Fact Check: NUG ကို အစိုးရအဖြစ် စစ်တပ်က လက်ခံရမည်လို့ တရုတ်ထုတ်ပြန်တဲ့ သတင်းတု

NUG ကို အစိုးရအဖြစ် စစ်တပ်က လက်ခံရမည်လို့ တရုတ်က ထုတ်ပြန်လိုက်ပြီး စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက တရုတ်သံရုံးကို မောင်းထုတ်မယ်ပြောဆိုတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားသာဖြစ်တယ်။ တရုတ်က ဒီလိုထုတ်ပြန်တာမရှိပါဘူး။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပို့စ်ပါစာသား ကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာ ကြည့်ပါ။ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း တသိန်းဝန်းကျင်ရရှိထားတယ်။  “တရုတ်က NUG နဲ့ ဆွေးနွေးနေပြီ တရုတ်သံရုံး မောင်းထုတ်မည်ဟု ‌ဇော်မင်းထွန်း အော်ပြောနေ NUG ကို အစိုးရ အဖြစ် စစ်တပ်က လက်ခံရမည်ဟု ထုတ်ပြန် တရုတ်ကြေညာချက် မင်းအောင်လှိုင် ဒေါသထွက်နေ” မူရင်းလင်ခ့် – Youtube link | Archive link […]

Continue Reading

Fact Check: အသစ်ရွေးချယ်လိုက်တဲ့ ဗာတီကန်ပုပ်ရဟန်းမင်းလား-မဟုတ်ပါ

ကက်သလစ်ဘာသာဝင်တွေအတွက် ပုပ်ရဟန်းမင်းအသစ် ရွေးချယ်လိုက်ပြီဆိုပြီး ပြောဆိုချက်တခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားသာဖြစ်တယ်။ ပုပ်ရဟန်းမင်းအသစ် ရွေးကောက်ခြင်းကို မေ ၇ ရက်မှာ ပြုလုပ်မယ်လို့ ဗာတီကန်စီးတီးက ကြေညာထားတယ်။ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ “Thomas Myo Lin”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူရေးသားခဲ့တဲ့ ပို့စ်ပါစာသား ကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီလိုပဲ ကာဒီနယ် ၂၃၀ ကျော်ထဲက မဲအများဆုံးရရှိပြီး အသစ်ခန့်အပ်လိုက်တဲ့ ပုပ်ရဟန်းမင်းခန့်အပ်ပွဲဆိုပြီးတော့လည်း ဒီအကောင့်ကပဲ ထပ်မံ မျှဝေခဲ့ပါသေးတယ်။   “ကက်သလစ်ဘာသာဝင်တွေအတွက် ပုပ်ရဟန်းမင်းကြီးအသစ် ကိုဆောင်ကြည်းလာပါပီ”လို့လည်း ရေးသားထားပါတယ် မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ပုပ်ရဟန်းမင်းအသစ် ရွေးကောက်ခြင်း အစည်းအဝေးကို မေ ၇ […]

Continue Reading

Fact Check: တူရကီမှာ ပြင်းအား ၆ ဒဿမ ၄ ငလျင်လှုပ်ခတ်မှု မြင်ကွင်း ဗွီဒီယိုလား-မဟုတ်ပါ

တူရကီနိုင်ငံမှာ ပြင်းအား ၆ ဒဿမ ၄ ငလျင်လှုပ်ခတ်မှု မြင်ကွင်း ဗွီဒီယိုဆိုပြီး ဗွီဒီယိုတခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ သတင်းမှားတခုဖြစ်ပြီး ဗွီဒီယိုဟာ ဧပြီ ၂၄ ရက် တူရကီငလျင်မတိုင်ခင်ကတည်း အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တယ်။ ဧပြီ ၂၄ ရက်မှာ စတင်ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုနဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အထပ်မြင့်အဆောက်အဦးတွေနဲ့ လမ်းပေါ်မှာ လူတွပြေးလွှားနေကြတဲ့မြင်ကွင်း၊ အထပ်မြင့်တိုက်တလုံး ပြိုကျပျက်စီးသွားတဲ့ မြင်ကွင်းနဲ့ လူတွေယိုင်ထိုးနေတဲ့ မြင်ကွင်းတွေပါဝင်တဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှု ၆ သိန်းကျော်ရှိထားပြီး ပြန်လည်မျှဝေမှုပေါင်း ၂၀၀၀ ကျော်ရရှိထားတယ်။ တူညီတဲ့ မျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရတယ်။ “တူရကီမှာ 6.4. အဆင့်ရှိတဲ့ ငလျင် လှုပ်သွားသည် မြင်ကွင်း” Original link | […]

