COVID-19 ကူးစက်ခံရတဲ့ ၂ လသားကလေးငယ် ဆုံးပြီဆိုတဲ့ သတင်းမှားဖြန့်

တကျော့ပြန် COVID-19 ဟာ ကူးစက်ပျံ့နှံ့မှုနဲ့အတူ လူအများစိုးရိမ်ပူပန်မှုဖြစ်ပေါ်လျက်ရှိပါတယ်။ ဒီလိုအခြေအနေမှာ “Myanmar Movies”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက “ရက်စက်လွန်းလှတယ် COVID-19 ရယ် အပြစ်မဲ့တဲ့ ကလေးလေးကိုတောင် မညှာတာဘူး မနေ့ကမှvedioလေးတက်လာလို့ မြန်မြန်သက်သာဖို့ ဆုတောင်းပေးနေတာ ရက်စက်လိုက်တာ covid 19 ရယ်”ဆိုတဲ့ စာသားနဲ့အတူ ကလေးငယ်တစ်ယောက်ရဲ့ နာရေးဓာတ်ပုံတွေနဲ့အတူ အောက်ပါအတိုင်းမျှဝေထားရာမှာ ၂ ရက်အတွင်း ပြန်လည်မျှဝေသူ ၅ ထောင် ကျော်ရှိခဲ့ပါတယ်။  Fb link Archive link အလားတူ ပို့စ်မျိုးကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ြသဂုတ် ၃၁ရက်နေ့ ည ၈ နာရီသတင်းထုတ်ပြန်ချက်အထိ ြသဂုတ် ၁၆ ရက်က စတင်ခဲ့တဲ့ တကျော့ပြန် ပြည်တွင်းကူးစက်မှုမှာ COVID-19 ရောဂါကြောင့် […]

Continue Reading

COVID-19 ကာကွယ်ရေးပစ္စည်းတွေသယ်လာတဲ့ယာဉ်ကို AA ခိုက်တယ်ဆိုတဲ့သတင်းတု

ကိုဗစ်ကာကွယ်ရေးပစ္စည်းနဲ့ တိုက်ပွဲရှောင်ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်နိုင်ရေး အတွက် လမ်းကြောင်းလုံခြုံရေး ဆောင်ရွက်နေသည့် တပ်အား AA အဖွဲ့မှ တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ ပို့စ်တစ်ခု ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ “ပလက်ဝဒေသသို့ ကိုဗစ်ကာကွယ်ရေးပစ္စည်းများပို့ဆောင်နိုင်ရေးအတွက် လမ်းကြောင်းလုံခြုံရေး ဆောင်ရွက်နေသည့် တပ်စစ်ကြောင်းတစ်ခုအား AA မှ ဝင်တိုက်”ခေါင်းစဉ်နဲ့သတင်းရေးသားဟန်နဲ့ ဖော်ပြထားတဲ့ ပလက်ဝနှင့် ဆမီးမြို့သို့ ဆက်သွယ်ထားသည့် လမ်းမပေါ်ရှိ ရက်ဒိန်ကျေးရွာအနီးမှာ တိုက်ခိုက်ခံရတာဖြစ်တယ် လို့ ဒေသခံတွေကပြောတယ်ဆိုပြီးတော့ ရေးသားထားပြီး ဒီသတင်းကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာတွေမှာ အသီးသီးမျှဝေခဲ့ကြတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ပထမဆုံး တပ်မတော်နဲ့ ပတ်သက်တဲ့ သတင်းတွေ ထုတ်ပြန်လေ့ရှိတဲ့ တပ်မတော်သတင်းအမှန်ပြန်ကြား ရေးစာမျက်နှာ ဒီလိုသတင်းထုတ်ပြန်ချက်မျိုးမတွေ့ရှိရပါဘူး။ အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ချက်တွေမှာလည်း ဒီလိုသတင်းမျိုးမတွေ့ရှိရပါဘူး။ ဒီသတင်းဟာ ဓာတ်ပုံအဟောင်း တစ်ပုံကို အသုံးပြုပြီး ပြန်လည်သတင်းတု ဖန်တီးထားခြင်းဖြစ်တာ တွေ့ရပါတယ်။ ဒီဓာတ်ပုံကို […]

