Fact Check: အမေရိကန်နဲ့ တရုတ်ဦးဆောင်မှုနဲ့ တနိုင်ငံလုံး အပစ်ရပ်စဲရေး မြန်မာ စစ်အုပ်စု ကြေညာတဲ့ သတင်းတု

အမေရိကန်နဲ့ တရုတ်ဦးဆောင်မှုနဲ့ တနိုင်ငံလုံး အပစ်ရပ်စဲရေး မြန်မာစစ်အုပ်စုက ကြေညာလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားတာတွေ့ရတယ်။ သတင်းတုသာဖြစ်တယ်။ ယူကျူ့မှာ ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “တစ်နိုင်ငံလုံး အပစ်ရပ်စဲခြင်း စတင်ကြေညာ အချက် ၃ ချက် အတည်ပြု အမေရိကန်နဲ့ တရုတ် ဦးဆောင်မည် စစ်တပ်ထိန်းချုပ်မှု အောက်ကနေ လွတ်ရတော့မည် တစ်နိုင်ငံလုံး စစ်သံတိတ် ရတော့မည်” Original link | Archive link အချက်အလက်စိစစ်ချက် အမေရိကန်နဲ့ တရုတ်ဦးဆောင်မှုနဲ့ တနိုင်ငံလုံး အပစ်ရပ်စဲရေး မြန်မာစစ်အုပ်စုက ကြေညာလိုက်တယ် ဆိုတဲ့ သတင်းကို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဖော်ပြချက်မရှိပါဘူး။  ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay Khit Thit”အမည်နဲ့ […]

Continue Reading

Fact Check: KIA နဲ့ NUG က စစ်ကောင်စီနဲ့ အပစ်ရပ်ဖို့သဘောတူတဲ့ သတင်းတု

KIA နဲ့ NUG က စစ်ကောင်စီနဲ့ အပစ်ရပ်ဖို့သဘောတူတယ်ဆိုတဲ့  ဗွီဒီယိုတွေ ယူကျူ့မှာ ဖြန့်ဝေနေတာ တွေ့ရပါတယ်။ သတင်းတုသာ ဖြစ်တယ်။  အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ အလားတူတဲ့ ဖြန့်ဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။ “အားလုံးတွေ့ ဆုံဆွေးနွေးပွဲ ကြေညာ  NUG နဲ့ KIA ဦးဆောင်ပြီး စတင်ကြောင်းကြေညာ ၂၀၂၆ ဟာ အပစ်အားလုံး ရပ်ဆိုင်းမည်ဟု ကြေညာ  ပြည်သူအားလုံး ငြိမ်းချမ်းရေး ရပြီဟေ့” Original link | Archive link အချက်အလက်စိစစ်ချက် ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တွေမှာ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)နဲ့ ကချင်အမျိုးသားလွတ်လပ်ရေး တပ်မတော်(KIA) စစ်တပ်နဲ့ ဆွေးနွေးမယ်ဆိုတဲ့ အထောက်အထား မတွေ့ရပါဘူး။ ဒီအချိန်မှာပဲ ၂၀၂၆ […]

Continue Reading