Fact Check : ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝမ်ယိ တွေ့ဆုံမှု ဗွီဒီယိုဟာ AI အသုံးပြု ဖန်တီးထားခြင်းဖြစ်တယ်

နေပြည်တော်မှာ အကျယ်ချုပ်ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ တွေ့ဆုံမှု CCTV မှတ်တမ်း ဗွီဒီယိုလို့ဆိုပြီး ဗွီဒီယိုတခု လူမှုကွန်ယက်မှာ ဒီရက်ပိုင်းအတွင်း ပျံ့နှံ့လာတာ တွေ့ရတယ်။ ဉာဏ်ရည်တု(AI)နည်းပညာအသုံးပြု ဖန်တီးထားတဲ့ ဗွီဒီယိုဖြစ်တာတွေ့ရတယ်။ နေပြည်တော် ခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝမ်ယိတို့ တွေ့ဆုံခဲ့တယ်လို့ ဧရာဝတီသတင်းဌာနက ‌ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းဖော်ပြခဲ့အပြီးမှာလည်း ဒီလိုပြောဆိုထားတဲ့ ဗွီဒီယိုတွေ ထွက်ပေါ်လာတာပဲဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  တူညီတဲ့မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။  “ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်နိုင်ငံခြားရေး ဝမ်ရိတွေ့ဆုံမှု CCTV မှတ်တမ်း” Original link | Archive link အချက်အလက်စိစစ်ချက် ဧရာဝတီသတင်းဌာနက မေ ၂ ရက်မှာဖော်ပြခဲ့တဲ့ သတင်းကလွဲလို့ ဧပြီ ၂၅ ရက်က […]

Continue Reading

Fact Check : နေပြည်တော်ရောက် ဝမ်ယိ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့ သတင်းတု

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ နေပြည်တော်မှာ အကျယ်ချုပ်ကျနေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံခဲ့တယ် ဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာဖြန့်ဝေထားရာမှာ ပျံ့နှံ့နေတာတွေ့ရတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။   “ဝပ်ယီနဲ့ အမေစု တွေ့ ဆုံ  ဒေါ်စု စကားကြောင့် ဝမ်ယိ တုန်လှုပ်  လူထုခေါင်းဆောင်ရဲ့ ပြတ်သားလွန်းတဲ့စကား ၊ တရုတ်  ကိုယ်စားလှယ် ဝမ်ယိ မျက်နှာပျက်ပြီးအံဩ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ နေပြည်တော်မှာ အကျယ်ချုပ်ကျနေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံခဲ့တယ်လို့ဆိုထားသလို အသံဖိုင်နဲ့ ဖတ်ကြားမှု မှာလည်း ဒီလိုပြောဆိုထားတာတွေ့ရပါတယ်။ ဒီလိုတွေ့ဆုံမှုမှာ အနောက်အုပ်စုနဲ့ အဆက်အသွယ်ဖြတ်ဖို့ […]

Continue Reading

Fact Check: နေပြည်တော်မှာ အာဏာသိမ်းမှုတကယ်ဖြစ်ခဲ့သလား- မဟုတ်ပါ

နေပြည်တော်မှာ လက်ရှိအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တန်ပြန်အာဏာသိမ်းမှု ဖြစ်ခဲ့တယ်ဆိုပြီး ကောလာဟလ သတင်းပျံ့နှံ့ခဲ့ပြီးနောက်မှာ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုဖြန့်ချိလေ့ရှိတဲ့ ယူကျူ့ချန်တွေက ထပ်မံချဲ့ကားဖြန့်ဝေခဲ့ကြတာတွေ့ရပါတယ်။ ဒီလိုဖြန့်ဝေရာမှာ မူလပြောဆိုချက်ဖြစ်တဲ့ စစ်ခေါင်းဆောင် လက်အောက်ခံ ဗိုလ်ချုပ်ကြီး ၃ ဦးက အာဏာသိမ်းမှုအဖြစ် ကနေ အာဏာသိမ်းမှုကို အာဏာရှင်ဟောင်း ဦးသန်းရွှေနဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ က အတည်ပြုလိုက်တယ်ဆိုသည်အထိ  နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တု တပ်ဗွီဒီယိုတွေ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ ပျံ့နှံ့ခဲ့တာ တွေ့ရပါတယ်။  ဩဂုတ် ၁၄ ရက်မှာ စတင်ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဗွီဒီယိုတွေထဲက တခုကို အောက်မှာကြည့်ပါ။ ဒီချန်နယ်မှာပဲ အခြားသော အလားတူတဲ့ရေးသားမျှဝေမှုဆက်တိုက်ဖြန့်ချိခဲ့ပြီး ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာကြည့်ပါ။   “မအလကြင်စိုး ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ဦးသန်းရွှေနဲ့တရုတ်နိုင်ငံခြားရေးဝန်ကြီး အတည်ပြုကြေငြာ”(မူလအရေးအသား) မူရင်းလင်ခ့် – […]

Continue Reading