Fact Check: Hyundai ရဲ့ ၅၂ နှစ်မြောက်နှစ်ပတ်လည်အနေနဲ့ ကား ၁၀ စီးမဲပေါက်ပေးမယ် ဆိုတဲ့ စာမျက်နှာအတု

Hyundai ရဲ့ ၅၂ နှစ်မြောက်နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကား ၁၀ စီးမဲဖောက်ပေးမယ်ဆိုပြီး Hyundai က ဖြန့်ဝေနေသယောင်ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ ပျံ့နှံ့လျှက်ရှိတဲ့ပို့စ်မှာ “ယနေ့ Hyundai ၏ 52 နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုရန်။ အထူးသဖြင့် ကျွန်တော်တို့ဆီက ကားမရှိသူတွေအတွက်ပါ။ ကား ၁၀ စီး လက်ဆောင်ပေးဖို့ သဘောတူပြီး ပျော်ပါတယ်။ သင်၏ကံကောင်းသည့်သေတ္တာနံပါတ်ကို ရွေးချယ်ပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဆီက ကားသော့ပါတဲ့ သေတ္တာ ၁၀ လုံးပဲရှိတယ်။ (ဆုများကို ယနေ့ ပေးပို့ပါမည်။)! ကားဆုအား ကံထူးရှင်၏လိပ်စာသို့ တိုက်ရိုက်ပေး ပို့ပါမည်။ သင်၏အမည်ကို ကျွန်ုပ်တို့၏စနစ်တွင် အောင်နိုင်သူအဖြစ် မှတ်ပုံတင်ထားကြောင်း သေချာပါစေ။ ဤနေရာတွင် မှတ်ပုံတင်ပါ။   https://bit.ly/3BpmvrD”လို့ ရေးသားထားပါတယ်။  […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် ပင်စင်ယူမယ့်ရက်ကြေညာဆိုတဲ့ သတင်းတု

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူကြီးမင်းအောင်လှိုင်က ပင်စင်ယူမယ့်ရက်ကို အတိအကျကြေညာ လိုက်ပြီးရေးသားလျှက် မျှဝေထားတဲ့ ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ဇူလိုင် ၂၄ ရက်ကစတင်ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။  â€œjuly 24ပင်စင်ယူမယ့်ရက်တိကျကြေငြာလိုက်တဲ့မအလ”လို့ ရေးသားပြီး ဗွီဒီယိုတစ်ခုကို youtube မှာ မျှဝေထားတာရာမှာ ဒီဗွီဒီယိုကို ကြည့်ရှု့သူပေါင်း ၃၀၀၀၀ ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – Youtube |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ၂၀၁၆ ခုနှစ်ကတည်းက ဉပဒေအရ အနားယူရမှာဖြစ်ပေမဲ့ သူ့ဘာသာသူ နောက်ထပ် ၅ နှစ်သက်တမ်းတိုးခဲ့ပါတယ်မင်းအောင်လှိုင်ဟာ။ ထပ်မံတိုးမြင့်ထားတဲ့ စစ်ခေါင်း ဆောင်ရဲ့ ၅ နှစ် သက်တမ်းဟာလည်း ၂၀၂၁ ခုနှစ် ဇူလိုင်မှာသက်တမ်းကုန်မှာဖြစ်ပါတယ်။ သို့သော် […]

