Fact Check: ဒီဗွီဒီယိုက Non CDM ဆရာမကို PDF က လည်ပင်းကြိုးချည်ပြီး အနိုင်ကျင့်နေတာလား- မဟုတ်ပါ

ဆရာမတစ်ယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)က လည်ပင်းကြိုးချည်ပြီး အနိုင်ကျင့်နှိပ်စက်နေတယ် ဆိုပြီး ဗွီဒီယိုတစ်ခုကို ဖေ့စ်ဘွတ်မှာ ဖြန့်ဝေလျက်ရှိတာတွေ့ရပါတယ်။ ပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေမှာ ၅၅ စက္ကန့်ရှည်လျား တဲ့ ဗွီဒီယိုတစ်ခုပါဝင်ပြီး ဒီဗွီဒီယိုထဲမှာ အဖြူအစိမ်းဝတ်ထားတယ်လို့ ထင်ရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ လည်ပင်းကို ကြိုးကွင်းသွပ်ထားပြီး ကြိုးတစ်စကို လက်နက်ကိုင်အမျိုးသားတစ်ယောက်က ကိုင်ထားတာတွေ့ ရပါတယ်။ ထို့အပြင် အခြားသော အရပ်ဝတ်နဲ့အမျိုးသားတစ်ယောက်က အမျိုးသမီးကို တုတ်တစ်ချောင်းနဲ့ ရိုက်နေဟန်ပါဝင်ပါတယ်။ သို့သော် ဒီဗွီဒီယိုဟာ PDF ဖွဲ့စည်းချိန်မတိုင်ခင် အနည်းဆုံး ၄ နှစ်စောပြီး အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတဲ့ ဗွီဒီယိုဖြစ်ပါတယ်။ “Non CDM ဝန်ထမ်းဆရာမကို PDF က လည်ပင်းကြိုးချည်ပြီး အနိုင်ကျင့်နှိပ်စက်နေတာပါ။ ဒီလို ကျင့်ဝတ်မရှိ ၊ သိက္ခာမရှိ ၊ ဥပဒေမရှိ၊ လက်နက်အားကိုးနဲ့ […]

Continue Reading

Fact Check: မြိုင် PDF က ကလေးတွေကို ခြိမ်းခြောက်ဆန္ဒပြခိုင်းတဲ့ ဓာတ်ပုံလား- မဟုတ်ပါ

မြိုင် PDF တွေက ကလေးသူငယ်တွေကို လက်နက်နဲ့ ခြိမ်းခြောက်ပြီး ဆန္ဒပြခိုင်းတဲ့ ဓာတ်ပုံအဖြစ် ဖေ့စ်ဘွတ် အသုံးပြုသူတွေ အတော်များများက ပြန်လည်မျှဝေခဲ့တာတွေ့ရပါတယ်။ တကယ်တော့ ဓာတ်ပုံဟာ မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ ထုတ်ပြန်ခဲ့တဲ့ PDF အစောင့်အရှောက်နဲ့ ဆန္ဒပြပွဲ ဓာတ်ပုံသာဖြစ်တာတွေ့ရပါတယ်။ “***နစက အစိုးရ မြင်နိုင် ကြားနိုင် သိနိုင်ပါစေ*** မြိုင်အကြမ်းဖက်PDFမှ ကလေးသူငယ်များအား လက်နက်ဖြင့်ခြိမ်းခြောက်၍ ဆန္ဒပြခိုင်းကြောင်းသိရ”စသည်ဖြင့်ရေးသားပြီး “–”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ရေးသားမျှဝေထားတာတွေ့ရပါတယ်။ ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် အဓိကကျတဲ့ စကားလုံးအချို့အသုံးပြုပြီး ရှာဖွေရာမှာ ဒီဓာတ်ပုံဟာ မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ် ကော်မတီ ထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံတွေထဲက ဓာတ်ပုံတစ်ပုံကို အသုံးပြုပြီး လိုသလို ပြန်လည်ရေးသားမျှဝေနေ တာတွေ့ရပါတယ်။ “Basic […]

