Fact Check: နေပြည်တော်ကို PDF ဝင်စီးပြီး လေဆိပ်နဲ့လေယာဉ်တွေ ဖောက်ခွဲမှု သတင်းတု

နေပြည်တော်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တွေဝင်စီးပြီး လေဆိပ်နဲ့ လေယာဉ်တွေ ဖောက်ခွဲခံရ တယ်ဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေပါတယ်။ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုကို ရယူထားခြင်းဖြစ်ပါတယ်။  မူရင်းလင်ခ့် – Youtube | Archive link အလားတူပဲ နေပြည်တော်ကို PDF တွေဝင်စီးနေပြီဆိုပြီးတော့ ရေးသားမျှဝေထားတာကို ဒီနေရာမှာ တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ သက်ဆိုင်ရာ တော်လှန်ရေးအင်အားစုတွေဘက်ကလည်း ထုတ်ပြန်ပြောဆိုချက်မရှိပါဘူး။ အခုဖြန့်ဝေနေတဲ့ ယူကျူ့ချန်နယ်ဖြစ်တဲ့ “News In Burmese” ချန်နယ်ဟာ သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့သတင်းအကြောင်း အရာတွေ သို့မဟုတ် လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ တော်လှန်‌ရေးအတွေးအမြင်ဆောင်းပါးတွေကို ပြန်လည်မျှဝေနေတဲ့ ချန်နယ်တခုဖြစ်တာတွေ့ရပါတယ်။ Fact Crescendo Myanmar အနေနဲ့ […]

Continue Reading

Fact Check: နေပြည်တော်မှာ တပ်ရင်းလိုက်ထွက်ပြေးတဲ့ သတင်းခေါင်းစဉ်တု

နေပြည်တော်မှာ တပ်ရင်းလိုက် ညတွင်းချင်းထွက်ပြေးမှုဖြစ်ပွားတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေလျှက်ရှိရာ ကြည့်ရှူ့မှုများပြားလျှက်ရှိပါတယ်။  တကယ်တော့ သတင်းတုဖြန့်ချိ နေခြင်းဖြစ်တယ်။  ၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုအစမှာ “Khit Thit အတည်ပြုကြေညာလိုက်ပြီ နေပြည်တော် အထိုင်တပ်ရင်းတခုလုံး ညကတပြိုင်နက် ထွက်ပြေး ကုန်ပြီ” စသည်ဖြင့်ရေးသားပြီး “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်က စက်တင်ဘာ ၁၂ ရက်မှာ မျှဝေထားရာမှာ နာရီပိုင်းအတွင်း ဒီဗွီဒီယို ကြည့်ရှု့မှုပေါင်း ၃၀၀၀၀ ကျော်ရှိပါတဘ်။ အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုဖြစ်တယ်။ ဒီနေရာနဲ့ ဒီနေရာမှာလည်း အလားတူဖြန့်ဝေထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဒီယူကျူ့ချန်နယ်တွေဟာ သတင်းမီဒီယာအချို့မှာဖော်ပြပြီးနောက် ရေပန်းစားခဲ့တဲ့ သတင်းတွေကို သတင်း ခေါင်းစဉ်တု […]

Continue Reading

Fact Check: ရန်ကုန်၊မန္တလေး၊နေပြည်တော် မြို့ပေါ်တွေမှာ တိုက်ပွဲပြင်းထန်နေ တယ်ဆိုတဲ့ သတင်းမှားများ

ရန်ကုန်၊မန္တလေးနဲ့ နေပြည်တော်မှာ တိုက်ပွဲတွေပြင်းထန်နေပြီလို့ဆိုထားတဲ့ ပို့စ်တွေ ယူကျူ့မှာ ဆက်တိုက်ဖြန့် ဝေနေပြီး ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလိုဆိုထားတဲ့ ယူကျူ့ဗွီဒီယိုတခုဖြစ်တယ်။  “မနက် ၅ နာရီ မှာ နေပြည်တော် ဝင်စီးခံရ စစ်တပ်ထိပ်ပိုင်း ၆ ဦးပွဲချင်းပြီး”စသည်ဖြင့်ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အလားတူ ရန်ကုန်နဲ့ မန္တလေးမြို့ ကို PDF တွေဝင်စီးနေပြီလို့ ဆိုတဲ့ ရေးသားမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုတွေကို လေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာအချို့မှာ‌ဖော်ပြခဲ့တဲ့ သတင်းတွေကို ခေါင်းစဉ်လွဲ သို့မဟုတ် ချဲ့ကားထားတဲ့ ခေါင်းစဉ်တွေ တပ်ပြီး ဖြန့်ချိနေခြင်းဖြစ်တာတွေ့ရမှာဖြစ်တယ်။ စက်တင်ဘာ ၆ ရက်နေ့က 7days media အမည်နဲ့ […]

