Fact Check: NLDပါတီ ဗဟိုကော်မတီအစည်းဝေးကနေ ဦးဝင်းထိန်အုပ်စုထွက်သွားတယ်ဆိုတဲ့သတင်းအမှား

False နိုင်ငံရေး | Politics

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီရဲ့ ပြီးခဲ့တဲ့ ၂၄ရက်နေ့ကကျင်းပခဲ့တဲ့ ဗဟိုကော်မတီအစည်းအဝေးမှာ ဝန်ကြီးချုပ်တာဝန်ယူထားသူတွေနဲ့ ပါတီတာဝန်ယူထားသူတွေအကြား အကြိတ်အနယ်ဖြစ်ခဲ့ပြီး အစည်းဝေးမပြီးခင် ဦဝင်ထိန်လူတွေက အစည်းအဝေးမပြီးခင် ထွက်လာခဲ့တယ်လို့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ပေါ်မှာ ရေးသားမျှဝေနေတာတွေ့ရပါတယ်။

ဒီပို့စ်မှာ “နေပြည်တော်မှာ ယနေ့ကျင်းပနေတဲ့ NLD ဗဟိုပါတီဝင်များအစည်းအဝေးမှာ ၊ ဝန်ကြီးချုပ်တာဝန်ယူ ထားသူတွေနဲ့ ပါတီတာဝန်ယူထားသူတွေအကြား အကြိတ်အနယ်ဆွေးနွေးမှု့တွေလုပ်အပြီး ၊ ဦးဝင်းထိန်အုပ်စုမှ လူအများစု အစည်းဝေးခန်းမထဲကထထွက်သွားကြတယ်လို့သိရပါတယ် ၊ ထိုသို့အကြိတ်အနယ်ဆွေးနွေးမှု့မှာ ငွေကြေးကိစ္စနှင့် မဲမသမာမှု့ကိစ္စများအကြောင်းဖြစ်နိူင်တယ်လို့ NLD အုပ်စုကို အနီးကပ်လေ့လာနေသူများက သုံးသပ်ကြောင်းသိရပါတယ်။ (ကျွန်တော် သူတို့နဲ့အနီးဆုံးနေရာမှာရှိနေပါတယ်)”လို့ ရေးသားထားတာ တွေ့ရပါတယ်။ ဒီပို့စ်ကို ဒီနေရာ ဒီနေရာနဲ့  ဒီနေရာတွေမှာ ပြန်လည်ကူးယူဖော်ပြတာတွေ့ရပြီး မူရင်းပို့စ်ကိုတော့ အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှူ့နိုင်ပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

အထက်ပါပို့စ်ကိုရေးသားသူ Aung Min Aungဆိုတဲ့ အကောက်ပိုင်ရှင်(အောင်မင်း)ဟာ ရွေးကောက်ပွဲမတိုင်ခင် ကာလမှာကတည်းက သတင်းဌာနဆန်ဆန် Myanmar Hard Talkဆိုတဲ့ ဖေ့စ်ဘွတ်ခ်ပေ့ချ်ရဲ့ adminအဖွဲ့ဝင် ဖြစ်ပြီး အဲ့ဒီ့ပေ့ချ်ကနေ ဒေါ်အောင်ဆန်းစုကြည်၊ NLDပါတီ၊ အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်တို့ကို တိုက်ခိုက်လုပ်ကြံတဲ့ သတင်းအတု၊ သတင်းအမှားတွေကို ရေးသားလေ့ရှိပါတယ်။ ဒီလိုသတင်းအမှားတွေ ဆက်တိုက်ဖြန့်ချိ ရေးသားတာကြောင့် Myanmar Hard Talk pageကို ဖေ့စ်ဘွတ်ခ်က ပိတ်ပင်ခဲ့ပါတယ်။ Myanmar Hard Talk pageက ရေးသားခဲ့တဲ့ သတင်းအတု သတင်းအမှားတွေကို ဒီနေရာ ဒီနေရာနဲ့ ဒီနေရာတွေမှာ ဝင်ရောက်ကြည့်ရှူ့နိုင်ပါတယ်။ ပြီးခဲ့တဲ့သီတင်းအပတ်ကပဲ Aung Min Aungအကောက်ကနေ ရေးသာတဲ့ အချက်အလက်အမှားကို Fact Crescendo Myanmarက အချက်အလက်အလက်စစ်ဆေး ခဲ့ပါသေးတယ်။ ဒီနေရာမှာ ဝင်ရောက်ကြည့်ရှူ့နိုင်ပါတယ်။

ဒါ့အပြင် အဲ့ဒီ့အစည်းဝေးကို တက်ရောက်ခဲ့သူ ဒေါက်တာမျိုးညွန့်က ဒါဟာ သတင်းအမှားသာဖြစ်ပြီး အစည်းဝေးခန်းထဲကနေ လူအုပ်လိုက် ထထွက်သွားတာမျိုးမရှိဘူးလို့ Fact Crescendo Myanmarကိုပြောပါတယ်။

“အဲ့လိုမျိုးတော့ မရှိပါဘူး။ အစည်းဝေးခန်းထဲကနေ လူအုပ်လိုက် ထထွက်သွားတာမျိုးမရှိသလို အန်ကယ်ဦးဝင်ထိန်လူရယ်၊ ဟူလူ့ လူ၊ ဒီလူ့ လူဆိုတာမရှိပါဘူး။ အစည်းဝေးမှာက လွှတ်တော်စတဲ့အခါ ကိုယ်စားလှယ်လောင်းတွေကို စစ်ဆေးရမဲ့ ကိစ္စ၊ အမှန်တယ် ဒီလူ ဟုတ်မဟုတ်ပေါ့၊ နောက်တခုက ဒေါက်တာအောင်မိုညိုရဲ့ တိုင်းရင်းသားပါတီတွေနဲ့ ဆွေးနွေးထားတဲ့ အစီရင်ခံစာကိစ္ရရယ် နောက်တခါကတော့ ကိုယ်စားလှယ်တွေကို ကန့်ကွတ်ထားတဲ့ အစီရင်ခံစာကိစ္စကို ဆွေးနွေးကြတာ”လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ NLDပါတီ ဗဟိုကော်မတီအစည်းဝေးကနေ ဦးဝင်းထိန်အုပ်စု အစည်းဝေးမပြီခင် ထွက်သွားတယ်ဆိုတဲ့သတင်းဟာ သတင်းအတု သတင်အမှားဖြစ်တာကိုတွေ့ရပါတယ်။

Avatar

Title:NLDပါတီ ဗဟိုကော်မတီအစည်းဝေးကနေ ဦးဝင်းထိန်အုပ်စုထွက်သွားတယ်ဆိုတဲ့သတင်းအမှား

Fact Check By: Lynn Yu 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *