Fact Check: ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးနဲ့ပတ်သက်တဲ့ သတင်းမှား ဖြန့်ဝေ

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းဘူး၊ COVID 19 ကူးစက်ခံရတယ်ဆိုတဲ့ ပို့စ်တွေ လူမှုကွန်ယက် အသုံးပြုသူတွေကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။  “နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် တတိယအကြိမ် ဆေးစစ်ချက် COVID 19 ရောဂါပိုး Positive အဖြေထွက်ဟုဆို” ခေါင်းစဉ်တပ်ပြီး “နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ထမ်းအချို့နှင့် သမ္မတရုံး ဝန်ထမ်းများအပါအဝင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ထိစပ်မှု့ရှိခဲ့သည့် အသိုင်းအဝိုင်းများမှ လူပုဂ္ဂိုလ်အချို့မှာ COVID 19 ရောဂါပိုးတွေ့ရှိ ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်စုကြည်အား COVID 19 ရောဂါ ပိုးကူးစက်ခံရမှုရှိမရှိ စစ်ဆေးခဲ့ရာ ပထမ အကြိမ်နှင့် ဒုတိယအကြိမ်များတွင် Nagative အဖြေထွင်ခဲ့သော်လည်း စက်တင်ဘာ ၁၉ ရက် ညနေပိုင်း တွင်တတိယအကြိမ် ပြန်လည်စစ်ဆေးခဲ့ရာ Positive အဖြေထွက်ခဲ့သည့်အတွက် အထူးကုသမားတော်ကြီး များဖြင့် သီးသန့်ကုသနေကြောင်း […]

Continue Reading

ရုရှားကဗျာဆရာ မာယာကော့ဗ် စကီရဲ့ကဗျာဆိုတဲ့ အချက်အလက်မှား

ဒေါ်အောင်ဆန်းစုကြည်ရဲ့ကဗျာလေလံ အပြီး ကဗျာနဲ့ ပတ်သက်တဲ့ သတင်းမှားတွေ ထုတ်လွှင့်မှုတွေ လူမှုကွန် ယက်မှာ ဆက်တိုက်ပျံ့နှံ့လျက်ရှိပါတယ်။ စက်တင်ဘာ ၁၆ ရက်က စတင်ပျံ့နှံ့လျက်ခဲ့တဲ့ပို့စ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကဗျာဟာ ရုရှားကဗျာဆရာ Vladimir Mayakovsky ရဲ့ ကဗျာတစ်ပုဒ်ကို ကူးယူထားခြင်းဖြစ်တယ်ဆိုပြီးအောက်ပါအတိုင်းမျှဝေထားပါတယ်။  Fb link Archive link အလားတူပို့စ်တွေကို  “May Myat Noe”၊ “Myanmar Hard Talk”၊ “သူရ ခိုင်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူတွေ က  Mayakovsky ကဗျာအဖြစ်မျှဝေထားတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဒီကဗျာလေလံနဲ့ပတ်သက်ပြီး သတင်းမှားတွေ ပျံ့နှံ့ခဲ့တာကို Fact Crescendo Myanmar က အချက် အလက် စိစစ်ခဲ့တာကို ဒီလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ မျှဝေလျက်ရှိတဲ့ ရုရှားနာမည်ကြီးကဗျာဆရာ ဗလာဒီမာ မာယာကော့ဗ်စကီ(Vladimir Mayakovsky) […]

Continue Reading

သမိုင်းမှတ်တမ်းဓာတ်ပုံတစ်ခုကို ပုံဖျက်ပြီး ဒေါ်အောင်ဆန်းစုကြည် အဖိုးအဖြစ်ဖော်ပြနေ တဲ့ အချက်အလက်မှား

