COVID-19 ကူးစက်ခံရတဲ့ ၂ လသားကလေးငယ် ဆုံးပြီဆိုတဲ့ သတင်းမှားဖြန့်

တကျော့ပြန် COVID-19 ဟာ ကူးစက်ပျံ့နှံ့မှုနဲ့အတူ လူအများစိုးရိမ်ပူပန်မှုဖြစ်ပေါ်လျက်ရှိပါတယ်။ ဒီလိုအခြေအနေမှာ “Myanmar Movies”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက “ရက်စက်လွန်းလှတယ် COVID-19 ရယ် အပြစ်မဲ့တဲ့ ကလေးလေးကိုတောင် မညှာတာဘူး မနေ့ကမှvedioလေးတက်လာလို့ မြန်မြန်သက်သာဖို့ ဆုတောင်းပေးနေတာ ရက်စက်လိုက်တာ covid 19 ရယ်”ဆိုတဲ့ စာသားနဲ့အတူ ကလေးငယ်တစ်ယောက်ရဲ့ နာရေးဓာတ်ပုံတွေနဲ့အတူ အောက်ပါအတိုင်းမျှဝေထားရာမှာ ၂ ရက်အတွင်း ပြန်လည်မျှဝေသူ ၅ ထောင် ကျော်ရှိခဲ့ပါတယ်။  Fb link Archive link အလားတူ ပို့စ်မျိုးကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ြသဂုတ် ၃၁ရက်နေ့ ည ၈ နာရီသတင်းထုတ်ပြန်ချက်အထိ ြသဂုတ် ၁၆ ရက်က စတင်ခဲ့တဲ့ တကျော့ပြန် ပြည်တွင်းကူးစက်မှုမှာ COVID-19 ရောဂါကြောင့် […]

Continue Reading

သဲကုန်းက COVID-19 စစ်ဖို့ နှာခေါင်းတို့ဖက်နမူနာယူခဲ့တဲ့ကလေးပုံကို မြောက်ဦးက ၂ လသမီးအရွယ်ကလေးအဖြစ်သတင်းမှားဖြန့်

သဲကုန်းမြို့က COVID-19 စစ်ဖို့ နှားခေါင်းတို့ဖက်နမူနာယူခဲ့တဲ့ ကလေးငယ်တစ်ဦးပုံကိုရခိုင်ပြည်နယ်မြောက်ဦးက COVID-19 အတည်ပြုလူနာ ၂လသမီးအရွယ်ကလေးအဖြစ် လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့ လျက်ရှိပါတယ်။ ရခိုင်ပြည်နယ်မြောက်ဦးက COVID-19 အတည်ပြုလူနာ ၂လအရွယ်သမီး ကျန်းမာရေးကောင်းမွန်တယ်လို့ ဆေးရုံအုပ်ကြီးကပြောပါတယ်စသည်ဖြင့်ေရးသားထားတဲ့သတင်းကို 7day အမည်နဲ့ဝက်ဘ်ဆိုဒ်တစ်ခုက မျှဝေထားတာအောက်ပါအတိုင်းတွေ့ရပါတယ်။ Fb link Archive link ဒီသတင်းကို ဒီနေရာ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် သဲကုန်းမြို့နယ် ကျန်းမာရေးလှုပ်ရှားမှုတွေနဲ့ ဆေးရုံရဲ့ ဆောင်ရွက်ချက်တွေကို ဖော်ပြနေတဲ့ “သဲကုန်းမြို့နယ် ပြည်သူ့ဆေးရုံ”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရခိုင်ပြည်နယ်မြောက်ဦးက COVID-19 အတည်ပြုလူနာ ၂လအရွယ်သမီးအဖြစ်ဖော်ပြနေတဲ့ ဒီကလေးငယ်ရဲ့ပုံကို တင်ထားတာတွေ့ရပါတယ်။   “25-8-2020 (၁၃) ကြိမ်မြောက်မှာကံကောင်းနိုင်ပါ့မလား ယနေ့စစ်တွေ ပြန်(၁) ဦးအပါအဝင် စုစုပေါင်း(၁၃) ကို ကိုဗစ်နမူနာရယူလိုက်ပါပြီ မနက်ဖြန်ပို့ပါမည်”စသည်ဖြင့်ရေးသားပြီး ြသဂုတ် ၂၅ […]

Continue Reading