Continue Reading

Fact Check: CDM စစ်သား ၅ ဦး KNU ကသတ်ပစ်လိုက်ပြီဆိုတဲ့သတင်းမှား

အာဏာဖီဆန်ပြီး CDM ပြုလုပ်ထားတဲ့ စစ်ကောင်စီတပ်သား ၅ ဦးကို ကရင်အမျိုးသားအစည်းအရုံး (KNU )က သတ်ပစ်လိုက်ပြီဆိုပြီး ဖေ့စ်ဘွတ် အသုံးပြုသူတွေရဲ့ ကြားမှာပျံ့နှံ့ခဲ့ပါတယ်။ ဝါးထရံကိုကျောပေးရပ်နေတဲ့ အမျိုးသား ၅ ဦးရဲ့ ရိုက်ထားတဲ့ ဓာတ်ပုံဟာ ပစ်သတ်ခံရတဲ့ ခမရ ၁၀၂ က စစ်သား ၅ ဦးရဲ့ ဓာတ်ပုံဖြစ်တယ် လို့လည်း ဒီပို့စ်မှာပါဝင်ပါတယ်။  တကယ်တော့ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ “ခမရ ၁၀၂ က စစ်သည် ၅ ဉီး လက်နက်နဲ့  တောခိုသွားတော့ နီပိတ်တွေက warmly  welcome people’s soldier ဆိုပြီး ပျော် ပြနေတာ အမြင်ကပ်လောက်အောင်ပဲ။ KNU ကလည်း ကောင်းမွန်စွာ လက်ခံ၊ကျွေးမွေး ထားပါတယ်ဆိုပြီး ထမင်းကျွေး၊ကော်ဖီတိုက်တဲ့  ဓာတ်ပုံတွေရိုက် […]

Continue Reading

Fact Check: ရွှေတိဂုံဘုရားချနင်းဖို့ ဒေါ်စုစေခိုင်းခဲ့လို့ သာဝန်ထွက်ဆိုတဲ့အချက်အလက် မှား

ရွေတိဂုံဘုရားကိုချနင်းဖို့အတွက် Hip Pop အဆိုတော် Project K အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်က စေခိုင်း တာလို့ သာသနာရေးဝန်ကြီးကဖြောင့်ချက်ပေးထွက်ဆိုတယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ကြိမ်ဖန် များစွာပျံ့နှံ့ လျက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ ဝါဒဖြန့်ချိရေး အချက်အလက်မှားတွေဖြစ်တာ တွေ့ရပါတယ်။  ပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေမှာ “သာ/ဝန်ဖြောင့်ချက်”လို့ ခေါင်းစဉ်တပ်ရေးသားထားပြီး ရွှေတိဂုံဘုရားကို နင်းတာဟာ ယတြာခြေတဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကလုပ်ခိုင်းခဲ့တာဖြစ်ပြီး ဒီကိစ္စအပြီးမှာ Project K ကို သိန်းတစ်ထောင်ပေးခဲ့တယ်လို့လည်းရေးသားထားပါတယ်။  ပျံ့နှံ့ခဲ့တဲ့ပို့စ်ပါစာသားကောက်နှုတ်ချက်အချို့မှာအောက်ပါအတိုင်းဖြစ်ပါတယ်။ “ရွေတိဂုံဘုရား ချနင်းဖို့ (ဒေါ်စု)  စေခိုင်းခဲ့…. သာဝန်ထွက်ဆိုပြီး…..ပဒဲကော K ရဲ့ လုပ်ဆောင်မှု ၊ ယတြာ ကိန်းခန်းတွေ မပြတ်လုပ်ဆောင်နေတဲ့  အာဏာရ လူတွေဟာ ၂၀၂၀ မှာ ဘာသာရေး အရောင်မှိန်ပြီး သူတို့ဩဇာ အာဏာတည်စေဖို့ မဘသလိုအခြား […]

Continue Reading

Fact Check: ကရင်ပြည်နယ်မှာ မြန်မာစစ်သားတွေ ပြန်လည်မြှုပ်နှံမှုကို စစ်ကိုင်းမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအဖြစ်ပျံ့နှံ့

