ညောင်လေးပင်မှာ ခိုးဝင်လာသော ဘင်္ဂါလီ ၂၀၀ ဦး ဖမ်းဆီး ရမိတယ်ဆိုတဲ့သတင်းမှား

ညောင်လေးပင်မှာ ခိုးဝင်လာသော ဘင်္ဂါလီ ၂၀၀ ဦး ဖမ်းဆီး ရမိတယ်ဆိုတဲ့ ပို့စ်တစ်ခုလူမှုကွန်ယက်သုံးစွဲသူတွေ အကြားမှာပျံ့နှံ့ခဲ့ပါတယ်။ စက်တင်ဘာ ၇ ရက်က “ဘုန်း နိုင်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “ကိုဗစ်ဖြစ်တာသောက်သောက်လဲ ခိုးသွင်းဘင်္ဂလီက တဖွဲဖွဲ”ဆိုပြီးခေါင်းစဉ်တပ်မျှဝေထားပြီး ညောင်လေးပင်မြို့တွင် ဘောက်ကားကြီး(၂)စီး အံစာတုံးကား(၁)စီးဖြင့် ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှ တရားမဝင် ခိုးသွင်းလာသော ဘင်္ဂလီအကောင်(၂၀၀) ဖမ်းဆီးရမိသည်ဟု ညောင်လေးပင်မြို့မှ တာဝန်ရှိသူတစ်ဦးကပြောတယ်စသည်ဖြင့် ရေးသားပြီး အောက်ပါအတိုင်းမျှဝေထားပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရားမဝင် ခိုးဝင်လာတဲ့ ဘင်္ဂါလီ ၂၀၀ဦးကို ဖမ်းဆီးရမိဆိုတဲ့ပို့စ်ဟာ မတ် ၃၁ရက်နေ့ထဲက လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တာဖြစ်ပြီး အဲဒီအချိန်က “Nay Lin Htike”ဆိုတဲ့ ဖေ့ဘွတ်ခ်အကောင့်က ရန်ကုန်တိုင်း ဒေသကြီး ရွှေကျီးစက်ရုံပိတ်လိုက်တာကြောင့် စက်ရုံပိုင်ရှင်ကသဲတော၊ ဝမ်းတွင်း၊ သာစည် […]

Continue Reading

အစိုးရကပေးတဲ့ထောက်ပံ့ကြေးကို ဖြတ်စားတဲ့ကျေးရွာအုပ်ချုပ်ရေးမှုအဖြစ် ဖော်ပြနေတဲ့ ပုံအမှား

အစိုးကပေးတဲ့ ကိုဗစိနိုင်တင်းထောက်ပံ့ကြေးတွေကို ဖြတ်စားတဲ့ ကျေးရွားအုပ်ကြီးကိုဖမ်းလိုက်ပြီဆိုတဲ့ သတင်းကို Myanmar People Allianceဆိုတဲ့ ဝက်ဘ်ဆိုဒ်က ဩဂုတ်လ ၃၁ ရက်နေ့က သတင်းတင်ခဲပြီး ဖေ့စ်ဘွတ်အသုံးပြုသူ နှစ်ထောင်ကျော်က ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။ ဒီသတင်းမှာ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ကံဘဲ့လေးကျေးရွာအုပ်စုရှိ အိမ်ထောင်စု ၂၇၃ စုအတွက် တအိမ်ထောင်ကို ၂ သောင်းကျပ်စီနဲ့ နိုင်ငံတော်က ထောက်ပံ့ငွေ ၅၄ သိန်း ၆ သောင်းကျပ်ကို ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်းက ပြည်သူကိုမပေးဘဲ ကိုယ်ကျိုးအတွက် သုံးစွဲခဲ့တာကြောင့် မြောင်းမြမြို့နယ် ဒုအုပ်ချုပ်ရေးမှုးဦးမျိုးခိုင်က တရားလိုပြုလုပ် တိုင်တန်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။ FB Link Archive Link Web Link Archive Link အချက်အလတ်စိစစ်ချက် သတင်းပါအကြောင်းအရာနဲ့ပတ်သက်ပြီး မြောင်းမြမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် […]

Continue Reading

ပလက်ဝက စစ်ဘေးရှောင်ဒုက္ခသည်တွေကို ကျောက်တော်မီးလောင်မှုက ဒုက္ခသည်တွေ အဖြစ်ဖော်ပြနေ