ဒေါ်အောင်ဆန်းစုကြည်ရဲ့အဖိုးမာမွတ်စူလတန်ဆိုတဲ့ ကာလာအဖြူအမည်းဓာတ်ပုံ ပို့စ်တစ်ခု လူမှုကွန်ယက် အသုံးပြုသူတွေကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။  ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာ “ဒေါ်ခင်ကြည်ရဲ့အဖေ ဒေါ်အောင်ဆန်းစုကြည်ရဲ့အဖိုးမာမွတ်စူလတန်ဆိုတာ ပြည်သူတွေ သိအောင်ဖော်ပြပေးတာပါဒေါ်အောင်ဆန်းစုကြည်ကုလားကိုထိရင်ဘာကြောင့်နာနေတာလဲဆိုတာသိအောင်ပြလိုက်တာဒေါ်အောင်ဆန်းစုကြည်ကိုဗုဒ္ဓဘာသာလို့ပြောနေကြတဲ့ထမိန်ခြုံတွေသတိထားသက်သေအထောက်ထားတွေအများကြီးရှိတယ်အမျိူးသားရေးလုပ်တယ်ဆိုတာထမိန်ခြုံတွေအများကြီးပိုသိနေလို့အမျိူးသားရေးသမားဆိုတာဖြစ်လာတာမသိရင်ငါတို့လဲမင်းတို့ဖင်ပိတ်ပြီးပြောခဲ့ဘူးပါတယ်ထမင်းစားနေတာမှန်ရင်စဉ်းစားကြည့်ပါသူလုပ်နေတဲ့လုပ်ရပ်တွေသူပြောနေတဲ့စကားတွေကိုပေါ့ဒီတခါရွေးကောက်ပွဲကနိူင်ငံကိုကာကွယ်ပြီးသာသနာတော်ကိုကာကွယ်တဲ့ပွဲဆိုတာဗုဒ္ဓဘာသာလူမျိူးတိုင်းသိထားကြဖို့အထူးအရေးကြီးပါတယ်ထမင်းစားပြီးစဉ်းစားပေးပါရွှေမြန်မာတို့”ဆိုပြီးတော့“မြန် မာ့ သွေး”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ အောက်ပါအတိုင်းမျှဝေထားပါတယ်။ အချက်အလက်စိစစ်ချက် ဒီဓာတ်ပုံရဲ့ မူရင်းစာအညွှန်းမှာ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးချိန် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်နှင့်ရင်သွေးများ အတွက် ဘာဘူကြီးတစ်ဦးက နွားငါးကောင် လာရောက်လှူဒါန်းကြောင်းခဲ့ကြောင်းရေးသားထားတဲ့ သမိုင်းဝင် ဓာတ်ပုံတစ်ခုဖြစ်တာတွေ့ရပါတယ်။ “ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးချိန် ကျန်ရစ်သူ ဗိုလ်ချုပ်ကတော်ဒေါ်ခင်ကြည်နှင့် ရင်သွေးများ အတွက် စာနာထောက်ထားမှုဖြင့် ဘာဘူကြီးတစ်ဦးက နွားငါးကောင် လာရောက်လှူဒါန်းကြောင်း စာထဲသာ ဖတ်ဖူးခဲ့ကြပြီး အခုလိုသမိုင်းကိုမှတ်တမ်းသက်သေထူနိုင်သောဓါတ်ပုံမှာ တန်ဖိုးကြီးမားလှပါသည်”ရေးသားပြီး “Bogyoke ဗိုလ္ခ်ဳပ္ -General Aung San”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသ၂၀၁၉ ခုနှစ်အတွင်းက မျှဝေခဲ့ တာတွေ့ရပါတယ်။  ဒီလင့်ခ်မှာလည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။ သုံးသပ်ချက် အထက်ပါအချက်အလက်အရ […]

Continue Reading

ဒေါ်အောင်ဆန်းစုကြည်ရဲ့ကဗျာလေလံနဲ့ပတ်သက်တဲ့ သတင်းမှားပျံ့နှံ့

ဒေါ်အောင်ဆန်းစုကြည်ရဲ့၂၀၁၁၁ ခုနှစ်က ဒါရိုက်တာမင်းထင်ကိုကိုကြီးကိုရေးပေးခဲ့တဲ့ကဗျာလေလံနဲ့ ပတ်သက်ပြီး သတင်းမှားတစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။ ဒီလိုပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ “ဦးမောင်ဝိတ် ( Myanmar Imperial Vega) ဦးရှိန်ဝင်း (တက်လမ်း ) ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းတို့က သိန်း ၂၄၀၀ ကို စုပေါင်းကျခံပြီး မောင်မောင်အေးတို့ကို ပေးချေ သွားမှာဖြစ်ပါ တယ်”စသည်ဖြင့်ရေးသားထားပြီး နိုင်ငံရေးအရလည်း တိုက်ခိုက်ရေးသားထား တာတွေ့ရပါတယ်။ Fb link Fb link Archive link Archive link အချက်အလက်စိစစ်ချက် ဒီလို ပို့စ်တွေ ပျံနှံ့ခဲ့ပြီးနောက်မှာ ဒီလေလံနဲ့ပတ်သက်ပြီး လေလံပွဲကို ဦးစီးဆောင်ရွက်ခဲ့တဲ့ ကိုမောင်မောင်အေးက အောက်ပါအတိုင်းရှင်းလင်းထားတာတွေ့ရပါတယ်။  “အမေစု ကဗျာလေလံအောင်သွားသူသည် ယခုအွန်လိုင်းတွင်ဖွနေသော ဦးရှိန်ဝင်းရော … ဦးမောင်ဝိတ်ရော လုံးဝ ( […]