စစ်ကိုင်းတိုင်းမှာ ပြည်သူတွေကို သတ်ဖြတ်ပြီး စစ်ကောင်စီတပ်သားတွေက အလောင်းဖျောက်နေတဲ့ ရုပ်သံ မှတ်တမ်းဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျှက်ပါတယ်။ ၂၀၂၁ ခုနှစ်အတွင်းက ကရင်ပြည်နယ် ကနဲလေးကျေးရွာအနီးမှာ မြန်မာစစ်သားတွေကို KNDO ကဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်နဲ့ သက်ဆိုင်တဲ့ ဗွီဒီယိုဖြစ်ပါတယ်။ ဗွီဒီယိုထဲမှာ ရွံ့ညွှန်တွေပေကျံနေတဲ့ လူသေအလောင်းတွေကို မြင်တွေ့ရပြီး စစ်ယူနီဖောင်းနဲ့ စစ်သားတွေက မြေကျင်းတစ်ခုထဲကို ပြန်လည်ချနေတာတွေ့ရပါတယ်။  “စစ်ကိုင်းတိုင်းအတွင်း တစ်နေရာတွင်ပြည်သူများအား သတ်ဖြတ်ပြီး စစ်ကောင်စီတပ်သားများက အလောင်းဖျောက်နေသည့် ရုပ်သံမှတ်တမ်း သား​လေး”လို့ ရေးသားပြီး “Thuya Zaw” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါ အတိုင်းမျှဝေထားရာမှာ ဒီဗွီဒီယိုကို ပြန်လည်မျှဝေမှုပေါင်း ၇၀၀ ကျော်ရှိပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   အခြားသောပြောဆိုချက်တွေမှာ “စစ်ကိုင်းတိုင်းအတွင်း တစ်နေရာတွင်ပြည်သူများအား သတ်ဖြတ်ပြီး စစ်ကောင်စီတပ်သားများက အလောင်းဖျောက်နေသည့် […]

Continue Reading

Fact Check: ဒီဓာတ်ပုံတွေက ၂၀၂၁ တရုတ်ရေကြီးမှုသတင်းက ဓာတ်ပုံတွေသာ ဖြစ်တယ်

တရုတ်မှာ ဇူလိုင် ၂၁ ရက်က ရေကြီးရေလျှံမှုဆိုပြီး ဓာတ်ပုံပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့ လျက်ရှိပါတယ်။ ၂၀၂၁ ခုနှစ်ဓာတ်ပုံဟောင်းတွေသာဖြစ်ပါတယ်။ “ယနေ့ ချီးနား ဇူလိုင်လ၂၁”လို့ ရေးသားပြီး “Phone Ngal” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါအတိုင်းမျှဝေထား တာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် Google မှာအဓိကျတဲ့စကားလုံးအချို့အသုံးပြုရှာဖွေကြည့်မယ်ဆိုရင် တရုတ်နိုင်ငံမှာ ယခုနှစ် ဇူလိုင်လအတွင်း ရေကြီးရေလျံမှုအပါအဝင် ရာသီဉတုဖောက်ပြန်မှုသတင်းတွေ တွေ့ရပါတယ်။ ဒီနေရာနဲ့ ဒီနေရာမှာ ကြည့်ပါ။ သို့သော်လည်း ယခုမျှဝေထားတဲ့ လူမှုကွန်ယက်ပို့စ်ပါဓာတ်ပုံတွေဟာ တရုတ်နိုင်ငံ ဟိုင်နန်(Henan) ပြည်နယ်၊ ကျန့်ကျိုး(Zhengzhou)မြို့ မှာ ၂၀၂၁ ခုနှစ် ဇူလိုင် ၂၀ […]

Continue Reading

Fact Check: မန္တလေးမြို့သိမ်းတိုက်ပွဲစနေပြီ၊ လုံခြုံရေးကောင်စီကို လက်နက် အမြန်ပေးဖို့ NUG သမ္မတတောင်းပြီဆိုတဲ့ သတင်းတုသတင်းမှား