Continue Reading

Fact Check: နေပြည်တော် ပျဉ်းမနားမြို့ တော်လှန်ရေးတပ်တွေ သိမ်းပိုက်လိုက်ပြီဆိုတဲ့ သတင်းတု

စစ်ကောင်စီနယ်မြေဖြစ်တဲ့ နေပြည်တော် ပျဉ်းမနားမြို့ သိမ်းပိုက်ခံလိုက်ရပြီဆိုပြီး ယူကျူ့မှာ ဗွီဒီယိုတခုဖြန့် ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။သတင်းတုဖြစ်ပါတယ်။ ဒီလို သိမ်းပိုက်မှုမှာ ဗိုလ်မှူး၊ ဗိုလ်ကြီးတွေအပါအဝင် စစ်ကောင်စီဘက်မှ အမျးအပြားသေဆုံးခဲ့ကြောင်းနဲ့ တိုက်ခိုက်မှုများအတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ အမျိုးသားရေးညီညွှတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(PDF)၊ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်များပါဝင်ကြောင်းလည်းဖော်ပြပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “(၂၉)ရက်နေ့ နေပြည်တော်မှာ PDFအလံထောင်လိုက်ပြီ နေပြည်တော် ပျဉ်းမနားမြို့ သိမ်းပိုက်ပြီဗျိူ့ KIA,NUG,PDF,KNU တပ်သူသေကိုယ်သေချပြီ ဗိုလ်မှူးများ၊ဗိုလ်ကြီးများနဲ့စစ်ခွေးအများအပြားသေဆုံး” လို့ရေးသားပြီး “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်က ဩဂုတ် ၂၉ ရက်မှာ မျှဝေထားရာ ဒီဗွီဒီယိုကို ကြည့်ရှု့မှုပေါင်း ၃၀၀၀၀ ကျော်ရှိပါတယ်။၂၈ ရက်ကလည်းတကြိမ် ဒီဗွီဒီယိုမျှဝေမှုကို မျှဝေခဲ့ပါသေးတယ်။ ဒီနေရာမှာကြည့်ပါ။ မူရင်းလင်ခ့် – Youtube link | Archive […]

Continue Reading

Fact Check: နေပြည်တော်ကောင်စီရုံး PDF ဝင်စီး၊ ဗိုလ်ချုပ် ၅ ဦးပစ်သတ်ခံရတဲ့ သတင်းတု

နေပြည်တော်ကောင်စီရုံး PDF ဝင်စီးပြီး ဗိုလ်ချုပ် ၅ ဦးပစ်သတ်ခံရမှု ဗွီဒီယိုလို့ဆိုထားတဲ့ ပို့စ်တစ်ခုယူကျူ့မှာ ကြည့်ရှူ့မှုများပြားလျက်ရှိတယ်။ တကယ်တော့ မီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းအချို့ကို ခေါင်းစဉ်တု တပ်ထားတဲ့ ဗွီဒီယိုသာဖြစ်ပါတယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ နေပြည်တော် စစ်ကောင်စီရုံးကို တိုက်ခိုက်ခဲ့တဲ့အကြောင်း သတင်းဖော်ပြချက် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာဖော်ပြချက်မရှိပါဘူး။ တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ လွတ်လပ်တဲ့ အာရှအသံမှာ ဇူလိုင် ၁၃ ရက်က သတင်းဖော်ပြချက်တွေဖြစ်တဲ့ “ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးကိစ္စ မဆွေးနွေးနိုင်ခဲ့ကြောင်း RCSS ပြော”၊ “ထိုင်း Move Forward Party ခေါင်းဆောင် ဝန်ကြီးချုပ်အဖြစ် တင်မြှောက်မခံရ”၊ ရန်ကုန်ခေတ်သစ်မီဒီယာကဖော်ပြခဲ့တဲ့ […]