Continue Reading

Fact Check: ဧပြီ ၂၁ ရက်မှာ မြန်မာနိုင်ငံအပါအဝင် အာရှ ၅ နိုင်ငံအထိ ခံစားရမယ့် ငလျင်ကြီးထပ်လှုပ်မယ်ဆိုတဲ့ သတင်းမှား

ဧပြီ ၂၁ ရက်မှာ မြန်မာနိုင်ငံအပါအဝင် အာရှ ၅ နိုင်ငံအထိ ခံစားရမယ့် ငလျင်ကြီး ထပ်မံလှုပ်ခတ်မယ်လို့ပြော ဆိုထားတဲ့ ဗွီဒီယိုတခု ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားတာ ကြည့်ရှူ့မှု များပြားလျှက်ရှိပါတယ်။  တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ ပြောဆိုချက်သာဖြစ်တယ်။ ငလျင် ဘယ်အချိန်လှုပ်မယ်ဆိုတာ တိတိကျကျခန့်မှန်းနိုင်တဲ့ အထောက်အထားမရှိပါဘူး။ အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုရဲ့ စခရင်ရှော့ဓာတ်ပုံဖြစ်တယ်။ ဒီဗွီဒီယိုထဲမှာ ၂၀၂၅ ခုနှစ် ဧပြီ ၂၁ ရက် ၁၂ နာရီ ၂၁ မိနစ်မှာ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနဲ့ မလေးရှား ၅ နိုင်ငံလုံး ခံစားရမယ့် ငလျင်ကြီးလှုပ်မယ်လို့ ပြောဆိုထားပါတယ်။ မူရင်းလင်ခ့် – Facebook link  | Archive link အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: သောင်ရင်းတောင်းဆိုချက် ၁၀ ချက်ကို စစ်ကောင်စီသဘောတူပြီး နိုင်ငံတဝန်းက တပ်တွေ နေပြည်တော်ပြန်ခေါ်တဲ့ သတင်းတု

စစ်ကောင်စီက တော်လှန်ရေးအင်းအားစုတွေရဲ့ တောင်းဆိုချက် ၁၀ ချက်ကို သဘောတူလက်မှတ်ရေး ထိုးလိုက်ပြီးနောက် နိုင်ငံတဝန်းက တပ်တွေ နေပြည်တော်ပြန်နေပြီလို့ ဆိုလိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ  ဖြန့်ဝေနေတာတွေ့ရပါတယ်။ နားလည်မှုလွဲမှာစေနိုင်တဲ့ သတင်းတုဖြန့်ချိမှုသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုကရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။   “အချက် ၁၀ ချက် သဘောတူလိုက်ပြီ နိုင်ငံတစ်ဝန်းတပ်များအားလုံး နေပြည်တော်ပြန်နေပြီ စစ်ကောင်စီ လက်မှတ်ထိုးပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် စစ်ကောင်စီက သောင်ရင်းသဘောတူညီချက်နဲ့ ပတ်သက်ပြီး သဘောတူလက်မှတ်ထိုး တယ်ဆိုတာ  ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေက ‌ဖော်ပြချက်မရှိပါဘူး။  ဒီလိုပဲ နိုင်ငံတဝန်းက တပ်တွေ နေပြည်တော်ကို ပြန်လာနေပြီဆိုတာလည်း သတင်းမှားသာဖြစ်တယ်။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay […]