Continue Reading

Fact Check: ဒီဓာတ်ပုံက မင်းကင်းမှာPDF စခန်းအားမီးရှို့ဖျက်ဆီးမှုလား-မဟုတ်ပါ

မင်းကင်းမှာ PDF စခန်းတစ်ခု မီးရှို့ဖျက်ဆီးမှုဆိုပြီးတော့ ဓာတ်ပုံ ၃ ပုံနှင့်အတူ မျှဝေထားရာမှာ ဒီပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူရာဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။ ဓာတ်ပုံ ၃ ပုံမှာ အဝေးမှာ မီးလောင်နေတဲ့ မြင်ကွင်း၊ လူ ၃ ယောက်မှောက်လျှက်သားဖမ်းဆီးထားပုံနဲ့ လက်လုပ်သေနတ်အနည်းငယ်ကို စီတန်းရိုက်ထားတဲ့ ဓာတ်ပုံတွေပါဝင်ပါတယ်။  သို့သော် မီးလောင်နေတဲ့ဓာတ်ပုံဟာ မင်းကင်းမြို့နယ် ဘင်ကျေးရွာ မီးရှို့ခံရမှုက ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဖေ့စ်ဘွတ်ပို့စ်တစ်ခုကို အောက်ပါအတိုင်းတွေ့ရပါတယ်။ “ဖေဖော်ဝါရီ ၂၊ ၂၀၂၂။ အင်အား၃၀၀ကျော်ရှိသော မင်းကင်းpdf စခန်းတဲတွေကို တပ်တော်မှတိုက်ခိုက်ပီး PDF၃၅ဦးကိုဖမ်းဆီးမိသွား PDFအမျိုးသား၃ဦးနားထင် စနိုက်ပါမှန်သေဆုံး စခန်းအားမီးရှိုဖျက်ဆီးခဲ့ #စွန်ရဲ ”လို့ “အစိမ်းရောင် ချစ်သူ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၄၀၀ ကျော်ရှိပါတယ်။ တူညီတဲ့မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ […]

Continue Reading

Fact Check: တမူးပြည်သူ့ကာကွယ်ရေးတပ်က မိုင်းခွဲတိုက်ခိုက်မှုဖြစ်စဉ်ကို အသုံးပြုပြီး သတင်းမှားဖြန့်

တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က အရပ်ဝတ်နဲ့ ရဲတွေလိုက်ပါတဲ့ ကားတစ်စီးကို မိုင်းခွဲတိုက်ခိုက်မှု ဖြစ်စဉ်ဟာ ဖေ့စ်ဘွတ်မှာပျံ့နှံ့မှု အားကောင်းခဲ့ပြီးနောက် ဒီဓာတ်ပုံတွေကို အသုံးပြုပြီး သတင်းမှားဖြန့်ဝေလျှက် ရှိတာတွေ့ရပါတယ်။  “စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပိုင်း အာရှလမ်းမပေါ်တွင်ရဲတပ်ဖွဲ့ အယောင်ဆောင် အကြမ်းဖက် PDF အဖွဲ့ အားမြန်မာတပ်မတော် ကွန်မန်ဒို ၃ဦးမှ့ လက်ရဖမ်းဆီးရရှိ့ ၄ဦးသေဆုံး၍ ၁၀ဦး အရှင်ဖမ်းမိ”လို့ရေးသားပြီး “Kyaw Thiha”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားတာအောက်ပါအတိုင်းတွေ့ရပါတယ်။ ဒီဖေ့စ်ဘွတ်အသုံးပြုသူကနေ ထပ်ပြီးတော့ အခြားသော ဖေ့စ်ဘွတ်အုပ်စုတွေမှာ မျှဝေထားတာကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် တကယ်တော့ ဓာတ်ပုံတွေဟာ စစ်ကိုင်းတိုင်း၊ တမူးမြို့ကနေ ကလေးမြို့သို့ ထွက်ခွာလာတဲ့အရပ်ဝတ်ရဲတွေ စီးနင်းလာတဲ့ ကားတစ်စီးမိုင်းဆွဲတိုက်ခိုက်ခံရမှုအပြီးဓာတ်ပုံတွေဖြစ်ပါတယ်။  Khit Thit […]