စက်တင်ဘာလ ၃ရက်နေ့ ညပိုင်း ရခိုင်ပြည်နယ် ကျော်တော်မြိုနယ်က ကျေးရွာနှစ်ရွာမီးလောင်မှုကြောင့် ဒုက္ခရောက်နေတဲ့သူတွေအဖြစ်ဖော်ပြနေတဲ့ ပို့စ်တစ်ု လူမှုကွန်ယက်စာမျက်နှာတွေမှာ ပြန့်နှံ့နေတာ တွေ့ ရပါတယ်။ “တနိုင်ငံထဲမှာနေကြသူအချင်းချင်း ရက်စက်လိုက်ကြတာဗျာ လုပ်ရဲကြတယ်နှော် ဥပမာတခုပြောပြချင်တာက ရွာတရွာဟာမည်သည့်အကြောင်းကြောင်းဖြင့်မီးလောင်ပါစေ မြို့နယ်မီးသတ်ဘာလုပ်နေလည်း? မြို့နယ်အုပ်ချုပ် သူတွေကော ဘယ်ကိုခရီးလွန်နေလို့လည်း? လောင်ပြီးနောက်ပိုင်း ပြည်နယ်အစီုးရအဖွဲ့ ကသွားမကြည့်သင့် ဘူးလား? ဒုက္ခရောက်သူများကို ကူညီစရာတို့အားပေးစကားတို့ သွားမပေးသင့်ဘူးလား? ဒီလောက်တရွာလုံးပြာ ကျသွားတာကို နိုင်ငံတော်အကြီးအကဲတဦးဦးအနေနှင့် ဝမ်းနဲကြောင်းနှင့်အားပေးစကားလေး တခွန်တောင် မပြောသင့်ဘူးလား? တော်တော် တော်ကြတယ့်အုပ်ချုပ်သူလူတန်းစားတွေဘဲ ပြောလိုက်ကြတာတော့ ဘာကြီး ညာကြီးတွေ ကြီးဘဲ ဒီAccထဲကလည်းမနက်ဖြန်အကန်းတွေကိုအကုန်ရှင်းထုတ်မည်”လို့ ရေးသားပြီး “Kyaw Hla Maung Rakhita”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ အောက်ပါအတိုင်းမျှဝေထားပါတယ်။ ပို့စ်မှာ ကျောက်တော်မြို့ နယ်မှာ စက်တင်ဘာ ၃ ရက်က မီးလောင်ပုံ၊ ဒုက္ခသည်တစ်ချို့ပုံပါဝင်ပါတယ်။ […]

Continue Reading

၂၀၁၅ ခုနှစ် လောက်ကိုင်တိုက်ပွဲက ပုံတွေကို AA အဖွဲ့ရဲ့ လက်ချက်နဲ့ တပ်မ​ေတာ်သား တွေကျဆုံးပုံအဖြစ် သတင်းမှားဖြန့်

ပုဏ္ဏားကျွန်းမှာ မြန်မာ့တပ်မတော်သား ငါးဦးအား အသေပစ်ခတ်ဖမ်းဆီးရမိတယ်ဆိုတဲ့ စစ်သားတွေ မြေပြင်မှာ လဲကျနေပုံနဲ့ ပို့စ်တစ်ခုကို လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။  ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ “ရခိုင်ပြည်နယ်ပုဏ္ဏားကျွန်း ကွန်းတောင်ရွာအနီးတဝိုက် အများပြည်သူရပ်ရွာများအား ခိုးဆိုးလုနှိုက်နေသော တပ်မတော်စစ်ကြောင်းတခုသည် ၂၀၂၀ စက်တင်ဘာလ(၁)ရက်နေ့က ရခိုင်အမျိုးသား အဖွဲ့ချုပ်ထိမ်းချုပ်ရာ နယ်မြေအတွင်းသို့ မတရားကျူးကျော် ဝင်ရောက်လာသဖြင့် သက်ဆိုင်ရာ နယ်မြေတာ ဝန်ခံစစ်ဒေသကင်းအဖွဲ့မှ ရပ်တန့်စစ်ဆေးရန်အကြောင်းကြားရာ လက်မခံပဲ ထွက်ပြေးကြသဖြင့် ရခိုင့် တပ်တော်မှ မလွှဲသာမရှောင်သာ၍ ခြောက်လှန့်ပစ်ခတ်စဉ် မြန်မာတပ်မတော်သားငါးဦးကျဆုံးသွားခဲ့ပြီး ၎င်းတို့နှင့်အတူပါလာသော လက်နက်ခဲ ယမ်း ကျည်ဆံများပါထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း FDM သတင်းဌာန၏ ထုတ်ပြန်ကြေငြာချက် အရသိရပါ သည်”စသည်ဖြင့် ရေးသားထားပြီး “တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားတာပါတယ်။ Link Archive link အလားတူပို့စ်ကို “စော ဒေဝီ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက စက်တင်ဘာ […]