Continue Reading

Fact Check: နေပြည်တော် စစ်ကောင်စီအစည်းအဝေး ဗုံးပေါက်ကွဲ သွေးချောင်းစီးတဲ့ သတင်းတု

နေပြည်တော် စစ်ကောင်စီအည်းအဝေးဗုံးပေါက်ကွဲပြီး သွေးချောင်းစီးခဲ့တယ်ဆိုတဲ့ သတင်းတုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့အကောင့်တစ်ခုက ဇွန် ၂၆ ရက်မှာ ဖြန့်ဝေနေပုံဖြစ်တယ်။  မူရင်းလင်ခ့် – Youtube link  | Archive link အလားတူ ဒီယူကျူ့အကောင့်ကနေပဲ သွေးထွက်သံယိုဖြစ်လို့ နေပြည်တော် အစည်းအဝေးဖျက်သိမ်းပြီး ဝန်ကြီးအားလုံးထိန်းချုပ်ခံရတယ်လို့ ရေးသားမျှဝေခဲ့ပါသေးတယ်။ ဒီနေရာမှာကြည့်ပါ။ အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ယုံကြည်ရလောက်တဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။  အခုဖြန့်ဝေနေတဲ့ News of Myanmar အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေရဲ့ သတင်းတွေကို ပြန်လည်ကူးယူပြီး နားလည်မှု လွဲစေနိုင်တဲ့ ခေါင်းစဉ်တု၊ ‌ခေါင်းစဉ်လွဲတွေတပ်ပြီး ဖြန့်ချိလေ့ရှိတယ်။ အခုလည်း ဗွီဒီယိုအစမှာပြတဲ့ ရုပ် thumbnail ဓာတ်ပုံမှာ  နေပြည်တော် စစ်ကောင်စီအည်းအဝေး ဗုံးပေါက်ကွဲပြီး […]

Continue Reading

Fact Check: ‌ဒေါ်အောင်ဆန်းစုကြည် ဇူလိုင် ၁၈ ရက်ပြန်လွှတ်မယ်ဆိုတဲ့ သတင်းတု

ဇူလိုင် ၁၂ ရက်နေ့က စစ်ကောင်စီထိပ်တန်းခေါင်းဆောင်အချို့ဟာ ထောင်ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို လျှို့ဝှက်တွေ့ဆုံခဲ့ပြီးနောက် ဇူလိုင် ၁၈ ရက်နေ့မှာ ပြန်လွှတ်မယ်ဆိုတဲ့ သတင်းပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူ တွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “(၁၂)ရက် စစ်ခေါင်းဆောင်တစ်ချို့ အမစုကို လျှို့ဝှက်‌တွေ့ဆုံ ဇူလိုင် ၁၈ ရက် ပြန်လွှတ်မယ်တဲ့ “ လို့ဆိုတဲ့ စာသားကို “News of Myanmar”အမည်နဲ့ ယူကျု့တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် မြန်မာစစ်တပ်က ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နဲ့ ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ခင်ဇော်ဦးတို့ဟာ မေလ ၂၇ ရက်နေ့ နှင့် ဇွန်လ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတရာထူးပေးဖို့အပါအဝင် သဘော တူညီချက် ၃ ချက်ရရှိကြောင်း စကစ ကြေညာတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့ လာရောက်တွေ့ဆုံပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတရာထူးပေးဖို့အပါအဝင် သဘောတူညီချက် ၃ ချက်ရရှိကြောင်း စကစ(စစ်ကောင်စီ) ကြေညာတဲ့ သတင်းတုပို့စ်တစ်ခု ဖေ့စ်ဘွတ်နဲ့ ယူကျူ့အသုံးပြုသူတွေကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “ဒေါ်စုကို မင်းအောင်လှိုင်နဲ့ စိုးဝင်း ၂ယောက်စလုံး သွားတွေ့ပြီး တောင်းပန်”လို့ရေးသားထားသလို ဗွီဒီယိုထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေဆုံမှုအပြီး သဘောတူညီချက် ၃ ချက်ထုတ်ပြန်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတပေးမယ်လို့ စစ်ခေါင်းဆောင်က ကြေညာခဲ့တယ်လို့လည်း ရေးသားထားပါတယ်။ အလားတူ ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ ယူကျူ့ ဗွီဒီယိုပါအကြောင်းအရာဟာ ဇွန် ၁၂ ရက်က ဖေ့စ်ဘွတ်မှာ […]

