Fact Check: ရဟတ်ယာဉ် ပစ်ချခံရမှုမှာ ဒုတပ်ချုပ် ကျော်စွာလင်း သေဆုံးတဲ့ သတင်းတု

ရဟတ်ယာဉ် ပစ်ချခံရမှုမှာ ဒုတပ်ချုပ် ကျော်စွာလင်း သေဆုံးသွားတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။  ယူကျူ့မှာဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုစခရင်ရှော့နဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။   “စစ်တပ်ရဲ့ အကြီးဆုံး ရဟက်ယာဉ် ပစ်ချ ဒုတပ်ချုပ် ကျော်စွာလင်း သေဆုံးကြောင်း သတင်းထွက်ပေါ် ၊ စစ်ရုံးချုပ်အတွင်းပွဲဆူပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Yangon Khit Thit ”ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ သတင်းမီဒီယာ တချို့မှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ပြန်လည်ကူးယူပြီး ခေါင်းစဉ်တုတပ်ဖြန့်ချိပါတယ်။ တခါတရံမှာ လုပ် ကြံရေးသားပြောဆိုမှုတွေနဲ့ သတင်းတွေကို ရောနှောဖြန့်ချိလေ့ ရှိပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်တဲ့ Fact Crescendo Myanmar က […]

Continue Reading

Fact Check: မြိုင်နယ်က ရွာ ၃ ရွာကို NUG လက်အောက်ခံ PDF များ မီးရှို့ဆိုတဲ့ သတင်းမှား

 အမျိုးသားညီညွှတ်‌ရေးအစိုးရ(NUG ) လက်အောက်ခံ ပြည်သူကာကွယ်ရေးတပ်(PDF )က မြိုင်မြို့နယ်ရှိရွာတွေ ကို မီးရှို့ခဲ့တယ်ဆိုပြီးပြောတယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ဖြန့်ဝေနေတာတွေ့ရပါတယ်။  သတင်းမှားဖြစ်ပါတယ်။ “မြိုင်နယ်က ရွာ ၃ ရွာကို NUG လက်အောက်ခံ pdf များ မီးရှို့လို့ အိမ်ခြေ ၁၃၀ ကျော် မီးလောင်ပျက်စီး မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲရှိ ကျေးရွာ ၃ ရွာက နေအိမ်အချို့ကို NUG လက်အောက်ခံ pdf များက ဒီဇင်ဘာလ ၂၉ ရက်နဲ့ ၃၀ ရက်အတွင်း မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၁၃၄ လုံးပြာကျ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ အဲဒီ NUG လက်အောက်ခံ pdf များကဒီဇင်ဘာလ ၂၉ ရက်နေ့လည် ၂ နာရီလောက်မှာ […]

Continue Reading

Fact Check: မြိုင်မြို့နယ်က NLD အောင်နိုင်ရေး ဆိုင်ဘုတ်တစ်ခုကို ဒီဂျစ်တယ် နည်းလမ်းနဲ့အသုံးပြုပြီး အမှားဖြန့်ဝေ

ရွေးကောက်ပွဲအတွက် စိုက်ထူတဲ့ NLD ဆိုင်းဘုတ်တစ်ခုရဲ့ စာသားတွင် ဒီဂျစ်တယ်နည်းလမ်းအသုံးပြုပြီး ပြောင်းလဲရေးသားထားတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာ သတင်းမှားဖြန့်ဝေလျှက်ရှိတာကို တွေ့ရပါတယ်။  ဒီလိုပျံ့နှံ့လျက်ရှိတဲ့ပို့စ် ဓာတ်ပုံထဲက စာသားမှာ “လူကို ခွေးလိုအုပ်ချုပ်တဲ့ အစိုးရမျိုးရဖို့ NLD ကိုမဲပေးစို့”လို့ရေးသားထားတာတွေ့ရပါတယ်။ ဒီဓာတ်ပုံနဲ့အတူ “ကျွန်သဘောက်မကြီး   SHOWလိုက်ပါအုံး အမေ့သားတွေနော် ဘာမှတ်လည်း #ဖျားသွားမယ် #လူညံ့တွေတင်မြှောက်လိုက်တဲ့ခေါင်းဆောင်ဟာ ခေါင်းဆောင်မဖြစ်ပဲ #လူညံ့ဦးဆောင်သူအဖြစ်သာတွေ့ရမှာ  *ဆိုင်းဘုတ်သက်သေ* !:.” $%& /? *ဆောင်*တော့တူပါရဲ့ *ခေါင်းနဲ့ ဦး*ကွာသွားတာ”လို့ “Aung Htun Linn”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်တိုဘာ ၁၅ ရက်က အောက်ပါအတိုင်း မျှဝေထားပါတယ်။ ဒီနေရာမှာလည်း အလားတူဓာတ်ပုံကို မျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် […]

Continue Reading