Continue Reading

“AA ရခိုင်စစ်သမီးတွေရဲ့ခံယူချက်”အမည်နဲ့ ရုပ်သံဖိုင်ထဲကရုပ်ကတ်အချို့နဲ့ AA အဖွဲ့ရဲ့ မုဒိန်းကျင်ခံရတဲ့ ရခိုင်မိန်းမပျိုလေးများအဖြစ်ပုံမှားရိုက်ထားတဲ့သတင်းတု

AA အဖွဲ့ကို ဝင်ရောက်သွးတဲ့ အမျိုးသမီးစစ်သည်တွေဟာ အေအေအရာရှိ များရဲ့လိင်ဖော်ဖြေရေးလုပ် သားများဖြစ်သွားကြတယ်ဆိုတဲ့  ဗွီဒီယိုဖိုင်ပို့စ်တစ်ခုကို Myanmar Top News က ယူကျူ့ချန်နယ်မှာ ြသဂုတ် ၂၂ ရက်က မျှဝေခဲ့တာတွေ့ရပါတယ်။  “အေအေအရာရှိများရဲ့လိင်ဖော်ဖြေရေးခုပ်သားများဖြစ်သွားကြသောရခိုင်မိန်းမပျိုလေးများ”ဗွီဒီယိုကို ခေါင်းစဉ်တပ်ထားပြီး Myanmar Top News အမည်နဲ့ ယူကျူ့ချန်နယ်မှာမျှဝေထားတာရာမှာ ဒီဗွီဒီယိုကို ကြည့်ရှု့သူ ၄သောင်းကျော်ရှိခဲ့ပါတယ်။ Link Archive link အချက်အလက်စိစစ်ချက် ဒီဗွီဒီယိုနဲ့ပတ်သက်ပြီး The Nyang News က အချက်အလက်စိစစ်ထားတာ တွေ့ရပါတယ်။ “အဓမ္မ ပြုကျင့်ခံရသူ အမျိုးသမီးက ရခိုင်အမျိုးသမီး များ အစည်း အရုံး ထံ ဖုန်းဆက် အကူအညီ တောင်းခံထားတယ် ဆိုတဲ့ အချက်နဲ့ ရခိုင်အမျိုးသမီး အစည်းအရုံး တာဝန်ရှိသူရဲ့ ပြောကြားခဲ့တယ် […]

Continue Reading

ကျောက်တော်မီးလောင်မှု သေဆုံးမှုအဖြစ်ဖော်ပြနေတဲ့သတင်းမှား

စက်တင်ဘာလ ၃ရက်နေ့ ညပိုင်း ရခိုင်ပြည်နယ် ကျော်တော်မြိုနယ်က ကျေးရွာနှစ်ရွာမီးလောင်မှုမှာ သေဆုံးသူ စာရင်းမှာ လူပေါင်း ၆၆ဦး မီလောင်သေဆုံးခဲ့တယ်ဆိုတဲ့ ပို့စ်တစ်ု လူမှုကွန်ယက်စာမျက်နှာတွေမှာ ပြန့်နှံ့နေတာ တွေ့ ရပါတယ်။ “Crd#မနေ့က ကျောက်တော်မြိုနယ်အပိုင် ရွာ၂ ရွာမီးရှို့ ခံရ မှုမှ အသေအပျောက်စာရင်း”လို့ အညွှန်းတပ်ထားပြီး “—သေဆုံးသူ စာရင်းတဲ့—(၁)ဘုန်းတော်ကြီး-၃-ပါး၊ (၂)ကိုယ်ဝန်ဆောင် မိခင်လောင်း-ရ-ဦး၊ (၃)လသားအရွယ် မိန်းခလေး-၁၀-ဦး၊ (၄)လသားအရွယ် ယောက်ျားကလေး-၁၃-ဦး၊ (၅)အသက်-၆၅-နှစ်ရှိသူ-၁၅-ဦး၊ (၆)အသက်-၃၅-နှစ်ရှိသူ ယောက်ျား-၁၁-ဦး၊ (၇) ကျောင်းသူ-၇-ဦး စုစုပေါင်း-၆၆-ဦး မှာ မီးလောင် သေဆုံးကြောင်း သိရ၏။”လို့ ပို့စ်တင်ရေးသားထားတာ အောက်ပါအတိုင်းတွေ့ရမှာဖြစ်ပါတယ်။ FB Link Archive Link အချက်အလက်စိစစ်ချက် အဲ့ဒီမီးလောင်မှုဖြစ်စဉ်နဲ့ပတ်သတ်ပြီး BBC The Irrawaddy 7 Daysမီဒီယာတွေရဲ့ […]

