
လမ်းဘေးကျူးကျော်နေအိမ်တွေကို ဖျက်သိမ်းလိုက်ပြီးနောက် တွေ့ရတဲ့လက်နက်တွေဆိုပြီးတော့ လက်နက်ခဲ ယမ်းပုံတွေကို ဖေ့စ်ဘွတ်အသုံးပြုသူများအကြားပျံ့နှံ့လျက်ရှိပါတယ်။ ကျူးကျော်တဲတွေရှင်းလင်းမှုကနေ အဆင့်မြင့်လက်နက် ကိုးသောင်းကျော်တွေ့ရှိခဲ့ရပြီး NLD က၂၀၁၈ ခုနစ်ထဲကတည်းက မြန်မာနိုင်ငံကို ဖျက်ဆီးဖို့အကြံအစည်ကို စစ်တပ်ကတွေ့ရှိရတာဖြစ်တယ်လို့ရေးသားထားပါတယ်။
သို့သော်ဓာတ်ပုံတွေဟာ ကျူးကျော်တွေကိုဖျက်သိမ်းမှုမတိုင်ခင်ကတည်းက အင်တာနက်မှာပျံ့နှံ့လျက်ရှိပြီး ကျူးကျော်တဲဖယ်ရှားမှုကနေ လက်နက်အမြောက်များတွေ့ရတယ်ဆိုတဲ့အထောက်အထားမျိုးမတွေ့ရပါဘူး။
အောက်ဖော်ပြပါစာပိုဒ်ကတော့ ဖေ့စ်ဘွတ်မှာပျံ့နှံ့လျက်ရှိတဲ့ပို့စ်ပါ အကြောင်းအရာက ကောက်နှုတ်ချက် ဖြစ်ပါတယ်။
“ကျူးကျော်တွေက မိတဲ့လက်နှက်တွေ.NLD.ကြိုတင်ပြီးယုတ်မာထားပုံ
ကျူ း ဘာတွေလုပ်လည်းလို့မေးသူမရှိဘူး ကျူ းဖျက်လို့ $ ပစ်ပြောသာပဲရှိတယ်
ကျူ း တွေ ကဘာတွေလုပ်လည်း ဆိုတာ သက်သေ
ပြစရာတွေအများကြီး ထဲက ယ္ခုဖြစ်စဉ်တစ်ခုကသက်သေပဲ
ကျူ းတွေသာ နစက ကြီးကမဖျက် မြန်မာပြည့်ရှေ့ရေး တွေးရဲစရာမရှိပါဘူး
ဆီးရီးယားးး အာဖဂန် တို့ထင်ပိုဆိုးမယ် ကျုပ်တို့မြန်မပြည်
အနောက်အုပ်စုနဲ့ ဝက်မစားနိင်ငံတွေ
ဗုဒ္ဓဘာသာရဲ့ နောက်ဆုံးခံတပ်ကြီးဖြစ်တဲ့ မြန်မာပြည်ကိူ
NLD နဲ့ပေါင်းပြီး The end ဖြစ်စေဖို့ ငွေ ကျေး ပါ ဝါ
အာဏာတွေသုံးပြီးနည်းမျိုးစုံနဲ ဖျက်စီးစေဖို့ ကျန်စည်ခဲ့တယ် ကြိုးစားခဲ့တယ်”လို့ ရေးသားပြီး “လင်းယုန်” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ နိုဝင်ဘာ ၁၃ ရက်က ရေးသားမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေ တဲ့အကြိမ်ရေ ၃၄၀ ကျော်ရှိပါတယ်။
ထို့အပြင် “ကျူ းတွေနေထိုင် ရာမြေအောက်မှ တွေ့ရှိတာ ကမ္ဘာ
အဆင့်မှီ လက်နက်ပေါင်း ၉ သောင်းကျော် ဆိုတာ
ကျုပ်တို့နေတဲ့ အမိမြန်မာပြည်ကို ပြာဖြစ်သွားစေနိင်တဲ့အရေအတွက်ပဲ”စသည်ဖြင့်လည်းရေးသားထားပါတယ်။ တူညီတဲ့မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
ကျူးကျော်တွေဆီကသိမ်းဆည်းရမိတယ်ဆိုတဲ့ ပြောဆိုချက်တွေမှာ အွန်လိုင်းကနေရောင်းချသူတွေဆီက လက်နက်ဖမ်းမိတယ်ဆိုတဲ့ အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတဲ့ screenshot ဓာတ်ပုံ၊လက်နက်တွေပုံတွေပါဝင်တဲ့ အခြားသော ရေးသားပြောဆိုချက်တွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာမှာတွေ့ ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
လက်နက်အမြောက်အများစုပုံထားတဲ့ ဓာတ်ပုံကို Google မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီဓာတ်ပုံဟာ ၂၀၂၁ ခုနှစ် ဩဂုတ်လထဲမှာ စတင်ပျံ့နှံ့ခဲ့ တာတွေ့ရပါတယ်။

