Fact Check:  အဖမ်းခံရတဲ့ ပရဟိတလူငယ် ၆ ဦးရဲ့ဓာတ်ပုံကို အသုံးပြုပြီး မုဒိန်းမှုနဲ့ ပတ်သက်တဲ့ PDF တပ်ဖွဲ့ဝင်တွေအဖြစ်ဖြန့်ဝေ

Misleading နိုင်ငံရေး | Politics

အဖမ်းခံခဲ့ရတဲ့ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၃ ဦးပုံကိုအသုံးပြုပြီး မုဒိန်းမှုနဲ့ပတ်သက်တဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်(PDF)တွေလို့ ဆိုထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြား ပျံ့နှံ့ခဲ့ပါတယ်။ ဒီပြောဆိုချက်ဟာ မှားယွင်းပါတယ်။ ဒီဓာတ်ပုံတွေဟာ ကရင်နီစစ်ဘေးရှောင်တွေကို ကူညီနေတဲ့ပရဟိတလူငယ် ၆ ဦးဖြစ်တာ တွေ့ရပါတယ်။

“နိုင်ငံရေးအကြောင်းပြ တောခိုမည်ဟု စည်းရုံးကာ…ဖမ်းဆီးရမိ PDF ကျားသုံးဦးက အတူပါလာသူ PDF မိန်းကလေးငယ် ၃ ဦးကို တောတွင်းမှာ အလိုမတူပဲ အတင်းအဓမ္မ အလှည့်ကျ ပေါင်းသင်းနေထိုင်တာကို ခံခဲ့ရကြောင်း မိန်းကလေးငယ်များ ကိုယ်တိုင် ရင်ဖွင့်ထွက်ဆို တိုင်ကြားလာကြောင်း သိရ တော်လှန်ရေးအတွက် တောထဲလိုက်ခွင့်ပြုတဲ့ မိဘတွေတော့ ရင်ကျိုးပေါ့လေ..crd ခရစ်ဒစ်”စသည်ဖြင့်ရေးသားပြီး “Ju Pai”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ဓာတ်ပုံ ၄ ပုံနှင့်အတူအောက်ပါအတိုင်းမျှဝေထားပါတယ်။ 

မူရင်းလင်ခ့် – Fb linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

အဓိကျတဲ့စကားလုံးအချို့ကို အသုံးပြုပြီး အကြောင်းအရာကို ရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံတွေဟာ ကရင်နီ စစ်ဘေးရှောင်တွေကို ကူညီမှုနဲ့ အာယုပါလသွေးလှူရှင်အသင်းက လူငယ်တွေ မတ်လ ၂၄ ရက်က စစ်တပ်ရဲ့ ဖမ်းဆီးခံရမှု ဖြစ်စဉ်ဖြစ်တာတွေ့ရပါတယ်။ DVB ရဲ့ ဒီသတင်းမှာလည်း တွေ့ရပါတယ်။

“ကရင်နီပြည် ဒီမောဆိုအနီးတစ်ဝိုက် စစ်ဘေးရှောင်များကို သွားရောက်လှူဒါန်းသည့် ပရဟိတလူ ငယ်ခြောက်ဦးကို မတ်လ ၂၄ ရက်က အကြမ်းဖက် စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း ဖမ်းဆီးခံရသူများ၏ မိတ်ဆွေများက ပြောကြားသည်။

ဖမ်းဆီး ခံရသူများမှာ အာယုပါလသွေးလှူရှင် အသင်း ခေါင်းဆောင် ကိုမင်းမင်းထွန်း၊ ကိုဇွဲ၊ မလင်းလက်ခိုင်၊ မထက်ထက်နှင့် လူငယ် ၂ ဦးတို့ ဖြစ်ပြီး စစ်ဘေးရှောင်များကို လှူဒါန်းပြီး ရှမ်းပြည် ဆီဆိုင်အပိုင် နောင်ထော်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။”လို့ ခမ်းဒီးရေဒီယိုသတင်းက မတ် ၂၆ ရက်ကရေးသားပါတယ်။

မူရင်းလင်ခ့် – KhnamhtiradioArchive link  

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ကရင်နီစစ်ဘေးရှောင်တွေကို ကူညီနေတဲ့ပရဟိတလူငယ် ၆ ဦးရဲ့ ဓာတ်ပုံ ဖြစ်တာတွေ့ရပါတယ်။ စစ်တပ်ဝါဒဖြန့်ချိရေးအဖွဲ့တွေဟာ အာဏာသိမ်းဆန့်ကျင်ရေး လုပ်ကိုင်တဲ့ ငယ်ရွယ်တဲ့ အမျိုးသမီး တွေဖမ်းဆီးခံရမှုတွေမှာ မုဒိန်းမှုဖြစ်စဉ်အဖြစ်ပုံဖော်လေ့ရှိပါတယ်။

Avatar

Title:Fact Check: အဖမ်းခံရတဲ့ ပရဟိတလူငယ် ၆ ဦးရဲ့ဓာတ်ပုံကို အသုံးပြုပြီး မုဒိန်းမှုနဲ့ ပတ်သက်တဲ့ PDF တပ်ဖွဲ့ဝင်တွေအဖြစ်ဖြန့်ဝေ

Fact Check By: Zun Zee 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *