Fact Check: UN က စစ်တပ် ၆ သိန်းကျော် လွှတ်လိုက်ပြီး မြန်မာစစ်ခေါင်းဆောင်ကို ၂၄ နာရီအတွင်းဖမ်းမယ်ဆိုတဲ့ သတင်းတု 

UN က စစ်တပ် ၆ သိန်းကျော် လွှတ်လိုက်ပြီး မြန်မာစစ်ခေါင်းဆောင်ကို ၂၄ နာရီအတွင်းဖမ်းမယ်လို့ ကြေညာတယ်ဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာ ဧပြီ ၂၂ ရက်က ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု တခုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုနဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “ဧပြီ(၂၂)နေ့အထူးဝမ်းသာစရာသတင်း ဖမ်းဝရမ်း ထုတ်ပြီ ၂၄ နာရီအတွင်းဖမ်းမည်ဟုကြေငြာ UNစစ်တပ်(၆)သိန်းကျော် လွတ်လိုက်ပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khi thit channel”ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတဲ့ ချန်နယ်တခုဖြစ်တာတွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ […]

Continue Reading

Fact Check: သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့နဲ့ မလွှတ်ရင် UN စစ်ကြေညာမယ်ဆိုတဲ့ သတင်းမှားပျံ့နှံ့

သမ္မတနဲ့ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်‌ပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက အမိန့်ချလိုက်ပြီး လွှတ်မပေးရင် ကုလသမဂ္ဂက စစ်ကြေညာမယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခုက ဖေ့စ်ဘွတ်နဲ့ ယူကျူ့မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုကောင်းလျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ ခေါင်းစဉ်လွဲတပ်ဗွီဒီယိုတွေသာ ဖြစ်တယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။  “အမေစုနဲ့သမ္မတကြီးကို ၄၈ နာရီအတွင်းချက်ချင်းလွှတ်ရမည် လုံခြုံရေးကောင်စီ(R2P) တစ်ပြိုင်နက်ဆုံဖြတ်လိုက်ပြီ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Fb link | Archive link အလားတူပို့စ်ကို ယူကျူ့ဗွီဒီယိုရဲ့ ဒီနေရာမှာလည်းတွေ့နိုင်ပါတယ်။  အချက်အလက်စိစစ်ချက် အခုလိုဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်နဲ့ ယူကျူ့ချန်နယ်တွေဟာ သတင်းမီဒီယာတွေကဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူပြီး နားလည်မှုလွဲစေနိုင်တဲ့ ချဲ့ကားထားတဲ့ သတင်းခေါင်းစဉ် ဒါမှမဟုတ် သတင်းခေါင်းစဉ်တု တပ်ဖြန့်ချိလေ့ရှိတာတွေ့ရပါတယ်။  ဖေဖော်ဝါရီ ၅ ရက်က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာအရေးနဲ့ပတ်သက်လို့ တခါးပိတ်ဆွေးနွေး […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် လေယာဉ်အသုံးပြုခွင့် အာဆီယံနဲ့ ကုလသမဂ္ဂပိတ်ပင် ဆိုတဲ့ သတင်းတု

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လေယာဉ်အသုံးပြုခွင့် အာဆီယံနဲ့ ကုလသမဂ္ဂက ပိတ်ပင် လိုက်ပြီဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေပြီး သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။  သတင်းမီဒီယာအချို့က ‌ဖော်ပြခဲ့တဲ့ သတင်းတွေကို ကူးယူပြီး မသက်ဆိုင်တဲ့ ခေါင်းစဉ်တုတပ်ပြီး ဖြန့်ချိ နေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုကရယူထားခြင်းဖြစ်တယ်။ အလားတူ ပြောဆိုချက်ကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ “အာဆီယံနဲ့ UN အရေးယူမှုကြမ်းပြီဗျို့ မအလ လေယာဉ်ဆင့်ခွင့်ပိတ်သိမ်း Khit Thit အတည်ပြုကြေညာ လိုက်ပြီ‌ဗျို့” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ အခုလို ဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်တွေကို ကြည့်မယ်ဆိုရင် သတင်းခေါင်းစဉ်တု သို့မဟုတ် ခေါင်းစဉ်လွဲတွေတပ်ပြီး ဖြန့်ချိနေ တာတွေ့ရပါတယ်။ […]