Continue Reading

Fact Check: ဒီဓာတ်ပုံက ထိုင်းရုပ်သံလိုင်းက ရုပ်ရှင်ကြော်ငြာဓာတ်ပုံသာဖြစ်တယ်

ခန္ဓာကိုယ်အပေါ်ပိုင်းအဝတ်အစားမပါတဲ့ ထွားထွားကြိုင်းကြိုင်းအမျိုးသား ၅ ယောက်သေနတ်ကိုင်ထားတဲ့ ဓာတ်ပုံကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆိုပြီးတော့ဖေ့စ်ဘွတ်မှာ မျှဝေလျှက်ရှိပါတယ်။ ဒီဇင်ဘာ ၂၄ ရက်ကစပြီး မြန်မာနိုင်ငံမှာ ပျံ့နှံမှုအားကောင်းလာတဲ့ ဒီဓာတ်ပုံဟာ ထိုင်းရုပ်သံလိုင်းတစ်ခုက တင်ထားတဲ့ဓာတ်ပုံဖြစ်ပါတယ်။  “PDF Mandalay”အမည်နဲ့စာမျက်နှာက “pdf ဆိုတာ”လို့ရေးသားထားပြီး အောက်ပါအတိုင်း မျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  ဖေ့စ်ဘွတ်အသုံးပြုသူအမျိုးသမီးအချို့ကလည်း “ဖမ်းချင်လဲ လာသာဖမ်းကြပါတော့ရှင် လက်နက်ကိုင်သင်တန်း သွားကိုတက်တော့မယ် မရတော့ဘူး တိုင်းပြည်အတွက် ပေးဆပ်ဖို့ ဇာတိသွေးဇာတိမာန်တွေ မက်တျားကြွနေပြီ ကျမလိပ်ပြာလုံချင်တယ်😢 မတားနဲ့ — ဖယ် 😅😅😅 #လက်လက်မျိူးချစ်စင်”စသည်ဖြင့်ရေးသားမျှဝေထားတာ ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: ကနီ PDF ကသစ်ခိုးထုတ်နေပုံအဖြစ်သတင်းမှားဖြန့်ဝေ

ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က သစ်ခိုးထုတ်နေပုံဆိုပြီးတော့ ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူ အတော်များများက မျှဝေလျှက်ရှိပါတယ်။  သို့သော် ဓာတ်ပုံဟာ Kani people’s Defense Force – KPDF 1 အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြခဲ့တဲ့ ဓာတ်ပုံဖြစ်ပြီး ဒီဓာတ်ပုံနဲ့အတူ ဖော်ပြထားတဲ့အကြောင်းအရာကို ပုံဖျက်ရေးသားထားခြင်းဖြစ်ပါတယ်။   “သစ်ခိုးထုတ်နေသော pdf များ….. ကနီ pdf များအနေဖြင့် ငွေကြေးထောက်ပံ့မှု နည်းပါးခြင်းကြောင့် စားဝတ်​နေရေးအခက်အခဲကြုံကာ နိုင်ငံပိုင်သစ်များ ခိုးထုတ်နေ… #kt”လို့ရေးသားပြီး “Sergeant Ko THET”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ရေးသားပြီးမျှဝေထားတာ အောက်ပါအတိုင်းတွေ့ရပါတယ်။အလားတူရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် အဓိကကျတဲ့စကားလုံးအချို့ကို အသုံးပြုပြီးအကြောင်းအရာကို ရှာဖွေကြည့်ရာမှာ တူညီတဲ့ဓာတ်ပုံကို Kani […]