Continue Reading

ဒေါ်အောင်ဆန်းစုကြည်ကို ပြည်ထဲရေး ဒုဝန်ကြီးက အမေစုလို့ခေါ်ခဲ့သလား

စက်တင်ဘာ ၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ COVID-19 ဓာတ်ခွဲအတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများအား စုံစမ်းရှာဖွေဖော်ထုတ်ခြင်း၊ ကာကွယ်၊ ထိန်းချုပ်ရေးစီမံဆောင်ရွက်ခြင်းတို့နဲ့ပတ်သက်ပြီး ဆွေးနွေးပွဲမှာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်စိုးတင့်နိုင်က ဒေါ်အောင်ဆန်းစုကြည်ကို အမေစုလို့ လွှတ်ကနဲ ခေါ်လိုက်သံကြားရတယ်ဆိုတဲ့ ပို့စ်တစ်ခုပျံ့နှံ့ခဲ့ပါတယ်။ “ဒီနေ့လွှင့်တဲ့ Liveမှာပြည်ထဲရေး ဒုဝန်ကြီးဗိုလ်ချုပ်ဟာ အပြန်အလှန်ဆွေးနွေးနေရင်းနဲ့ ‘အမေစု’လို့ လွှတ်ကနဲခေါ်လိုက်မိတာ ကြားလိုက်ရတယ်~အဲဒီအသံဟာ~”ရင်ထဲကလာတဲ့အသံ”ဘဲဖြစ်ပါလိမ့်မယ်။”လို့ ပို့စ်တင်ထားတာတွေ့ရပါတယ်။ FB Link Archive Link အချက်အလက်စိစစ်ချက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ စက်တင်ဘာ ၂ ရက်နေ့၊ မနက်ပိုင်းမှာ ကိုဗစ်နိုင်တင်ရောဂါနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုကို တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး ၁ နာရီနဲ့ ၅ မိနစ်ဝန်းကျင် ကြာပါတယ်။အဲဒီတိုက်ရိုက်ထုတ်လွှင်မှုမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်စိုးတင့်နိုင်(ပြည်ထဲရေး-ဒုတိယဝန်ကြီး)၊ ဦးနေဝင်းအောင်(ရန်ကုန်တောင်ပိုင်းခရိုင်အုပ်ချုပ်ရေးမှုး)နဲ့ ဒေါက်တာသက်စုမွန် (ပြည်သူ့ကျန်းမာရေးဦးစီးဌာန- လက်ထောက်ညွှန်ကြားရေးမှူး)တို့ဆွေးနွေးခဲ့ပါတယ်။  ဗိုလ်ချုပ်စိုးတင့်နိုင်က တိုက်ရိုက်ထုတ်လွှင်မှုရဲ့ ၂၁ […]

Continue Reading

အမေရိကန်မှာ COVID-19 ကာကွယ်ဆေး လူသန်း ၂၀၀ မှာ ထိုးမယ်ဆိုတာမဟုတ်ပါ

အမေရိကန်မှာ COVID-19 ကာကွယ်ဆေး လူသန်း ၂၀၀ ကို အောက်တိုဘာ ၂၂ ရက်မှာ စတင်ထိုးမယ်ဆိုတဲ့ ပို့စ်တစ်ခု ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ “အောက်တိုဘာ 22 Covid19 ကာကွယ်ဆေး USA မှာလူသန်း 200စထိုးပြီ..CNN”လို့ “Lwin Moe”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ရေးသားထားပြီး ဒီသတင်းကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာတွေမှာ မျှဝေခဲ့ကြ တာတွေ့ရပါတယ်။ Link Archive link အချက်အလက်စိစစ်ချက် Google မှာ “us covid-19 vaccine on october 22 cnn”လို့ အဓိကကျတဲ့စကားလုံးတွေကို ရိုက်ရှာမယ်ဆိုရင် အောက်ပါအတိုင်းတွေ့ရပါတယ်။ COVID-19 ကာကွယ်တားဆီးရန်အလားအလာကောင်းများ ကာကွယ်ဆေးတွေအတွက် ခွင့်ပြုချက် သို့မဟုတ် လိုင်စင်ချထားပေးခြင်းတွေကို အားဆွေးနွေးဖို့အတွက် ၂၀၂၀၊ အောက်တိုဘာ ၂၂ ရက်တွင်ကာကွယ်ဆေးနဲ့ […]