Continue Reading

Fact Check: R2P အရ မြန်မာနိုင်ငံကို UN တပ်တွေစေလွှတ်ပြီဆိုတဲ့ သတင်းမှား

မြန်မာနိုင်ငံကို အကာအကွယ်ပေးရေးအစီအစဉ်(R2P)အရ ကုလသမဂ္ဂ(UN)က တပ်တွေစေလွှတ်လိုက်ပြီး သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ဖို့နဲ့ စစ်ကောင်စီတပ်တွေ ရှေ့တန်းကနေ ပြန်ဆုတ်ဖို့ အမိန့်ထုတ်လိုက်ပြီ ဆိုတဲ့ ပို့စ်တစ်ခု ယူကျူ့ မှာဖြန့်ဝေထားတာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ မီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်း ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။ အောက်ပါစရင်ရှော့ကတော့ D-Day Media အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားတဲ့ ဗွီဒီယိုက ရယူ ထားခြင်းဖြစ်တယ်။  “၂၂ ရက် R2P စေလွှတ်ပြီ အမေစုနဲ့ သမ္မတကြီးကိုချက်ချင်းလွှတ်ပေးပြီး ရှေ့တန်းတပ်တွေ တပ်ပြန်ဆုတ်ဖို့ကုလအမိန့်ထုတ်ပြီ” စသည့်ဖြင့် ဗွီဒီယိုထဲမှာရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ ဒီလိုဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုထဲမှာပါတဲ့ သတင်းဟာ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ သတင်းဌာနတစ်ခုဖြစ်တဲ့ “People’s Spring” […]

Continue Reading

Fact Check: စစ်ခေါင်းဆောင်အပါအဝင် ဗိုလ်ချုပ်ကြီး ၃၀၀ ကျော်ကို ကုလဖမ်းဆီးတဲ့ သတင်းခေါင်းစဉ်တု

စစ်ခေါင်းဆောင်အပါအဝင် ဗိုလ်ချုပ်ကြီးတွေကို ကုလသမဂ္ဂဖမ်းဆီး၊ သတ်ဖြတ်တယ်ဆိုတဲ့ သတင်းခေါင်းစဉ်တု ဗွီဒီယိုပို့စ်တွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ စစ်ခေါင်းဆောင်အပါအဝင် ဗိုလ်ချုပ်ကြီး ၃၀၀ ကျော်ကို ကုလသမဂ္ဂဖမ်းဆီး၊ စစ်ဗိုလ်ချုပ် ၁၀၉ ဦးကို သေဒဏ်ချမှတ်၊ စစ်ထောက်ချုပ် ၉ ဦးကို ကုလသမဂ္ဂ ဖမ်းဆီးတဲ့ ဗွီဒီယိုတွေကို Share Local Media အမည်နဲ့ ယူကျူ့ချန်နယ်က ပြီးခဲ့တဲ့ရက်အနည်းက တင်ထားတာတွေ့ရပါတယ်။ ဒီနေရာနဲ့ ဒီနေရာမှာကြည့်ပါ။ အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ဖြစ်တယ်။  မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေရဲ့ သတင်း ဖော်ပြချက်ကို ပြန်လည်ကူးယူပြီး အခုလို ပုံဖျက်ထားတဲ့ သတင်းခေါင်းစဉ်တုတွေတပ်ဖြန့်ဝေနေတဲ့ […]

Continue Reading

Fact Check: ကုလသမဂ္ဂက မြန်မာကိုစစ်ကြေညာလိုက်ပြီဖြစ်လို့ ရိက္ခာစုဆောင်းခိုင်း တဲ့သတင်းမှား