Continue Reading

Fact Check: ဒီမောဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ထားတဲ့ ဓာတ်ပုံတွေကို အသုံးပြုပြီး သတင်းမှားဖြန့်

ဒီမောဆိုမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေက လယ်သမားတွေရဲ့စပါးကို ခိုးယူသွားတယ် ဆိုပြီးတော့ ဓာတ်ပုံတစ်ပုံကိုဖေ့စ်ဘွတ်မှာဖြန့်ဝေလျှက်ရှိပါတယ်။ သို့သော် ဓာတ်ပုံတွေဟာ ဒီမောဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားတဲ့ ဓာတ်ပုံတွေကိုအသုံးပြုပြီး အကြောင်းအရာကို ပုံမှားရိုက်ဖော်ပြနေခြင်းဖြစ်ပါတယ်။  “နေမင်း၏သားတော်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “တော်လှန်ရေးရိက္ခာအတွက်ဟုဆိုကာ DMO-PDF တပ်ရင်းက နေရပ်စွန့်ခွာသွားတဲ့စစ်ရှောင်များရဲ့ စပါးများခိုးယူ =============================== မိုးဗြဲ /ဒီး မာ့ဆို နယ်ကြား နှစ်ဖက်တိုက်ပွဲများကြား ရွာသူရွာသားများထိတ်လန့် ကြောက်ရွံပြီးအိုးအိမ်စွန့်ကာ ထွက်ပြေးခဲ့ကြရသည်။ ရိတ်သိမ်း နေဆဲစပါးခင်းများကိုလည်း ဆက်လက်မရိတ်သိမ်းနိုင်ဘဲ ထားပစ်ခဲ့ရာ  ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲအမည်ခံ ဒီး မော့ဆို(DMO-PDF)တပ်ရင်းရှိ  အကြမ်းဖက်သမားများမှ တော်လှန်ရေးရိက္ခာ အတွက်ဟုဆိုကာ နိုဝင်ဘာလ၂၁ ရက်နေ့က ရိတ်သိမ်းပြီး ၎င်းတိုစခန်းများသို ခိုးယူသွားကြတယ်လို ဒေသခံများ ထံမှသိရပါတယ်။”လို့ ရေးသားပြီး နိုဝင်ဘာ ၂၃ ရက်မျှဝေထားတာအောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် […]

Continue Reading

Fact Check: ဒီဓာတ်ပုံဟာ ၂၀၁၉ခုနှစ်က အစ္စရေးသံချပ်ကာကားတိမ်းမှောက်မှု ဓာတ်ပုံဖြစ်တယ်

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မှာ စစ်ကောင်စီသံချပ်ကာ ကားမိုင်းဆွဲတိုက်ခိုက်ခံရတဲ့ ဓာတ်ပုံဆိုပြီးတော့  သံချပ်ကာကားတစ်စီး တိမ်းမှောက်နေတဲ့ ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ်အသုံးပြုသူ ရာဂဏန်းကပြန်လည်မျှဝေ လျက်ရှိပါတယ်။ သို့သော် ဓာတ်ပုံဟာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက် အစ္စရေးတင့်ကားတစ်စီးတိမ်းမှောက်မှု ဖြစ်စဉ်ကဓာတ်ပုံဖြစ်ပါတယ်။  “စစ်ကိုင်း ထီးချိုင့်မှာ  စစ်ကောင်စီသံချပ်ကာ ကားမိုင်းဆွဲတိုက်ခိုက်ခံရပြီး  တောင်အောက်သို့ ထိုးကျသွားတယ်လို့သိရ အကြမ်းဖက်စစ်ကောင်စီစစ်တပ် သံချပ်ကာကားမိုင်းခွဲတိုက်ခိုက်ခံရ 1.11.2021 ရက်နေ့ည 11:30.pm အချိန်တွင်စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်မြို့နယ်၊ မော်ကွန်းတောင်တွင် စစ်ကောင်စီ စစ်တပ်သံချပ်ကာ ကား (၁)စီးအား ထီးချိုင့် PDF မှမိုင်းခွဲတိုက်ခိုက်ခဲ့ရာ အဆိုပါသံချပ်ကာကားမိုင်းထိမှန်ပြီး တောင်အောက်သို့ထိုးကျသွားကြောင်းသိရှိရပါသည်။ #PDFNewsflash”လို့ရေးသားပြီး “Khaing Zaw”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြု သူက နိုဝင်ဘာ ၂ ရက်က မျှဝေထားရာမှာ ပြန်လည်မျှဝေမှုပေါင်း ၈၀၀ ကျော်ရှိပါတယ်။ […]