Continue Reading

Fact Check: အခါးကို ၆ နာရီအတွင်း ၂ ကြိမ်စားမိရင် သွေးတိုးပြီး သေဆုံးနိုင်သလား- အထောက်အထားမရှိပါ

ခါးတဲ့အရသာ ၂ မျိုးကို ၆ နာရီအတွင်း ၂ ကြိမ်စားမိရင် သွေးတိုးပြီး သေဆုံးနိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့နေတာဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား တခုဖြစ်တာတွေ့ရပါတယ်။ အစားအသောက် ၂ ခုကို အတူတွဲ စားသောက်မိလို့ သေဆုံးနိုင်တယ်ဆိုတာဟာလည်း ယုံတမ်းစကားတခုသာဖြစ်ပါတယ်။  ပျံ့နှံ့မှုအားကောင်းနေဆဲ ဖေ့စ်ဘွတ်ပို့စ်စခရင်ရှော့နဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ ဒီဇင်ဘာ ၂၉ ရက်မှာစတင်ဖြန့်ဝေခဲ့တဲ့ ဒီပို့စ်ဟာ တရက်အတွင်း ပြန်လည်မျှဝေမှုပေါင်း တထောင်ကျော်နဲ့  ကြည့်ရှု့မှုအကြိမ်အရေအတွက် တ သိန်းနီးပါးအထိ ရရှိထားတယ်။  ဒီပို့စ်မှာပဲ ဓာတ်ပုံစာသားထဲမှာတော့ အမျိုးမတူသည့် အခါးကို ၆ နာရီအတွင်း ၂ ကြိမ်စားမိပါက သွေးတိုးပြီး လေဖြတ်သေဆုံးနိုင်ခြေရှိတယ်လို့လည်း ဆိုထားပါတယ်။  “ခွေးတောက် + တမာ ကြောင်လျှာ + ကြက်ဟင်းခါး […]

Continue Reading

Fact Check: သံတွဲလေဆိပ်ရှေ့မှာ AA တပ်ဖွဲ့ဝင်တွေ မှတ်တမ်းဓာတ်ပုံလား-မဟုတ်ပါ

သံတွဲလေဆိပ်ရှေ့မှာ AA တပ်ဖွဲ့ဝင်တွေကို ရိုက်ကူးထားတဲ့ မှတ်တမ်းဓာတ်ပုံလို့ဆိုထားတဲ့ ပို့စ်တခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့တာတွေ့ရပါတယ်။ ပြုပြင်ပြောင်းလဲထားတဲ့ ဓာတ်ပုံတပုံဖြစ်တာ တွေ့ရတယ်။ အောက်ကတော့ ပျံ့နှံ့နေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံဖြစ်တယ်။ တူညီတဲ့ရေးသား မျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  “သာလီစွနဲ့ 🦅ဂါရဝပါ သံတွဲလေဆိပ်” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဓာတ်ပုံတွေကို ပုံရှာနည်း၊ အဓိကကျတဲ့ စကားလုံးအသုံးပြုရှာဖွေနည်းအသုံးပြုရှာဖွေရာမှာ ဓာတ်ပုံဟောင်းတွေ ကို အသုံးပြုပြီး ပြန်လည်ဖန်တီးထားတာတွေ့ရပါတယ်။ ဓာတ်ပုံရဲ့ နောက်ခံကို  သတင်းဌာနတွေက ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ အသုံးပြုခဲ့တာတွေ့ရပါတယ်။ (ဒီလင့်ခ်မှာကြည့်ပါ) ဒီအပြင် အာရက္ခတပ်တော်(AA)တပ်ဖွဲ့ဝင်တွေ အလံကိုင်ပြီး မှတ်တမ်းရိုက်ထားတဲ့ ဓာတ်ပုံဟာ မတ် ၈ […]