Continue Reading

COVID-19 ဗီဇပြောင်းဗိုင်းရပ်စ်က ကြောက်စရာမလိုဘူးဆိုတာ မှန်သလား

D614G ကိုဗစ် သန္ဓေပြောင်းပိုးဟာ ကူးစက်တာမြန်ပေမဲ့ ကြောက်စရာမလိုဘူးဆိုတဲ့ ရေးသားချက်က လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ ဒီပို့စ်ကို “Kyaw Kyaw Sai”အမည်နဲ့ဖေစ့်ဘွတ်အသုံးပြုသူကနေ ြသဂုတ် ၂၃ ရက်မှာ စတင်ဖြန့်ဝေခဲ့တာ တွေ့ရပြီး ဒီနေရာ၊ဒီနေရာတွေက ပြန်လည်မျှဝေခဲ့ကြရာမှာ လူမှုကွန်ယက်အသုံးပြုသူထောင်ချီပြီး ပြန်လည် မျှဝေခဲ့ကြတာ တွေ့ရပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက်  Kyaw Kyaw Sai အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဒီလိုရေးသားရာမှာ Channel News Asia သတင်းဌာနက ြသဂုတ် ၁၈ ရက်ကရေးသားခဲ့သော “Infectious COVID-19 mutation may be ‘a good thing’, says Paul Tambyah”သတင်းကို ကိုးကားရေးသားထားတာတွေ့ရပါတယ်။ Google မှာ “Infectious […]

Continue Reading

သဲကုန်းက COVID-19 စစ်ဖို့ နှာခေါင်းတို့ဖက်နမူနာယူခဲ့တဲ့ကလေးပုံကို မြောက်ဦးက ၂ လသမီးအရွယ်ကလေးအဖြစ်သတင်းမှားဖြန့်

သဲကုန်းမြို့က COVID-19 စစ်ဖို့ နှားခေါင်းတို့ဖက်နမူနာယူခဲ့တဲ့ ကလေးငယ်တစ်ဦးပုံကိုရခိုင်ပြည်နယ်မြောက်ဦးက COVID-19 အတည်ပြုလူနာ ၂လသမီးအရွယ်ကလေးအဖြစ် လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့ လျက်ရှိပါတယ်။ ရခိုင်ပြည်နယ်မြောက်ဦးက COVID-19 အတည်ပြုလူနာ ၂လအရွယ်သမီး ကျန်းမာရေးကောင်းမွန်တယ်လို့ ဆေးရုံအုပ်ကြီးကပြောပါတယ်စသည်ဖြင့်ေရးသားထားတဲ့သတင်းကို 7day အမည်နဲ့ဝက်ဘ်ဆိုဒ်တစ်ခုက မျှဝေထားတာအောက်ပါအတိုင်းတွေ့ရပါတယ်။ Fb link Archive link ဒီသတင်းကို ဒီနေရာ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် သဲကုန်းမြို့နယ် ကျန်းမာရေးလှုပ်ရှားမှုတွေနဲ့ ဆေးရုံရဲ့ ဆောင်ရွက်ချက်တွေကို ဖော်ပြနေတဲ့ “သဲကုန်းမြို့နယ် ပြည်သူ့ဆေးရုံ”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရခိုင်ပြည်နယ်မြောက်ဦးက COVID-19 အတည်ပြုလူနာ ၂လအရွယ်သမီးအဖြစ်ဖော်ပြနေတဲ့ ဒီကလေးငယ်ရဲ့ပုံကို တင်ထားတာတွေ့ရပါတယ်။   “25-8-2020 (၁၃) ကြိမ်မြောက်မှာကံကောင်းနိုင်ပါ့မလား ယနေ့စစ်တွေ ပြန်(၁) ဦးအပါအဝင် စုစုပေါင်း(၁၃) ကို ကိုဗစ်နမူနာရယူလိုက်ပါပြီ မနက်ဖြန်ပို့ပါမည်”စသည်ဖြင့်ရေးသားပြီး ြသဂုတ် ၂၅ […]

