Fact Check:  အချက်အလက်အတုအယောင်တွေနဲ့ နာရီကြော်ငြာ

False စီးပွားရေး | Economy

မြန်မာနိုင်ငံ၏ အကြီးဆုံး ဈေးဝယ်စင်တာထဲမှာ လူထောင်ပေါင်းများစွာ မူးမေ့လဲတဲ့အထိ ဂျပန်နာရီ Cihitizen ကို ဝယ်ဖို့စောင့်ဆိုင်းခဲ့ကြတယ်လို့ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ အတုအယောင်ရေးသားချက်တွေနဲ့ နာရီအရောင်းကြော်ငြာချက်ဖြစ်တာတွေ့ရပါတယ်။

အောက်ပါပို့စ်ကတော့ ဒီလိုကြော်ငြာထားတဲ့ ပို့စ်တစ်ခုဖြစ်ပါတယ်။ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link

အချက်အလက်စိစစ်ချက်

ဓာတ်ပုံတွေကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီဓာတ်ပုံတွေဟာ မြန်မာနိုင်ငံနဲ့ သက်ဆိုင်ခြင်း မရှိသလို မူလဓာတ်ပုံတွေကို ပြုပြင်ပြောင်းလဲထားတာတွေ့ရပါတယ်။ 

ပထမဆုံး ဈေးဝယ်စင်တာတစ်ခုထဲမှာ လူတွေ တန်းစီနေတဲ့ ဓာတ်ပုံဟာ ဗီယက်နမ်နိုင်ငံက ဖြစ်တာ တွေ့ရပါတယ်။ ရတနာရောင်းဝယ်ရေးလုပ်ငန်းစု Pandora ရဲ့ ၁၅ ခုမြောက်ဆိုင်ခွဲ ဟန်နွိုင်းမြို့မှာ ဖွင့်လှစ်တဲ့ အခမ်းအနားဖြစ်ပါတယ်။

မူရင်းလင်ခ့် – VNExpressArchive link

ဓာတ်ပုံ ၂ ပုံကို ‌အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

အမျိုးသမီး တစ်ဦးယောက်ကို ပွေ့ချီသယ်ဆောင်ထားတဲ့ အမျိုးသားဓာတ်ပုံတစ်ပုံဟာလည်း ၂၀၁၅ ခုနှစ်အတွင်းက ဗီယက်နမ်နိုင်ငံက အာရှအထည်ချုပ်ဆိုတဲ့ စက်ရုံတစ်ခုမှာ ပိုးသတ်ဆေးအနံ့ရှူမိပြီး အမျိုးသမီး ၂၅၀ လောက် မေ့လဲခဲ့တဲ့ဖြစ်စဉ်ကဖြစ်ပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။

ဒီအပြင် လူတကာတန်းစီပြီး တိုးဝှေ့ဝယ်ယူရတယ်ဆိုတဲ့ ဂျပန်နိုင်ငံရဲ့ နာမည်ကြီးနာရီအမှတ်တံဆိပ်ဆိုတဲ့ Cihitizen အမှတ်တံဆိပ်နာရီကို အဓိကကျတဲ့ စကားလုံးနဲ့ ရှာဖွေရာမှာ ရလာဒ်တစ်စုံတစ်ရာမတွေ့ရတာပါပဲ။

သုံးသပ်ချက်

လူတကာလိုချင်တဲ့ နာမည်ကြီး အမှတ်တံဆိပ် Cihitizen အမည်နဲ့ စမတ်နာရီကို Google လိုနေရာမျိုးမှာ ရှာဖွေမတွေ့ရချိန်မှာ ဒီနာရီကို လိုချင်လို့ တန်းစီစောင့်ဆိုင်းနေကြရတယ်ဆိုပြီတော့ ဖော်ပြထားတဲ့ ဓာတ်ပုံတွေဟာလည်း ပြုပြင်ပြောင်းလဲထားတဲ့ ဓာတ်ပုံတွေဖြစ်တာတွေ့ရပါတယ်။ပြောဆိုချက်- နာမည်ကြီး အမှတ်တံဆိပ် Cihitizen နာရီဝယ်ချင်လို့ တန်းစီစောင့်ဆိုင်းရင်း လူတွေ မူးလဲ

Avatar

Title:Fact Check:  အချက်အလက်အတုအယောင်တွေနဲ့ နာရီကြော်ငြာ 

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *