ်မတော်တွင် စမ်းသပ်ပစ်လွှတ် အောင်မြင်ခဲ့ကြောင်း ဂုဏ်ယူစွာဖြင့် တင်ပြပါရစေ.(ကိုကိုးကျွန်း) Crd ဆရာဗိုလ်ကြီး”လို့ ရေးသားထားပြီး “Sit Min Lwin”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက ဧပြီ ၄ ရက်က အောက်ပါအတိုင်းရေးသားမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၉၀၀ ကျော်ရှိထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   အလားတူတဲ့မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် Google မှာ ပုံရှာနည်း၊ အဓိကကျတဲ့စကားလုံးအချို့အသုံးပြုရှာဖွေနည်းတွေ အသုံးပြုပြီး ရှာဖွေရာမှာ […]

Continue Reading