Fact Check: စစ်ကြောရေးမှာ အမျိုးသမီးတစ်ဦးကို လက်ထိတ်၊ ခြေကျဉ်းခတ်ထားတဲ့ ဓာတ်ပုံဟာ AI နဲ့ ဖန်တီးထားခြင်းဖြစ်တယ်

စစ်ကြောရေးမှာ အမျိုးသမီးတစ်ဦးကို လက်ထိတ်၊ ခြေကျဉ်းခတ်ထားပြီး နှိပ်စက်နေတဲ့ ဓာတ်ပုံတွေပေါက်ကြား လာတယ်ဆိုပြီး ဓာတ်ပုံပို့စ်တခု မေလ တတိယပတ်ကစပြီး ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်းခဲ့တာ တွေ့ရတယ်။ တကယ်တော့ ဓာတ်ပုံဟာ ဉာဏ်ရည်တုနည်းပညာ(AI)အသုံးပြုဖန်တီးထားတဲ့ အထောက်အထားတွေ တွေ့ရပါတယ်။  ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။  “#စစ်ကောင်စီ စစ်ကြောရေးခန်းထဲက ပေါက်ကြားလာတဲ့ အမှန်တရား • စစ်ကြောရေးတွင် အမျိုးသမီးတစ်ဦးကို လက်ထိတ်၊ ခြေကျဉ်းခတ် နှိပ်စက်ထားသည့် ဓာတ်ပုံများ ပေါက်ကြားလာမှု မကြာသေးခင်က လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ စစ်ကောင်စီရဲ့ စစ်ကြောရေး (သို့) အချုပ်ခန်းတစ်ခုအတွင်း အမျိုးသမီးတစ်ဦးကို ညှဉ်းပန်းနှိပ်စက် ဖမ်းဆီးထားတဲ့ တုန်လှုပ်စရာ ဓာတ်ပုံတချို့ […]

Continue Reading

Fact Check: အမျိုးသမီး စစ်မှုထမ်းကိစ္စကြောင့် ပါတီခေါင်းဆောင် ဦးကိုကိုကြီး ပစ်သတ်ခံရတဲ့ သတင်းတု

စစ်မှုထမ်းမှုဥပဒေအရ အမျိုးသမီးတွေကိုပါ ခေါ်ဖို့ စစ်ခေါင်းဆောင်ကို မြှောက်ပေးခဲ့တဲ့အတွက် ပြည်သူ့ပါတီ ခေါင်းဆောင် ဦးကိုကိုကြီး ပစ်သတ်ခံရတယ်ဆိုတဲ့ ဗွီဒီယိုပို့စ် ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့နေတာဟာ သတင်းတု တခုသာဖြစ်တယ်။   ဇန်နဝါရီ ၂၆ ရက်မှာ ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။  “အမျိုးသမီးတွေ စစ်မှုထမ်းခိုင်းဖို့ မအလ ကို  မြှောက်ပေးတဲ့ ဦးကိုကိုကြီး ပစ်သတ်ခံရပြီ အာချောင်ချင်ဦးဟ သေစမ်းကွာ(ရုပ်သံ)” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “MCM”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေ ကို ပြန်လည်ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတဲ့နေရာတခုဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar […]

Continue Reading