Fact Check: မင်္ဂလာဒုံစစ်ဆေးရုံကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်မှု သေဆုံးမှုများပြားဆိုတဲ့ သတင်းတု
မင်္ဂလာဒုံစစ်တပ်ဆေးရုံကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်မှုမှာ မြန်မာစစ်အစိုးရဘက်က အများအပြားထိခိုက်သေဆုံးခဲ့တယ်လို့ ဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားတာတွေ့ရတယ်။ သတင်းတုသာဖြစ်တယ်။ ယူကျူ့မှာ ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ “မင်္ဂလာဒုံ စစ်ဆေးရုံ သွေးချောင်းစီး မင်္ဂလာဒုံ စစ်ဆေးရုံ တက်ခိုက်ခံရ ၊ အရာရှိတွေ အပါဝင် အများပြား သေဆုံး ၊ သွေးချောင်းစီးနေပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဒီဗွီဒီယိုအစပြသတဲ့ ရုပ်ကတ်စာသားဓာတ်ပုံရော ဗွီဒီယိုထဲအသံဖိုင်နဲ့ ဖတ်ကြားမှုမှာပါ တော်လှန်ရေးတပ်ဖွဲ့တွေက မင်္ဂလာဒုံစစ်တပ်ဆေးရုံကို ဝင်ရောက်တိုက်ခိုက်မှုကြောင့် အများအပြား သေဆုံးခဲ့တယ်လို့ ဆိုထားပါတယ်။ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ စစ်တပ်ဆေးရုံတိုက်ခိုက်ခံရတယ်ဆိုတဲ့ သတင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာဖြစ်စေ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကကျတဲ့ မီဒီယာတွေမှာဖြစ်စေ […]
Continue Reading
