Fact Check: စစ်ခေါင်းဆောင်ရဲ့ ပိုင်ဆိုင်မှုတွေကို အမေရိကန်ကို အပ်လိုက်ပြီဆိုတဲ့ သတင်းတု
ဖမ်းမိတဲ့ မြန်မာစစ်တပ်ခေါင်းဆောင်ပိုင်ဆိုင်မှုအားလုံးကို အမေရိကန်လက်ထဲအပ်လိုက်ပြီလို့ ထိုင်းအစိုးရ ထုတ်ပြန်ဆိုတဲ့ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့မှုအားကောင်းနေပြီး နားလည်မှုလွဲစေနိုင် တာတွေ့ရပါတယ်။ သတင်းခေါင်းစဉ်တုအသုံးပြုပြီး ချဲ့ကားရေးသားထားခြင်းဖြစ်ပါတယ်။ “ဖမ်းမိတဲ့ မအလ ပိုင်ဆိုင်မှုအားလုံး USလက်ထဲအပ်ပြီလို့ ထိုင်းအစိုးရထုတ်ပြန်လိုက်ပြီ”လို့ ရေးသားပြီး “Queen10シ” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link | Archive link တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုပို့စ်စာသားနဲ့ ဗွီဒီယိုထဲက စာသားမှာ “ဖမ်းမိတဲ့ မအလ ပိုင်ဆိုင်မှုအားလုံး USလက်ထဲအပ်ပြီလို့ ထိုင်းအစိုးရထုတ်ပြန်လိုက်ပြီ”စသည်ဖြင့်ရေးသားထားပေမဲ့ ဗွီဒီယိုထဲကအကြောင်းအရာဟာ မြန်မာစစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လူယုံတော် လက်နက်ပွဲစား ထွန်းမင်းလတ်ကိုဖမ်းဆီးမှုနောက်ဆက် တွဲအခြေအနေတွေနဲ့ စစ်တပ်ခေါင်းဆောင်တွေရဲ့ မြန်မာစီးပွားရေးအပေါ် အမြတ်ထုတ်မှု၊ အဂတိလိုက် စားမှုတွေကို ဆွေးနွေးနေတဲ့ ဗွီဒီယိုတစ်ခုသာဖြစ်ပါတယ်။ ဖမ်းမိတဲ့ […]
Continue Reading