Continue Reading

ဒေါ်အောင်ဆန်းစုကြည် တရားစွဲဆိုမှုကို အရေးယူဆောင်ရွက်ခြင်းမပြုဖို့ ညွှန်ကြားချက် ဆိုတဲ့ ရုံးစာအတု

ဒေါ်အောင်ဆန်းစုကြည် တရားစွဲဆိုမှုများကို အရေးယူဆောင်ရွက်ခြင်းမပြုဖို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ညွှန်ကြားချက်ဆိုတဲ့ ရုံးစာတစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ ပျံ့နှံ့ခဲ့တဲ့ ရုံးစာမှာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ပြန်သည့် ညွှန်ကြားချက်အဖြစ် ရုံးစာအဖြစ်ဖော်ပြထားပြီး “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး၊ ညွှန်ကြားချက်အမှတ်၊ ၅၄/၂၀၂၀ အရ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုလာသောကိစ္စနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်နိုင်ခြင်း မရှိစေရေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများနှင့် မြန်မာနိုင်ငံပြည်သူ့ရဲတပ်ဖွဲ့များသို့ တိုင်ကြားလာသည်များရှိလျှင် အရေးယူဆောင်ရွက်ပေးနိုင်ခြင်း မပြုစေရေးအတွက် အထူးဂရုပြုဆောင်ရွက်သွားရန် ညွှန်ကြားအပ်ပါသည်”လို့ ဖော်ပြထားတာတာတွေ့ရပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဆွေဆွေနိုင်က လက်မှတ်ရေးထိုးထားတာကို တွေ့ရှိရပါတယ်။ ဒီစာဟာ ရုံးစာတုဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနက ရှင်းလင်းထားတာတွေ့ရပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ဒီလိုပျံ့နှံ့လျက်ရှိတဲ့ပို့စ်နဲ့ပတ်သက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနက “#ရုံးစာအတု သတိပြုရန် အသိပေးကြေညာခြင်း”ဆိုပြီး အောက်ပါအတိုင်း ပြန်လည်ရှင်းလင်းထားတာတွေ့ရပါတယ်။ “ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ […]

Continue Reading

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ပါစေသီချင်းဆိုနေကြတာလား-မဟုတ်ပါ

မြန်မာစကားမတတ်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ပါစေသီချင်းဆိုနေကြတယ်ဆိုပြီး နိုင်ငံခြားက လုံခြုံရေးတပ်ဖွဲ့တစ်ခုက သီချင်းဆိုနေဟန် ဗွီဒီယိုပို့စ်တစ်ခုကို ပျံ့နှံ့လျက်ရှိပါတယ်။ ဒီဗွီဒိုယိုဖိုင်ကို “Pway Li” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “အမေအောင်ဆန်းစုကြည် သမ္မတဖြစ်ပါစေတဲ့ ကို့ဘာသာစကားမဟုက်ပေမဲ့ အမေ့ကိုဂုဏ်ပြုသီဆိုထားတာလေးနားထောင်ကြည့်ပါဗျာ အမေအောင်ဆန်း စုကြည် သမ္မတဖြစ်ပါစေတဲ့ကို့ဘာသာစကားမဟုက်ပေမဲ့ အမေ့ကိုဂုဏ်ပြုသီဆိုထား တာလေးနားထောင် ကြည့်ပါဗျာ”ဆိုပြီး အောက်ပါအတိုင်းမျှဝေထားရာမှာ ၂ ရက်အတွင်း ဒီဗွီဒီယိုကို ပြန်လည် မျှဝေသူပေါင်း ၃ သောင်း ၈ ထောင်ကျော်ရှိပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ဒီဗွီဒီယိုကို ဗွီဒီယိုကနေ ဓာတ်ပုံအဖြစ်ပြောင်းပေးနိုင်တဲ့ Invid ဆိုတဲ့ ဆော့ဖ်ဝဲလ်အသုံးပြုပြီး ခွဲခြမ်း စိတ်ဖြာ ကြည့်ရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ ရလာတဲ့ပုံတွေထဲက ပထမဆုံးပုံကို Yandex မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာအောက်ပါအတိုင်းတွေ့ရပါတယ်။ အွန်လိုင်းမှာ ၂၀၁၇ ခုနှစ်လောက်ကတည်းက […]