“Cᴀʟɪʙʀᴇ Oʙsᴄᴜʀᴀ”အမည်နဲ့ တွစ်တာစာမျက်နှာမှာ ဒီဓာတ်ပုံမြင်ကွင်းပါဝင်တဲ့ ဗွီဒီယိုကို ၂၀၂၁ ခုနှစ် ဩဂုတ် ၁၆ ရက်စွဲနဲ့ အောက်ပါအတိုင်းရေးသားဖော်ပြထားပါတယ်။
“#အာဖဂန်နစ္စတန်-မကြာသေးမီက #တာလီဘန်တို့ ဖမ်းဆီးရမိခဲ့တယ်လို့ယူဆရတဲ့ M4 ကာဘိုင်၊M16A2/A4၊ စစ်ဝတ်တန်ဆာနှင့်အခြားသောပစ္စည်းများကို အတန်းလိုက်သေသပ်စွာ စုပုံထားတာတွေ့ရပါတယ်။ နေရာအတိအကျတော့မသိရပါဘူး။ ဒီစာရေးသားနေစဉ်မှာ ဒေသတွင်းလက်နက်ဈေးကွက်ကတော့ ပိုမိုကျယ်ပြန့်လာနေပါတယ်။”

မူရင်းလင်ခ့် – Cᴀʟɪʙʀᴇ Oʙsᴄᴜʀᴀ | Archive link
တူညီတဲ့ဓာတ်ပုံကို အသုံးပြုထားပြီး တာလီဘန်တို့သိမ်းဆည်းရမိတဲ့လက်နက်တွေအဖြစ် ဖော်ပြထားတဲ့ အခြားသောနိုင်ငံခြားသတင်းဌာနတွေက သတင်းတွေကို ဒီလင့်ခ်နဲ့ဒီလင့်ခ်မှာ လေ့လာနိုင်ပါတယ်။
အခြားသော သေနတ်နဲ့ကျဉ်ကတ်ဓာတ်ပုံဟာလည်း ရန်ကုန်မြို့က ကျူးကျော် တွေကို ဖယ်ရှားခြင်းမပြုမီကာလ ကတည်းက အင်တာနက်မှာပျံ့နှံ့လျက်ရှိတဲ့ ဓာတ်ပုံတွေဖြစ်ပါတယ်။
“၂၀၁၉ ခုနှစ်ရဲ့ ပထမရက်သတ်ပတ်အကုန်အတွက် ချီးယား”လို့ ရေးသားပြီး “Gunsdaily”အမည်နဲ့ အသုံးပြုသူက pinterest မှာမျှဝေထားပါတယ်။

မူရင်းလင်ခ့် – Gunsdaily | Archive link
အင်္ဂလိပ်လိုဖော်ပြချက်ပါရှိတဲ့ screenshot ဓာတ်ပုံဟာ ထိုင်းနိုင်ငံအခြေစိုက် ဘန်ကောက်ပို့စ်သတင်းဌာနက ဖော်ပြခဲ့တဲ့ ထိုင်းနိုင်ငံမှာ အွန်လိုင်းကနေ လက်နက်ရောင်းချတဲ့လုပ်ငန်းတွေကို ဖမ်းဆီးမှုအကြောင်းရေး သားထားတဲ့ သတင်းဖြစ်ပြီး မြန်မာနိုင်ငံက ကျူးကျော်တဲတွေဖယ်ရှားရှင်းလင်းမှုနဲ့ ပတ်သက်တဲ့ ဖော်ပြချက်တစ်စုံတစ်ရာမတွေ့ရပါဘူး။ သတင်းအပြည့်အစုံကို ဒီလင့်ခ်မှာဖတ်ရှူ့နိုင်ပါတယ်။
ထို့အပြင် စစ်တပ်ထိန်းချုပ်ထားတဲ့ မီဒီယာလုပ်ငန်းတွေအပါအဝင် လွတ်လပ်သောမီဒီယာတွေမှာလည်း ကျူးတဲတွေရှင်းလင်းမှုကနေ လက်နက်အမြောက်အများဖမ်းမိတယ်ဆိုတဲ့ သတင်းဖော်ပြချက်မျိုးမတွေ့ရပါဘူး။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ ကျူးကျော်တဲတွေကနေ လက်နက်အမြောက်အများတွေ့တယ်ဆိုတဲ့ အချက်ဟာ အထောက်အထားမရှိပါဘူး။

Title:ကျူးကျော်အိမ်တွေဖျက်ပြီးနောက်တွေ့ရတဲ့လက်နက်တွေလား-မဟုတ်ပါ
Fact Check By: Nayar MaungResult: Misleading