ကုလသမဂ္ဂက စစ်ကြေညာလိုက်ပြီး ပြည်သူတွေ ရိက္ခာစုဆောင်းထားဖို့ဆိုပြီး သတင်းမှား ပို့စ်တစ်ခု ယူကျူ့မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ “ကုလစစ်ကြေညာပြီ ဒေါ်စုကို အပြီးသတ်လွှတ်ရန် ပြည်သူတွေ စားနပ်ရိက္ခာတွေ စုထားရန် နိုင်ငံခြားသား အမြန်ဆုံးထွက်ခွာရန် ကြေညာ”လို့ ဗွီဒီယိုရဲ့အစမှာရေးသားပြီး “Khit Thit Journal”အမည်နဲ့ ယူကျူ့ချန်နယ်မှာ အောက်ပါ အတိုင်းမျှဝေထားရာမှာ ဒီဗွီဒီယိုကို ကြည့်ရှု့မှုပေါင်း ၃၅၀၀၀ ကျော်ရှိတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – Youtube |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် “ကုလစစ်ကြေညာပြီ ဒေါ်စုကို အပြီးသတ်လွှတ်ရန် ပြည်သူတွေ စားနပ်ရိက္ခာတွေ စုထားရန် နိုင်ငံခြားသား အမြန်ဆုံးထွက်ခွာရန် ကြေညာ”လို့ ဗွီဒီယိုရဲ့ thumbnail ဓာတ်ပုံမှာရေးသားထားပေမဲ့ ၈ မိနစ်ရှည်လျားတဲ့ ဒီဗွီဒီယိုမှာ ဒီလိုကုလသမဂ္ဂက မြန်မာနိုင်ငံအပေါ် […]

Continue Reading

Fact Check: R2P အရ ကုလတပ် တစ်သောင်း မြန်မာနိုင်ငံကိုလာမယ်ဆိုတဲ့ သတင်းတုသတင်းမှား

R2P အစီအစဉ်အရ ကုလသမဂ္ဂ(United Nations-UN) တပ်တစ်သောင်း မြန်မာနိုင်ငံကိုလာမယ်လို့ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြစ်ပါတယ်။ “R2p UNတပ် 1သောင်း မြန်မာပြည်ရောက်လာမည်။ အသိပေးကြေညာချက်ထုတ်ပြီ။”လို့ ရေးသားပြီး “Zoul-168” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း  ၁၀၀၀ ကျော်ရှိပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် အထက်ပါ Screenshot ကိုကြည့်မယ်ဆိုရင် ဒေါက်တာဇော်ဝေစိုးရဲ့ ဓာတ်ပုံနဲ့အတူ နိုင်ငံသားတွေကို အကာအကွယ်ပေးရန်တာဝန်ရှိမှု(Responsibility to Protect- R2P)အစီအစဉ်အရ UN တပ်တစ်သောင်း မြန်မာနိုင်ငံကိုလာမယ်လို့ ကြေညာတယ်လို့ဆိုထားပေမဲ့ ၈ မိနစ်ကျော်ရှည်တဲ့ ဒီဗွီဒီယိုတစ်ခုလုံးမှာ ဒီအကြောင်းတစ်စုံတရာ မပါဝင်ပါဘူး။ ဒေါက်တာဇော်ဝေစိုးကပြောကြားခဲ့ခြင်းလည်းမရှိပါဘူး။ အခြားသော […]

Continue Reading

Fact Check: UN နဲ့ အာဆီယံက NUG ကိုတရားဝင်အသိအမှတ်ပြုပြီဆိုတဲ့သတင်းမှား

အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)ကို အစိုးရအဖြစ် အာဆီယံနဲ့ UN ကတရားဝင်အသိအမှတ်ပြုလိုက်ပြီလို့ဆို ထားတဲ့ ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီဘလင်ကန်ရဲ့ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ ပြောကြားချက်ကို နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တု အသုံးပြုပြီးဖြန့်ချိနေခြင်းဖြစ်တယ်။ “UN နှင့် အာဆီယံ NUGကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် ကြေညာ”လို့ ရေးသားပြီး “Rambo new” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက နိုဝင်ဘာ ၈ ရက်မှာအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဒီဗွီဒီယိုကို ကြည့်ရှု့မှုပေါင်း ၆၅၀၀၀ ရှိပါတယ်။ စစ်တပ်လုပ်မယ့်ရွေးကောက်ပွဲကို ဖျက်ဆီးဖို့ အာဆီယံနှင့် UN က အမိန့် ထုတ်လိုက်တယ်လို့လည်း ဗွီဒီယိုရဲ့ thumbnail ရုပ်ပုံစာသားမှာရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   […]

