ဗိုက်တာမင်(စီ)က ကိုရိုနာဗိုင်းရပ်စ်ကို ကုသနိုင်လား

“အထူးသတင်း၊(COVID-19)နှင့်လျှို့ဝှက်ထားသောတရုတ်လက်နက်”ဆိုပြီး ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။ ရှည်လျားပြီး စွဲဆောင်မှုရှိရှိရေးသားထားတဲ့ စာထဲမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြောင်းလည်းပါသလို ဗိုက်တာမင်စီအကြောင်းနဲ့ မြန်မာနိုင်ငံအကြောင်လည်းပါဝင်ပြီး နိဂုံးချုပ်ခါနီးမှာ “အခုတရုတ်ပြည်မှာ(COVID-19) ကိုထိန်းချုပ်နိုင်သွားပါပြီ။ဘယ်လိုထိန်းချုပ်သလဲဆိုတော့ ဖေဖေါ်ဝါရီလလယ်မတိုင်ခင်လေးမှာ(Vitimin C high dose)နှင့်စတင်စမ်းသပ်ကုသဖို့(High dose vitamin C clinical trials) တွေကိုစတင်စမ်းသပ်ကုသခဲ့ပါ တယ် လို့တရုတ်ပြည်ကဆရာဝန်(Doctor Richard Cheng)ကိုယ်တိုင်ဝန်ခံသွားပါ တယ်။မယုံရင်အောက် ကလင့်ခ်မှာဗီဒီယိုဖိုင်ဝင်ကြည့်လိုက်ကြပါ”လို့လည်း Kelvin Albert Power အမည်နဲ့အကောင့်က ရေးသားထားပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ၁။ Google မှာ “vitamin c covid-19”လို့ ရိုက်ရှာကြည့်တဲ့အခါမှာ vitamin c က ကိုရိုနာဗိုင်းရပ်စ်ကို ကုသနိုင်သလားဆိုတဲ့မေးခွန်းတွေနဲ့အတူ ကုသပေးနိုင်တာမဖြစ်နိုင်တာကိုရေးသားထားတဲ့ သတင်းနဲ့ ဆောင်းပါးတွေ၊အချက်အလက်စိစစ်ချက်တွေ တွေ့ရပါတယ်။ […]

Continue Reading

အစားအသောက်နဲ့ COVID-19 ကာကွယ်ကုသနိုင်လား

COVID-19 ကာကွယ်ရေးဆိုပြီးတော့ “သံပုရာရည်သောက်၊ ဂျင်းများများစား၊ ဟင်းလျာမှာ နနွင်းပါစေ၊ ဟင်းရည်ပူပူငြုပ်ကောင်း၊ ငါးဟင်းစား၊ ကြက်သွန်ဖြူ/နီစား၊ ရေနွေးကြမ်းပူပူသောက်၊ နေထွက်စမှာလမ်းလျှောက်”ဆိုတဲ့ အချက် ၈ ချက်ပါတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။ “ဝူဟန်ဗိုင်းရပ်စ်”ကာကွယ်ကုသရာမှာ ထိရောက်တယ်လို့ ပြောနေကြတဲ့ ဆေးတွေရဲ့အာနိသင်သဘောတရားက ကိုယ်ရဲ့အနီးမှာပါ” (လက်ဆေးဘို့လည်းမပျင်းနဲ့)” ဆိုပြီးတော့ U Win Tin အမည်နဲ့ အကောင့်က မျှဝေထားပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ၁။ကမ္ဘာ့ကျန်းမားရေးအဖွဲ့က လက်ရှိအချိန်အထိ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်၊ ကုသနိုင်တဲ့ဆေးဝါးမျိုး မတွေ့ရှိရသေးဘူးလို့ ပြောကြားထားပါတယ်။ အနောက်တိုင်းဆေး၊ တိုင်းရင်းဆေးနဲ့ အိမ်တွင်းဆေးမီတိုတွေက covid-19 ရောဂါလက္ခဏာကို သက်သာအောင်၊ပျောက်အောင်ကုသပေးကောင်းပေးနိုင်ပေမဲ့ လောလောဆယ်အထိ ကာကွယ်နိုင်၊ ကုသနိုင်တယ်ဆိုတဲ့ ဆေးကို အချက်အလက်ခိုင်ခိုင်မာမာမတွေ့ရသေးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောကြားထားပါတယ်။ အနောက်တိုင်းဆေးအပါအဝင် […]

Continue Reading

ကိုရိုနာ ဗိုင်းရပ်စ်ကို အောင်နိုင်သွားသည့် တိုင်းရင်းဆေးပင်ဆိုတဲ့ သတင်းမှား

“ဒီနေ့ မတ်လ ၁၆ရက် (၂၀၂၀)မှာ ထိုင်းနိုင်ငံ ကူးဆက်ရောဂါပိုး တိုက်ဖျက်ရေးအဖွဲ့က ကိုဗစ်ရောဂါပိုးတွေကို သေ​ေစနိုင် ကာကွယ်နိုင်တဲ့ ဖါထလိုင်ကျွန်  ​ေဆးဖက်၀င် ฟ้าทะลายโจร  အပင်ဟာ  ထိုင်းပြည်သူအတွက် အသင့်တော်ဆုံး ရောဂါပိုးတိုက်ဖျက်နိုင်ကြောင်း ထုတ်ပြန်သွားခဲ့ပါတယ်။ ဆေးခါးကြီးပင်အခေါ် Green chiretta (穿心莲) ကို ငရုတ်ခါး၊ကရင်ဆေးခါးဟု အရပ်ဒေသကိုလိုက်ပြီး  ခေါ် ကြပြီး ရုက္ခဗေဒအမည်မှာ A n d r o g r a p h i s P a n i c u l a t a N e e s ဖြစ်ပြီး […]