Continue Reading

တစ်နိုင်ငံလုံးရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များဆိုင်ထိုင်ခွင့်ပိတ်သိမ်းလိုက်ပြီ ဆိုတဲ့အချက်အလက်မှား

တစ်နိုင်ငံလုံးရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များဆိုင်ထိုင်ခွင့်ပိတ်သိမ်းလိုက်ပြီဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ “Mg Nge”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “တစ်နိုင်ငံလုံးရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ဆိုင်ထိုင်ခွင့်ပိတ်သိမ်းလိုက်ပြီ(အများသိအောင်ရှယ်ပေးကြပါဦးနော်)”ဆိုပြီး ြသဂုတ် ၂၆ ရက်က အောက်ပါအတိုင်း မျှဝေထားရာ ဒီပို့စ်ကို ပြန်လည်မျှဝေသူ ၁ သောင်း ၇ ကျော်ရှိခဲ့ပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် သမ္မတရုံးနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးအပါအဝင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ တရားဝင် ဖေ့စ်ဘွတ်စာမျက်နှာတွေမှာ  ဒီလို ညွှန်ကြားချက်မျိုး ထုတ်ပြန်ထားခြင်းမရှိတာတွေ့ရပါတယ်။ Google မှာ “စားသောက်ဆိုင်များ ပိတ်သိမ်းဖို့ ညွှန်ကြား”၊ “စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ပိတ်သိမ်း”စတဲ့ အဓိကျကတဲ့ စကားလုံးတွေ အသုံးပြုရှာဖွေရှာလည်း ဒီပို့စ်မှာ ပြောထားသလို သတင်းမျိုး တစ်စုံတစ်ရာမတွေ့ရှိရပါဘူး။ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နဲ့ ဆေးဆိုင်တွေကို […]

Continue Reading

COVID-19 ရောဂါပိုးဖြန့်ကြဖို့ AA တိုက်တွန်းတယ်ဆိုတဲ့ သတင်းတု

COVID-19 ရောဂါပိုးဖြန့်ကြဖို့ ရခိုင်လက်နက်ကိုင်အဖွဲ့(AA)စစ်ဦးစီးချုပ်ထွန်းမြတ်နိုင်က ရခိုင်လူမျိုးတွေကို တိုက်တွန်းတယ်တဲ့ညွှန်ကြားချက်ဆိုတဲ့ ပို့စ်တစ်ခုလူမှုကွန်ယက် သုံးစွဲသူတွေ အကြားမှာပျံ့နှံ့ခဲ့ပါတယ်။ “အဲ့တာကြီးသာအမှန်ဆိုရင်”စသည်ဖြင့်ရေးသားပြီး “MarLar Aung”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက အောက်ပါ အတိုင်း မျှဝေထားပါတယ်။ ဒီထုတ်ပြန်ချက် ဓာတ်ပုံပို့စ်မှာ COVID-19 ရောဂါကို အသုံးပြုပြီး ရခိုင်နိုင်ငံကို တည်ဆောက်ဖို့နဲ့ ပိုးတွေ့ရှိရတဲ့ ရခိုင်တွေဟာ အဓိကကျတဲ့ ရန်ကုန်နဲ့ မန္တလေးကို ရောဂါပျံ့ပွားအောင်လုပ်ပြီး အစိုးရပြိုလဲအောင်လုပ်ကြဖို့ဆိုပြီးရေးသားထားကာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဆိုပြီးတော့ လက်မှတ်ရေး ထိုးထားပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ပထမဆုံး ရခိုင်လက်နက်ကိုင်တပ်ဖွဲ့က သူတို့ရဲ့ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ထုတ်ပြန်နေတဲ့ https://www.arakanarmy.net/news ကို proxy server တစ်ခုအသုံးပြုပြီး ဝင်ရောက်ရှာဖွေရာမှာ ဒီလိုမျိုး သတင်းထုတ်ပြန်ချက် ခြိမ်းခြောက်ရေးသားချက်မျိုး ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာ မတွေ့ရှိရပါဘူး။  ရခိုင်ပြည်နယ်မှာ COVID-19 […]