Continue Reading

သီတဂူဆရာတော်ကြီးမှာ COVID-19 တွေ့ရှိဆိုတဲ့ သတင်းတု

သီတဂူဆရာတော်ကြီးမှာ COVID-19 တွေ့ရှိဆိုတဲ့ သတင်းတစ်ခု လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့ လျှက်ရှိတာတွေ့ရပါတယ်။  “Covid 19 စစ်ဆေးရာဌာနသို့ သီတဂူဆရာတော်ကြီး ရောက်ရှိလာပြီ”ဆိုတဲ့ ဒီခေါင်းစဉ်နဲ့မျှဝေထားတဲ့သတင်းမှာ သီတဂူဆရာတော်ကြီးကူးစက်ခံရတဲ့ ဗိုင်းရပ်စ်မှာ “Covit 19 ၏အဆင့်အမြင့်ဆုံးဖြစ်သော #blackpigcovitvirus ဖြစ်ပြီးပျောက်ကင်းဖို့ရာမဖြစ်နိုင်နိုင်ကြောင်း”စသည်ဖြင့်ရေးသားပြီး အောက်ပါအတိုင်းမျှဝေထားပါတယ်။ Fb link Archive link ဒီပို့စ်ကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားတာတွေ့ရပါတယ် အချက်အလက်စိစစ်ချက်  “အဲဒီပုံက လွန်ခဲ့တဲ့နှစ်များစွာက အာရှတော်ဝင်မှာ နှလုံးစမ်းသပ်တဲ့ စက်ကြီးဝယ်လာလို့ သွားစစ်ဆေး ပေး တာပါ။ ပရိတ်ရွတ်ပေးတာပါ။ ဒီဓာတ်ပုံကိုပဲ သီတဂူဆရာတော် နေမကောင်းလို့ဆိုပြီး လွန်ခဲ့နှစ်က လျှောက် ဖွနေတာ တွေ့ဖူးပါတယ်”ဆိုပြီးတော့ သီတဂူဆရာတော်ကြီးရဲ့ လက်ရုံးတပည့်ဆရာတော်တစ်ပါးဖြစ်တဲ့ ဒေါက်တာကောဝိဒသိရီ(သီတဂူစတားဆရာတော်)က ကိုယ်ပိုင်လူမှုကွန်ယက်စာမျက်နှာတဆင့် ပြန်လည် ရှင်းလင်းထား တာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာ […]

Continue Reading

ဂျပန်ဝန်ကြီးချုပ် မြန်မာနိုင်ငံလာခဲ့သလား-မဟုတ်ပါ

ဂျပန်ဝန်ကြီးချုပ် မြန်မာနိုင်ငံလာပြီး ဒေါ်လာသန်း ၄၁၀ ပေးခဲ့တယ်ဆိုတဲ့ ပို့စ်တစ်ခုလူမှုကွန်ယက်သုံးစွဲသူတွေ အကြားမှာပျံ့နှံ့ခဲ့ပါတယ်။ “ကျေးဇူးသိတတ်လှတဲ့ ဂျပန်”စသည်ဖြင့်ခေါင်းစဉ်တပ်ထားပြီး ဂျပန်ဝန်ကြီးချုပ်မြန်မာနိုင်ငံကိုရောက်လာခဲ့ပြီး ကိုဗစ်ကြောင့်ဖြစ်ပေါ်တဲ့စီးပွားရေးကျဆင်းမှုကို ကုစားနိုင်ဖို့ အစိုးကို ဒေါ်လာ သန်း ၄၁၀ ပေးသွားပါတယ် (ချေးတာမဟုတ်ပါ) ဆိုပြီးတော့ ဂျပန်ဝန်ကြီးချုပ်ပုံနှင့်တကွ ရေးသားမျှဝေထားတာအောက်ပါအတိုင်းတွေ့ရ ပါတယ်။ Fb link Archive link အလားတူ ပို့စ်ကို ဒီနေရာနဲ့ ဒီနေရာတွေမှာ မျှဝေထားတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် တကယ်တော့ ဒီအချက်အလက်တွေဟာ ထင်ယောင်ထင်မှားဖြစ်စေပြီး မှားယွင်းနေတာတွေ့ရပါတယ်။  ယခုနှစ်အတွင်း မြန်မာနိုင်ငံကို ဂျပန်ဝန်ကြီးချုပ် လာရောက်ခဲ့ခြင်းမရှိပါဘူး။ ြသဂုတ် ၂၄ ရက်ကနေ ၂၅ ရက်အထိ မြန်မာနိုင်ငံကို လာရောက်ခဲ့တာဟာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဖြစ်တာတွေ့ရပါတယ်။ နိုင်ငံတော်အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံတဲ့ သတင်းကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။  […]

Continue Reading