Fact Check: ကဆုန်လပြည့်မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွှတ်လာတဲ့ သတင်းတု

ကဆုန်လပြည့်မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီလို့ ဆိုတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတယ်။ သတင်းတု ဖြစ်တယ်။ ယူကျူ့မှာ ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူတဲ့ မျှဝေမှုတွေကို ဒီလင့်ခ်မှာလည်းတွေ့ရပါတယ်။  “တနိူင်ငံလုံး ကခုန်နေကြပြီ ရန်ကုန်လေဆိပ်မှာ ရဲရဲတောက်နီကုန်ပြီ ကဆုလပြည့်နေ့တွင် အမေစုပါဝင် အကျဉ်းသား(၁၅၀၈)ဦး လွှတ်လာ၊ ရန်ကုန်လေဆိပ်တွင် အမေစုကို ရဲရဲတောက် ကြိုဆိုနေကြပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုအစပြသတဲ့ ရုပ်ကတ်မှာ ကဆုန်လပြည့်မှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အကျဉ်းသား ၁၅၀၈ ဦးလွတ်လာတယ်လို့ဆိုထားပြီး အသံဖိုင်နဲ့ ဖတ်ကြားမှုမှာလည်း “အကြမ်းဖက်စစ်တပ်က ကဆုန်လပြည့်နေ့အထိမ်းအမှတ်အနေနဲ့ တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်အသီးသီးက အကျဉ်းသား စုစုပေါင်း ၁၅,၀၈ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း […]

Continue Reading