Continue Reading

Fact Check: လူရွှင်တော် ဝိုင်းကျော်နာရေး စစ်တပ်က ဗုံးကြဲဆိုတဲ့ သတင်းတု

စစ်အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားသူ လူရွှင်တော် ဝိုင်းကျော်ရဲ့ နာရေးကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့  ပြည်သူ ၅၀ ကျော်ထိခိုက်သေဆုံးခဲ့တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအား ကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယို ပါစာသားကောက်နုတ်ချက် ဖြစ်ပါတယ်။ ဗွီဒီယိုထဲမှာလည်း လူရွှင်တော်ဝိုင်းကျော် နာရေးကို စစ်ကောင်စီ လေတပ်က ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၅၀ ကျော်လောက် သေဆုံးခဲ့တယ်လို့ ပြောဆိုထားပါတယ်။ “လူရွှင်တော်ဝိုင်းကျော် နာရေးကို စစ်ကောင်စီ လေတပ်က ဗုံးကြဲတိုက်ခိုက်” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ကွယ်လွန်သူ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်သူ လူရွှင်တော် ဝိုင်းကျော်ရဲ့ နောက်ဆုံးခရီးကို မေ ၂၄ ရက် နေ့လယ် […]

Continue Reading

Fact Check: BGF ‌ခေါင်းဆောင် စောချစ်သူ အဖမ်းခံရဆိုပြီး မျှဝေနေတဲ့ သတင်းမှား

BGF ‌ခေါင်းဆောင် စောချစ်သူ အဖမ်းခံရဆိုတယ်လို့ ဆိုထားတဲ့ ပို့စ်တစ်ခု ယူကျူ့မှာချန်နယ်တခုက ထပ်ခါတလဲ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း ကြည့်ပါတယ်။ “BGF ခေါင်းဆောင် စောချစ်သူ  အဖမ်းခံရတဲ့သတင်း  ဗိုလ်ကြီးနေမျိုးဇင် ကြေညာလာပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် KNA တဖြစ်လဲ BGF ခေါင်းဆောင် စောချစ်သူ အဖမ်းခံရတဲ့ သတင်းကို သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဖော်ပြချက်မရှိပါဘူး။ တကယ်တမ်း အခုဖြန့်ဝေနေတဲ့ “Update News Channel”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်ရာ စစ်အာဏာရှင်တော်လှန်ရေးမှာ တက်ကြွလှုပ်ရှားနေတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ရဲ့live လွှင့် […]

Continue Reading

Fact Check: သမ္မတဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ကုလသမဂ္ဂက မဲခွဲဆုံးဖြတ်တဲ့ သတင်းတု

သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ကုလသမဂ္ဂက တိုက်ရိုက်မဲခွဲဆုံးဖြတ်လိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုပို့စ်တခု ယူကျူ့မှာ ဖြန့်ဝေနေတာ ပျံ့နှံ့မှုအား ကောင်းလျှက်ရှိတာ တွေ့ ရပါတယ်။ သတင်းမှား ဖြစ်တယ်။  အောက်ပါစခရင်ရှော့နဲ့ စာသားက‌တော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ချန်နယ်တခုက ရယူထားခြင်းဖြစ်တယ်။ မူရင်းလင့်ခ် – Youtube link | Archive link အချက်အလက်စိစစ်ချက် သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ကုလသမဂ္ဂက တိုက်ရိုက်မဲခွဲဆုံးဖြတ် တယ် ဆိုတဲ့ အကြောင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ‌ ဖော်ပြချက်မရှိပါဘူး။ “Local Times”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းတွေကို အခုလိုပဲ နားလည်မှုလွဲစေနိုင်တဲ့ သတင်း‌ခေါင်းစဉ်တုတပ် ဖြန့်ချိလေ့ရှိတာတွေ့ရပါတယ်။ တကယ်တော့ ဗွီဒီယိုထဲပါအကြောင်းအရာမှာ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ လွတ်လပ်တဲ့အာရှအသံ(မြန်မာပိုင်း)အစီအစဉ်တင်ဆက်သူ […]

Continue Reading