Continue Reading

Fact Check: မြန်မာစစ်တပ်ကိုအစိုးရအဖြစ်အသိအမှတ်ပြုဖို့ ကုလသမဂ္ဂဆုံးဖြတ်ဆိုတဲ့ သတင်းတုသတင်းမှား

အာဏာသိမ်း မြန်မာစစ်တပ်ကို မြန်မာနိုင်ငံအစိုးရအဖြစ် ကုလသမဂ္ဂကအတည်ပြုလိုက်ပြီဆိုတဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြု သူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုသတင်းမှားတစ်ခုသာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကတည်းက ကုလသမဂ္ဂက မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုကို ရှုတ်ချထားပြီးဖြစ်ပါတယ်။ “* 21.6.2022 . သတင်ထူးပြီ * ~~~~~~~~~~~~~~~~~~ နစကအစိုးရကိုတရားဝင်အစိုးရပါတဲ့ အမျိုးတို့ရေ😍😍😍 အားလုံး ပျော်ကြရဲ့လားဝေ့ နစက အားတရားဝင်အစိုးရအဖြစ် သတ်မှတ်ရေး အဆိုကို ကုလသမဂ္ဂအစည်းအဝေးတွင် ဆုံးဖြတ်ချက်ရယူရာမှာ ထောက်ခံမဲအများစုဖြင့်  “နစက”အား မြန်မာနိုင်ငံအစိုးရအဖြစ် အတည်ပြု👌    á€‘ုလးစလဥတိုင်းကနအ်ကွက်တဏက တူရကီ × ကြားနေတာက USA ; UK , နဲ့အနောက်နိုင်ငံအချို့😎 နစကအားအစိုးရအဖြစ် အတည်ပြုထောက်ခံတာက တရုပ် အိန္ဒိယ ရုရှား အာဆီယံ  ၁၀နိုင်ငံအပြင် ကမ္ဘာ့နိုင်ငံပေါင်း ၁၁၉….ကမ္ဘာ့လူလည် ငပွတွေ စောက်ရှက်ကွဲကုန်ပီ…”စသည်ဖြင့် ရေးသားပြီး “Min […]

Continue Reading

Fact Check: NUG ကို လက်နက်နဲ့ စစ်ကူပေးရန် ကမ္ဘာ့ ၁၂၃ နိုင်ငံ သဘောတူလိုက်ပြီ ဆိုတဲ့သတင်းမှား

UN တံခါးပိတ်ဆွေးနွေးမှုအပြီးမှာ NUG ကို လက်နက်နဲ့ စစ်ကူပေးရန် ကမ္ဘာ့ ၁၂၃ နိုင်ငံ သဘောတူလိုက်ပြီဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ တကယ်တော့ သတင်းမှားတစ်ခု သာဖြစ်ပါတယ်။ အစည်းအဝေးကျင်းပနေတဲ့ဓာတ်ပုံနှင့်အတူ ဓာတ်ပုံပေါ်မှာ”မြန်မာအရေးတံဂါးပိတ်ဆွေးနွေးမှုအဖြေထွက်ပြီ။NUG ကို လက်နက်နဲ့ စစ်ကူပေးရန် ကမ္ဘာ့ ၁၂၃ နိုင်ငံ သဘောတူလိုက်ပြီ”လို့ ရေးသားထားပြီး “𝟕𝐃𝐚𝐲 𝐍𝐞𝐰𝐬-သတင်းစုံ”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းရေးသားမျှဝေထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် “မြန်မာအရေးတံဂါးပိတ်ဆွေးနွေးမှုအဖြေထွက်ပြီ။NUG ကိုစစ်ကူပေးရန် ကမ္ဘာ့ ၁၂၃ နိုင်ငံ သဘော တူလိုက်ပြီ” ဆိုတဲ့အချက်အလက်နဲ့ပတ်သက်ပြီး UN ဝက်ဘ်ဆိုဒ်အပါအဝင်အခြားသော ပြည်တွင်းပြည်ပသတင်း ဌာနတွေမှာ မတွေ့ရပါဘူး။ မြန်မာအရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးပွဲကို […]

Continue Reading