မန္တလေးမြို့သိမ်းတိုက်ပွဲစနေပြီ အပြင်လုံးဝမထွက်ကြပါနဲ့ဆိုပြီး ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့ လျက်ရှိရာ သတင်းတုသတင်းမှားတစ်ခုသာဖြစ်ပါတယ်။ “မန္တလေးမြို့သိမ်းတိုက်ပွဲစပြီ   အပြည့်စုံဖတ်ရန်ပုံကိုနှိပ်ပါ”လို့ ရေးသားပြီး “PDF Media” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ အောက်ပါအတိုင်း မျှဝေထားတာတွေ့ရပါတယ်။ ထို့အပြင် ဒုံးကျဉ်တွေပစ်နေတဲ့ပုံနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပုံနှစ်ခု ပေါင်းထားတဲ့ ဓာတ်ပုံပေါ်မှာ“NUG မှ ကုလလုံခြုံရေးကောင်စီကို လက်နက်အမြန်ပေးဖို့ NUG သမ္မတတောင်းပြီ မန္တလေးမြို့ သိမ်းတိုက်ပွဲစပြီ အပြင်လုံးဝမထွက်နဲ့”လို့ထပ်မံရေးသားထာပါတယ်။  မူရင်းလင်ခ့် – FB link | Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အခြားသောဘလော့ဂ်စာမျက်နှာ တစ်ခုနဲ့ Youtube ချန်နယ်တစ်ခုမှာလည်း ဖြန့်ဝေနေတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် အင်တာနက်မှာပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ အတွေးအမြင်နဲ့ သတင်းတွေကို ဗွီဒီယိုပုံစံပြုလုပ် လူစိတ်ဝင်စားဖွယ် ခေါင်းစဉ် အတု၊ ခေါင်းစဉ်အမှားတွေပေးပြီး ဝင်ငွေရှာနေတဲ့ဘလော့ဂ် စာမျက်နှာတွေကအခုလိုမျှဝေနေတာဖြစ်ပါတယ်။ လင့်ခ်ကို […]

Continue Reading

Fact Check: ဗိုလ်ချုပ်မြထွန်းဦးဟာ မိသားစုတွေပါခေါ်ပြီး NUG နဲ့ပူးပေါင်းတယ်ဆိုတဲ့ သတင်းတုသတင်းမှား

ဗိုလ်ချုပ်မြထွန်းဦးမိသားစုတွေ လေယာဉ်ပါယူပြီး NUG နဲ့ပူးပေါင်းပြီဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုသတင်းမှားဖြစ်ပါတယ်။ “ပျော်လွန်းလို့မျက်ရည်ကျ။ ဗိုလ်ချုပ်မြထွန်းဦးမိသားစု လေယဥ်ပါယူပြီးNUGနဲ့ပေါင်းပြီ။”လို့ ရေးသားပြီး ဘလော့ဂ်စာမျက်နှာတွေမှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ ဝက်ဘ်ဆိုဒ်လင့်ခ်ပါ ဓာတ်ပုံစာသားနေရာမှာလည်း “ဗိုလ်ချုပ်မြထွန်းဦးဟာ မိသားစု လေယာဉ်နဲ့ NUG ထံလာရောက်ပူးပေါင်းတဲ့ အတွက် မျက်ရည်ပါကျ”လို့ ရေးသားထားပါတယ်။ တစ်ခြားဖေ့စ်ဘွတ်စာမျက်နှာတွေနဲ့ ဖေ့စ်ဘွတ်ဂရုတွေမှာ လည်း ဗွီဒီယိုပုံစံနဲ့ဖြန့်ဝေနေ တာလည်းတွေ့ရပါတယ်။ ဒီနေရာ၊ ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာနဲ့ ဒီနေရာ မှာကြည့်ပါ။ မူရင်းလင်ခ့် – FB link |  Archive link   အချက်အလက်စိစစ်ချက် ဝက်ဘ်ဆိုဒ်လင့်ကိုထောက်ကြည့်ရာမှာ Youtubeနဲ့ ဗွီဒီယိုတစ်ခုဖြစ်တာတွေ့ရပါတယ်။ ဗွီဒီယိုထဲမှာ သီရိလင်္ကာ သမ္မတနဲ့ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်စစ်တပ်အကြောင်းကို နှိုင်းယှဉ်ပြောကြားချက်တွေပါဝင်ပြီး ခေါင်းစဉ်မှာ ပေးထားလို ဗိုလ်ချုပ်မြထွန်းဦးအကြောင်းမပါဝင်ပါဘူး။ […]