Continue Reading

COVID-19 လူနာအမှတ် ၃၁၁ ဟာ လာအိုက ခိုးပြန်လာသူဖြစ်ပြီး YBS-90 စီးနင်းခဲ့တယ်ဆိုတဲ့ သတင်းမှား

မြန်မာနိုင်ငံမှာ ဇူလိုင် ၆ ရက်နေ့အထိ COVID-19 အတည်ပြုလူနာ ၃၁၃ အထိရှိလာပြီဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒီအရေအတွက်ထဲမှာ ပြည်တွင်းကူးစက်မှုနည်း ပါးပြီး များစုဟာ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူတွေဖြစ်တာတွေ့ရပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ပြည်ပကပြန်လာသူတွေနဲ့ ပတ်သက်တဲ့ COVID-19 သတင်းတွေဟာ လူမှုကွန်ယက်မှာ ရေးပန်းစားလေ့ရှိပါတယ်။ အခုတစ်ခါမှာလည်း လူနာအမှတ် ၃၁၁ ဟာ လာအိုကနေ တရားမဝင်ဝင် ရောက်လာပြီး၊ ရန်ကုန်မှာ အများပိုင်သယ်ယူပို့ဆောင်ရေးယာဉ်ကို အသုံးပြုခဲ့ကြောင်း မျှဝေခဲ့တာတွေ့ရှိပါတယ်။ “Wai Yan Aung”၊ “Zaw Zaw Oo”စတဲ့ဖေ့စ်ဘွတ်သုံးစွဲသူတွေက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ Fb link Fb link Archive link Archive link အချက်အလက်စိစစ်ချက် လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့နေတဲ့ COVID-19 လူနာအမှတ် C-311 […]

Continue Reading

တရုတ်ကထုတ်တဲ့အခု ကိုကာကိုလာအပြာဗူး( Pepsi)ထဲမှာ ကိုဗစ်တွေ တွေ့ရတယ် ဆိုတဲ့သတင်းမှား

တရုတ်ကထုတ်တဲ့အခု ကိုကာကိုလာအပြာဗူး( Pepsi)ထဲမှာ ကိုဗစ်တွေ တွေ့ရတယ်ဆိုတဲ့ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။  “တရုတ်ကထုတ်တဲ့အခု ကိုကာကိုလာအပြာဗူး( Pepsi)ထဲမှာ ကိုဗစ်တွေ တွေ့ရလို့ ဒီ(Pepsi)ကိုလာစက်ရုံကြီး ကိုလည်း ပိတ်သိမ်းခံလိုက်ရပါပြီ။ ကျွန်တော်တို့မြန်မာတွေ မသောက်ကျပါနဲ့နော်”ဆိုပြီး “May Tan Saung” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက သတင်းတစ်ခုကို လူမှုကွန်ယက်မှာ မျှဝေထားပါတယ်။ အလားတူ စွာပဲ “Yin Yin Aye”အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူကလည်း အောက်ပါအအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ Fb link Fb link Archive link Archive link အချက်အလက်စိစစ်ချက် Google မှာ အဓိကကျတဲ့စကားလုံးတွေအသုံးပြုပြီး ဒီသတင်းကို ရှာဖွေရာမှာအောက်ပါအတိုင်းတွေ့ရပါတယ်။  ဇွန် ၁၅ ရက်က ဘေဂျင်းမှာရှိတဲ့ PepsiCo ရဲ့ အကြော်အလှော်လုပ်ငန်း၊ အာလူးကြော်နဲ့ အခြောက်ကြော်လုပ်ငန်း စက်ရုံမှာ […]

Continue Reading

လူစုလူဝေးမလုပ်ရဆိုတဲ့ အမိန့်ကို ဒေါ်အောင်ဆန်းစုကြည် ဆန့်ကျင်နေတယ်ဆိုတဲ့ သတင်းမှား