Continue Reading

ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့မိခင်အဖြစ် သတ်မှတ်တယ်ဆိုတဲ့ အချက်အလက်မှား

ဒေါ်အောင်ဆန်းစုကြည်ကို “ကမ္ဘာ့မိခင်ကြီး” အဖြစ် နိုင်ငံပေါင်း ၄၃ နိုင်ငံက သတ်မှတ်လိုက်တယ်ဆိုတဲ့ပို့စ်တစ်ခု လူမှုကွန်ယက်အသုံးပြုသူတွေကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာဒေါ်အောင်ဆန်းစုကြည်ပုံ ရိုက်နှိပ်ထားတဲ့ ကြေးတံဆိပ်ရိုက်နှိပ်ထားဟန် အမှတ်တံဆိပ်တစ်ခုပါဝင်ပါတယ်။ “အမေစုကို ကမ္ဘာ့မိခင်အဖြစ်သတ်မှတ်ခြင်းကို လက်မှတ်ထိုး အသိမှတ်ပြုလိုက်တဲ့ သတင်းကောင်းပါ”ဆိုပြီးတော့ apannpyaymedia၊ khitalinmedia အမည်နဲ့ဝက်ဘ်ဆိုဒ်တွေမှာ အောက်ပါအတိုင်းမျှဝေထားပါတယ်။ အလားတူ “Daw Mi Mi”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူကလည်း မျှဝေထားပါတယ်။ အချက်အလက်စိစစ်ချက် Google မှာ “ကမ္ဘာ့မိခင်”ဆု၊ “world mother award”စသည်ဖြင့် ရှာကြည့်မယ်ဆိုရင် ဒီလိုအမှတ်တံဆိပ်မျိုးနဲ့ ပျံ့နှံ့လျက်ရှိတဲ့အကြောင်းအရာမျိုး မြန်မာဘာသာ သို့မဟုတ် အင်္ဂလိပ်သာသာနဲ့ မီဒီယာလုပ်ငန်း အဓိက လုပ်ကိုင်တဲ့ မီဒီယာတစ်ခုခုက ရေးသားချက်တစ်စုံတစ်ရာမတွေ့ရှိရပါဘူး။  ဒီအမှတ်တံဆိပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်မြတ်နိုးတဲ့ အနုပညာရှင် တစ်ဦးက စိတ်ကူးနဲ့ ရေးဆွဲခဲ့တဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်တာတွေ့ရပါတယ်။ ဒီအမှတ်တံဆိပ်လိုမျိုးဖန်တီးချက်ကို […]

Continue Reading

မောင်ထမင်းစားပီးပီလား နာမည်နဲ့ ဆယ်တန်းအောင်မြင်ခဲ့သူရှိသလား-မဟုတ်ပါ

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများကို ြသဂုတ် ၉ ရက်မှာ ယခုနှစ် အွန်လိုင်းကနေ ပထမဆုံးအကြိမ်ထုတ်ပြန်ခဲ့တာကြောင့် လူထုအကြားမှာ ဆယ်တန်းအောင်စာရင်းနဲ့ ပတ်သက်ပြီး ပိုမိုစိတ်ဝင်စားမှုမြင့်တက်ခဲ့တဲ့ တစ်နှစ်ဖြစ်ခဲ့ပါတယ်။  ဒီလိုအခြေအနေမှာ ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းမှာ မောင်ထမင်းစားပီးပီလား အမည်နဲ့ ကျောင်းသား တစ်ယောက်ပါဝင်တယ်ဆိုပြီး လူမှုကွန်ယက်မှာ မျှဝေနေကြတာတွေ့ရပါတယ်။ “Yoon Nay Chi Zaw”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ” Feel.ကြမယ်”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုထဲမှာ အောက် ပါအတိုင်းမျှဝေထားရာမှာ လူမှုကွန်ယက်အသုံးပြုသူ ၅၀၀ ဝန်းကျင်က ပြန်လည်မျှဝေခဲ့ကြပြီး ဟာသအမြင်နဲ့ မှတ်ချက်ပေးသူ ၁၀၀ ကျော်လည်းရှိခဲ့ပါတယ်။ အမှန်တကယ်တော့ အောင်စာရင်းမှာ မောင်ထမင်းစားပီးပီလား အမည်နဲ့ အောင်မြင်သူမရှိတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းကို ပညာရေးဝန်ကြီးဌာန၊ […]