Continue Reading

Fact Check: မြန်မာလေတပ်တိုက်လေယာဉ်နဲ့ တိုက်မိတဲ့ငှက်လား-မဟုတ်ပါ

​လေယာဉ်ကို ဝင်တိုက်ခဲ့တဲ့ PDF ငှက်ဆိုပြီး လေယာဉ်တောင်ပံအောက်ပိုင်းမှာ ညပ်နေတဲ့ဓာတ်ပုံပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်စစ်အာဏာသိမ်းမှုအပြီး ပေါ်ပေါက်လာတဲ့ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို အဓိကအားဖြင့် PDF လို့ခေါ်ဝေါပါတယ်။  ၂၀၂၂ ခုနှစ် ဇွန် ၂၉ ရက်က ဥကရစ်ထစခန်း အနီးကို ဗုံးကျဲ ပြန်လာသော စစ်တပ်ရဲ့ YAK 130 တိုက်လေယာဉ် ၁ စင်း အင်ဂျင်ထဲ ငှက်ဝင်ပြီး သုံးမရသည် အထိပျက်စီး သွားတဲ့သတင်းထွက်ပေါ်အပြီး ဒီဓာတ်ပုံကို ဖြန့်ဝေလာခြင်းဖြစ်ပါတယ်။ “သူပေါ့ PDF ငှက်လေး”လို့ ရေးသားပြီး “Watan Moe” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါ အတိုင်းမျှဝေ ထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link […]

Continue Reading

Fact Check: ရွာသူရွာသားတွေကို PDF ကကြိမ်နဲ့ရိုက်တဲ့ဗွီဒီယိုနဲ့ပတ်သက်ပြီး သတင်းအမှားများပျံ့နှံ့

အမျိုးသား၊အမျိုးသမီး အသက်ကြီးငယ်မရွေးကို အမျိုးသားတစ်ဦးက ကြိမ်တုတ်နဲ့ အားကုန်လက်လွဲရိုက်နေ တဲ့ဗွီဒီယိုဟာ အကြောင်းအရာအမျိုးမျိုးနဲ့ရေးသားဖြန့်ဝေမှုတွေနဲ့အတူ ပျံ့နှံမှုအားကောင်းနေပြီး ဖေ့စ်ဘွတ် အသုံးပြုသူတွေကိုနားလည်မှုလွဲစေနိုင်တာတွေ့ရပါတယ်။ ပြောဆိုချက် ၁ ဝက်လက်မြို့နယ်မှာ ရှေးဟောင်းပစ္စည်းရှာဖွေဖို့လာရောက်တဲ့သူတွေကို PDF ရိုက်နှက်ပြန်လွှတ်နေတဲ့ ရုပ်သံဖိုင်ဆိုတဲ့ ပြောဆိုချက်ဖြစ်ပါတယ်။ ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   ပြောဆိုချက် ၂ တပ်ထောက်ခံပွဲမှ ပြန်လာတဲ့သူတွေကို နယ်မြေခံPDFတွေက အပြစ်ပေးဆုံးမနေတဲ့ ရုပ်သံဖိုင်ဆိုတဲ့ ပြောဆိုချက်ပဲ ဖြစ်ပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   အချက်အလက်စိစစ်ချက် တကယ်တော့ ဒီဗွီဒီယိုဟာ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ငါးတင်းကြီးကျေးရွာကဖြစ်စဉ်ဖြစ်ပါတယ်။ စစ်တပ်က မီးရှို့လို့ ပျက်စီးသွားတဲ့ရွာတွေမှာ မီးလောင်ပြင်က ကျန်တဲ့အတိုအစတွေကိုဝယ်ဖို့ […]

Continue Reading