ဇွန် ၁၉ ရက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် ၇၅ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါ တယ်။ ဒီလိုအချိန်မှာ “လူစုလူဝေးမလုပ်ရဆိုတဲ့ အမိန့်ကို ဆန့်ကျင်နေတဲ့ nld ပါတီဝင်များနှင့် အားပေးထောက်ခံသူများ မြန်မာနိုင်ငံတွေ ပြဌာန်းထားသော အသက်ဝင်ဆဲ ဥပဒေများသည် nld ပါတီဝင်များနှင့် အားပေးထောက်ခံသူများ အတွက် အကျုံးမဝင်ပေ။ပုံတွေကတော့ တည်ဆဲဥပဒေများကို ချိုးဖောက်၍ လူစုလူဝေးကျင်းပနေတဲ့ ပုံများဖြစ်ပါတယ်။နိုင်ငံတော်သမ္မတ နိုင်ငံတော်၏အတိုင်ဖင်ခံပုဂ္ဂိုလ်နှင့် အစိုးရအဖွဲ့ဝင်လူကြီးမင်းများကိုယ်တိုင် တည်ဆဲဥပဒေများကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေကြပါတယ်”ဆိုပြီးတော့ “မိုက်ကယ်”အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေထားပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ဒီပို့စ်တွေမှာပါတဲ့ အထပ်မြင့်အအောက်အဉီတွေနဲ့ လမ်းမဘေးမှာ ကားတွေ ရေမြှုပ်နေတဲ့ပုံကို Google မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေရာမှာ အောက်ပါအတိုင်း တွေ့ရပါတယ်။ ဒီငြိမ်းချမ်းရေး ဂျိုးဖြူတွေလွှတ်နေတဲ့ပုံဟာ ၂၀၁၈ ခုနှစ်ကကျင်းပခဲ့တဲ့ […]

Continue Reading

ကိုရိုနာကပ်ရောဂါနဲ့ပတ်သက်ပြီး မိုင်းဖုန်းဆရာတော်ကြီးမိန့်ကြားတယ်ဆိုတဲ့ သတင်းတု

“ရှေ့ဆက်ဖြစ်လာမယ့် ကိုရိုနာ ကပ်ရောဂါအကြောင်း မိန့်ကြားလိုက်တဲ့မိုင်းဖုန်းဆရာတော်”ဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းတစ်ခု လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ ဒီခေါင်းစဉ်နဲ့မျှဝေထားတဲ့သတင်းမှာ “ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ်ဟာ လူဉီးရေ သန်း ၁၀၀ အထိကူးစက်ခံရမယ်၊ ၂၀၂၀ နဲ့ ၂၀၂၁. ခုနှစ်တွေဟာအဆိုးရွားဆုံးနှစ်တွေဖြစ်မယ်၊ စီးပွားပျက်ကပ်တွေလည်းဖြစ်မယ်၊၂၀၂၂ မှ အကောင်း ဘက်ပြန်ရောက်မယ်၊ ဘင်္ဂလားဒေရှ့်တစ်နိူင်ငံလုံးနီးပါး ကူးစက်မှုဖြစ်ပြီး သေဆုံးမှု့အများဆုံးဖြစ်ကာ အလောင်း များတောင်လိုပုံမယ်၊ ဘူတန်နိုင်ငံက ကပ်ရောဂါသိပ်မခံစားရဘူး၊  ကပ်ရောဂါဟာ တရုတ်မှာစပြီး တရုတ်မှာ အကြီးအကျယ်ပြန့် အဆုံးသတ်သွားမယ်၊ မြန်မာပြည်မှာတော့ ဘုရား တရား မြဲတဲ့ ဒေသတွေဟာ ကပ်ရောဂါမ ှကင်းဝေးမယ်၊ ကပ်ရောဂါဖြစ်နေတဲ့ဒေသမှာ အကောင်းဆုံး ကာကွယ်ဆေးက ဘုရား တရား သံဃာကို နေ့တိုင်းရှိခိုး ရွတ်ဆိုနေခြင်းပဲ”စသည်ဖြင့် ရေးသားထားပါတယ်။ Fb link Archive link ဒီသတင်းကို […]

Continue Reading