Continue Reading

ဒေါ်အောင်ဆန်းစုကြည်က ယုန်လေး MTV အပေါ်မှာ မှတ်ချက်ပေးခဲ့သလား-မဟုတ်ပါ

COVID-19 ကာလ စည်းကမ်းသက်မှတ်ချက်ကို ချိုးဖော်ပြီး အငြင်းပွားဖွယ် MTV ဖန်တီးခဲ့လို့ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးက အဆိုတော် ယုံလေးကို အနုပညာလှုပ်ရှားခွင့် ၁ နှစ် ပိတ်ပင်ခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ MTV နဲ့ပတ်သက်ပြီး ယုန်လေးကို ချီးကျူးလိုက်ပြီး အပြစ်မမြင်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။ “ယုန်လေးရဲ့ MTVကိစ္စကိုဒေါ်အောင်ဆန်းစုကြည်ကဒဲ့ပြောလာပြီနော်”ဆို ဒီလင့်ခ် ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ မျှဝေထားပါတယ်။  အခြားသော ဖေ့စ်ဘွတ်အုပ်စုနဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေမှာလည်း ပျံ့နှံခဲ့တဲ့ ပို့စ်တွေထဲက တစ်ချို့ကိုအောက်ပါအတိုင်း တွေ့ရပါ တယ်။  တကယ်တော့ ဒီလိုမျှဝေနေတဲ့ပို့စ်ဟာ သတင်းတုဖြစ်တာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ရွေးကောက်ပွဲအတွက် စည်းရုံးမှုတွေလုပ်ဖို့ ဖွင့်လိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားဝင်ဖေ့စ်ဘွတ် စာမျက်နှာနဲ့ COVID-19 ကာလ လူထုနဲ့ထိတွေ့ဖို့ ဖွင့်လှစ်ခဲ့တဲ့ စာမျက်နှာလည်းဒီလို […]

Continue Reading

ဒေါ်အောင်ဆန်းစုကြည် အထူးကြပ်မတ်ဆောင်မှာ ကုသနေရတယ်ဆိုပြီး သတင်းမှား ဖြန့်ဝေမှုနဲ့ တစ်ကျော့ပြန်လာတဲ့ Freedom News Group

ကျန်းမာရေးအခြေအနေဆိုးရွားလာတကြောင့်  ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်က ဆေးရုံးတစ်ခုမှာ အထူးကြပ်မတ်ဆောင်မှာ ကုသနေရတယ်ဆိုပြီး သတင်းမှာတစ်ခု လူမှုကွန်ယက်အသုံးပြုသူတွေကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။  Freedom News Group အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဇူလိုင် ၂၈ ရက်ကလည်း “ကြားဖြတ်သတင်း ေ ဒါ် ေ အာင်ဆန်းစုကြည် ေ လဖြတ် သို့ မဟုတ် ​ေလ ဖြန်း ခြင်း ​ေရာဂါ ေ ဝဒနာ ခံ စား ေ နရသည် ယခု တိုက်ရိုက် ထုတ်လွှင့် ေ နသည့် ဗီဒီယို တွင် ရှု စား နိုင်ပါသည်”ဆိုပြီးတော့ လည်းမျှဝေခဲ့တာတွေ့ရပြီး ြသဂုတ် ၂ ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကုသမနိုင်တော့လောက်အောင် အခြေအနေဆိုးရွားနေပြီဆိုပြီးတော့ ထပ်မံတင်ခဲ့တာတွေ့ရပါတယ်။ Fb […]

Continue Reading