Continue Reading

Fact Check: PDF တွေပစ်ချလိုက်တဲ့ ရဟတ်ယာဉ်လား-မဟုတ်ပါ

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ရဟတ်ယာဉ်တစ်စီးကိုပစ်ချလိုက်တယ်လို့ဆိုပြီး ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ်အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။ သို့သော်ဓာတ်ပုံဟာ  ၂၀၂၀ ခုနှစ် နိုဝင်ဘာလထဲမှာကတည်းက အင်တာနက်မှာပျံ့နှံ့လျှက်ရှိတာတွေ့ရပါတယ်။   “🛑PDF တွေရဲ့ကျွေးခြင်းအနုပညာ🛑 ဟေ့ ဘယ်သူလက်ချက်လည်း ဒါကြီးက အတိုအစ ဆိုင်ပို့ရတော့မယ်။ PDF လေးတွေရဲ့အစွမ်း ❣❣❣ 🇹🇭#Zaw နိုဝင်ဘာ ၅ #pdfchannel #pdfသတင်းပေါင်းစုံ”လို့ရေးသားပြီး “Simon Nick”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း ရေးသားမျှဝေထားပါတယ်။ တူညီစွာ ရေးသားမျှဝေထားတာတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် ဓာတ်ပုံတွေကို Google မှာပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ  ၂၀၂၀ ခုနှစ်ကနိုဝင်ဘာ ၁၇ ရက်ကထိုင်းနိုင်ငံမှာ ရဟတ်ယာဉ်တစ်စီးပျက်ကျမှုအဖြစ် ထိုင်းသတင်းတွေမှာ ဖော်ပြခဲ့တာကိုတွေ့ရပါတယ်။ […]

Continue Reading

Fact Check: မြန်မာနိုင်ငံက အစ္စလာမ်ဘာသာဝင် PDF တွေတောထဲမှာ ဝတ်ပြုနေပုံ လား-မဟုတ်ပါ

တောထဲရောက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဘာသာရေး ဝတ်ပြုနေပုံဆိုပြီးတော့ ပျောက်ကျား ဝတ်စုံဝတ်လူငယ် ၄ယောက်ပါဝင်တဲ့ ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေ လျှက်ရှိပါတယ်။ သို့သော်ဓာတ်ပုံဟာ ၂၀၁၉ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပြီး စစ်အာဏာသိမ်းမှုအပြီးမှာ ဖွဲ့စည်းလိုက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(People Defense Force-PDF)ဝင်တွေနဲ့ သက်ဆိုင်ခြင်းမရှိတာ တွေ့ရပါတယ်။   “တောထဲရောက်နေတဲ့ အစ္စလာမ်ဘာသာဝင်  PDF လူငယ်လေးတွေ  နမာဇ်ဖတ် ဝတ်ပြုဆုတောင်းနေပုံ Photo : Credit #SaluteAndRespect ”လို့ရေးသားပြီး “Alvin Thuama Taisun”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ အောက်တိုဘာ ၂၈ ရက်က ဓာတ်ပုံနဲ့အတူ မျှဝေထားရာမှာ ပြန်လည်မျှဝေတဲ့ အကြိမ်အရေအတွက် တစ်ထောင် ရှိပါတယ်။ တူညီစွာ ရေးသားမျှဝေထားတာတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – […]

Continue Reading