Continue Reading

Fact Check:  ဒေါ်အောင်ဆန်းစုကြည်ကို အာဏာပြန်လွှဲဖို့ စစ်တပ်က ကုလအတွင်းရေး မှူးကို လက်မှတ်ထိုးပေးလိုက်ပြီဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်ကို အာဏာပြန်လွှဲပေးမယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ကို မြန်မာ စစ်တပ်က လက်မှတ်ထိုးပေးလိုက်ပြီဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှုအား ကောင်းလျက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားဖြန့်ချိမှုဖြစ်တယ်။ ကုလသမဂ္ဂအထွေထွေ အတွင်းရေမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်းရဲ့  မြန်မာစစ်တပ်အကြီးအကဲနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပေမဲ့ တစ်စုံတစ်ရာ ရလာဒ်ထွက်‌ပေါ်ခြင်းမရှိပါဘူး။ ‌အောက်ပါစခရင်ရှော့ကတော့  ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ယူကျူ့ဗွီဒီယိုတစ်ခုဖြစ်ပါတယ်။ “UN အတွင်း‌ရေးမှူးချုပ်ကို ဒေါ်စုကိုအာဏာလွှဲဖို့ မအလ လက်မှတ်ထိုးပေးလိုက်ပြီ”လို့လည်း ဗွီဒီယိုထဲမှာရေးသားထားသလို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘန်ကီမွန်း လက်ဆွဲနှုတ်ဆက်နေတဲ့ ဓာတ်ပုံ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်စာရေးသားနေတဲ့ ဓာတ်ပုံတွေလည်းပါဝင်ပါတယ်။ ဗွီဒီယို‌ခေါင်းစီးစာသား မှာလည်း “UNကို မအလ ကတိပေး လက်မှတ်ထိုးပြီ။ အမေစူကို အာဏာလွှဲမယ်” (မူရင်းအရေးအသား) လို့ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။ […]

Continue Reading

Fact Check: သင်္ကြန်မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်ကွယ်လွန်တဲ့သတင်းပေါက်ကြား ဆိုတဲ့ သတင်းတု

သင်္ကြန်မတိုင်မီက ဒေါ်အောင်ဆန်းစုကြည်သေဆုံးသွားခဲ့တဲ့ သတင်းပေါက်ကြားလာတယ်လို့ဆိုတဲ့ ဗွီဒီယိုပို့စ် တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူ တွေရဲ့အကြား ပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ သတင်းခေါင်းစဉ်တုနဲ့ မီဒီယာ အချို့မှာဖော်ပြခဲ့တဲ့ သတင်းအချို့ကို မျှဝေနေခြင်းဖြစ်ပါတယ်။ အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့ခဲ့တဲ့ ဗွီဒီယိုပို့စ်ဖြစ်တယ်။ “Page 191”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက “သင်္ကြန်ပြီးမတရားဝင်ကြေညာမဲ့အမေစုသတင်း”လို့ရေးသားမျှဝေထားပြီး ဗွီဒီယိုထဲမှာတော့ ‌ဒေါ်အောင်ဆန်းစု ကြည်ဓာတ်ပုံ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဓာတ်ပုံတို့နဲ့အတူ “တပ်တွင်းသတင်းပေါက်ကြား အမေစု ဆုံးပြီ”လို့ရေးသားထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုအစမှာပြသတဲ့ thumbnail ဓာတ်ပုံစာသားထဲမှာတော့ “တပ်တွင်းသတင်းပေါက်ကြား အမေစု ဆုံးပြီ”လို့ရေးသားထားပေမဲ့ ဗွီဒီယိုထဲမှာ ဖတ်ကြားနေတဲ့အကြောင်းအရာဟာ ဧပြီ ၄ ရက်က မြန်မာနောင်း သတင်းဝက်ဘ်ဆိုဒ်မှာ ဖော်ပြခဲ့တဲ့ “ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုကို ဖုံးကွယ်ခဲ့ကြောင်း ဒေါ်စန္ဒာမင်း ဝန်ခံ”ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။   ဘီဘီစီ […]

Continue Reading