Fact Check: ဒီမောဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ထားတဲ့ ဓာတ်ပုံတွေကို အသုံးပြုပြီး သတင်းမှားဖြန့်
ဒီမောဆိုမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေက လယ်သမားတွေရဲ့စပါးကို ခိုးယူသွားတယ် ဆိုပြီးတော့ ဓာတ်ပုံတစ်ပုံကိုဖေ့စ်ဘွတ်မှာဖြန့်ဝေလျှက်ရှိပါတယ်။ သို့သော် ဓာတ်ပုံတွေဟာ ဒီမောဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားတဲ့ ဓာတ်ပုံတွေကိုအသုံးပြုပြီး အကြောင်းအရာကို ပုံမှားရိုက်ဖော်ပြနေခြင်းဖြစ်ပါတယ်။ “နေမင်း၏သားတော်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “တော်လှန်ရေးရိက္ခာအတွက်ဟုဆိုကာ DMO-PDF တပ်ရင်းက နေရပ်စွန့်ခွာသွားတဲ့စစ်ရှောင်များရဲ့ စပါးများခိုးယူ =============================== မိုးဗြဲ /ဒီး မာ့ဆို နယ်ကြား နှစ်ဖက်တိုက်ပွဲများကြား ရွာသူရွာသားများထိတ်လန့် ကြောက်ရွံပြီးအိုးအိမ်စွန့်ကာ ထွက်ပြေးခဲ့ကြရသည်။ ရိတ်သိမ်း နေဆဲစပါးခင်းများကိုလည်း ဆက်လက်မရိတ်သိမ်းနိုင်ဘဲ ထားပစ်ခဲ့ရာ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲအမည်ခံ ဒီး မော့ဆို(DMO-PDF)တပ်ရင်းရှိ အကြမ်းဖက်သမားများမှ တော်လှန်ရေးရိက္ခာ အတွက်ဟုဆိုကာ နိုဝင်ဘာလ၂၁ ရက်နေ့က ရိတ်သိမ်းပြီး ၎င်းတိုစခန်းများသို ခိုးယူသွားကြတယ်လို ဒေသခံများ ထံမှသိရပါတယ်။”လို့ ရေးသားပြီး နိုဝင်ဘာ ၂၃ ရက်မျှဝေထားတာအောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် […]
Continue Reading