Continue Reading

ဆားရေဖြင့် ပလုပ်ကျင်းရင် corona ဗိုင်းရပ်စ်ကို ဖယ်ရှားနိုင်တယ်ဆိုတဲ့ တစ်ဝက်မှန် တစ်ဝက်မှားသတင်း

ဆားရေဖြင့် ပလုက်ကျင်းရင် corona ဗိုင်းရပ်စ်ကိုဖယ်ရှားနိုင်တယ်ဆိုတဲ့ ပို့စ်ဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။  “Corona ဗိုင်းရပ်စ်သည် အဆုတ်သို့မရောက်မီလည်ချောင်းထဲ၌  ၄ ရက်နေရသည်။ ဤအချိန်တွင် လူသည် ချောင်းဆိုးခြင်းနှင့် လည်ချောင်းနာခြင်းများစတင်ဖြစ်ပွားခဲ့သည်။ အကယ်၍ သူသည်ရေကို များများစားစားသောက်ခြင်း၊ ရေနွေးနဲ့ ဆားကို ပလုပ်ကျင်းခြင်းသည် ဗိုင်းရပ်စ်ကို ဖယ်ရှားနိုင်ပါသည်။ သင်အချက်အလက်နှင့်အတူ တစ်စုံတစ်ဉီးကိုကယ်တင်နိုင်သောကြောင့် ဤအချက်အလက်ကို ဖြန့်ဝေပေးပါ” ဆိုပြီးတော့  Htain Lin အမည်နဲ့အကောင့်က မျှဝေထားတာတွေ့ရပါတယ်။ “ဆားရေနဲ့ အာလုပ်ကျင်းပါ”လို့လည်း ရေးသားထားပါတယ်။ FB link Archive link အချက်အလက်စိစစ်ချက် ၁။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လူတွေကြားမှာရေပန်းစားနေတဲ့ ကောလာဟလတွေကို ရှင်းလင်းထုတ်ပြန်ထား တာတွေ့ရပါတယ်။ ရိုးရိုးအအေးမိဖျားနာတာ တွေမှာတော့ နှာခေါင်းကို ဆားရေနဲ့ဆေးကြောပေးတာကြောင့် မြန်မြန်နေကောင်းလာတယ်ဆိုတဲ့ အထောက်အထားအနည်းငယ်တော့ရှိပါတယ်။ သို့သော်လည်း အသက်ရှုလမ်း […]

Continue Reading

ယူနီဆပ်ဖ်ရဲ့ ကြေညာချက်ဆိုပြီး ဖြန့်ဝေနေတဲ့ covid-19 မှတ်စုဆိုတဲ့ သတင်းမှား

ယူနီဆပ်ဖ်(UNICEF)ကနေထုတ်ပြန်တဲ့ covid-19 နဲ့ ပတ်သက်တဲ့ ကြေညာချက်ဆိုပြီး လူမှုကွန်ယက်မှာ  မျှဝေနေကြပါတယ်။ မြန်မာဘာသာ၊အင်္ဂလိပ်ဘာသာ UNICEF ကြေငြာချက်အဖြစ်ပြန်လည်မျှဝေနေတဲ့ အထဲမှာ “ကိုရိုနာ ဗိုင်းရပ် ကို mask နဲ့ကာကွယ်ဖို့ မလိုပါဘူး။ virus က အရွယ်ကြီးပြီးလေးတဲ့ လေထဲမှာမနေ ပါဘူး။အရာဝတ္ထုတွေ အစားအစာနဲ့မြေပြင်မှာနေတာပါ။လေက တစ်ဆင့်မကူးစက်ပါဘူး ထိတွေ့  မှုကနေ ကူးစက်ပါတယ်။ Virus ဟာ metal ပေါ်မှာ ၁၂ နာရီ အသက်ရှင်ပါတယ်။ အဝတ်ပေါ်မှာ ၉ နာရီ အသက်ရှင်ပါတယ်။ လက်ပေါ်မှာ ၁၀မိနစ် အသက်ရှင်တယ်။Virus ကို ကာကွယ်ဖို့ mask ဝတ်ဆင်ခြင်းထက် လက်ဆေးခြင်း-အဝတ်အစားများကို နေလှန်းပေးခြင်းက ပိုထိရောက်ပါတယ်။ Virus ကူးထားတဲ့ mask က ရောဂါပိုကူးနိုင်ပါတယ်။လက်ဆေးဖို့ အရက်ပျံဆောင်ထားတာ ပိုထိရောက်ပါတယ်။ […]

Continue Reading