Fact Check: ရွှေတိဂုံဘုရား ဒုံးနဲ့ထုခံရပြီး သံဃာအားလုံးသေဆုံးမှု သတင်းတု

False လူမှုရေး

ရွှေတိဂုံဘုရား ဒုံးနဲ့ထုခံရပြီး သံဃာအားလုံးသေဆုံးခဲ့တယ်ဆိုတဲ့ ယူကျူ့ဗွီဒီယိုတစ်ခု News In Burmese အမည်နဲ့ ယူကျူ့ချန်နယ်က ဇွန် ၂၁ ရက်က ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ သတင်းတုတစ်ခုသာဖြစ်တယ်။

အောက်ပါစာသားကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ “News In Burmese”အမည်နဲ့ ယူကျူ့ချန်နယ်မှာ မျှဝေထားတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ 

“21 June 2023, ရွှေတီဂုံစေတီ RPGနဲ့ထုခံရလို့ ပွဲဆူကုန်ပြီ။”

မူရင်းလင်ခ့် – Youtube link  | Archive link

အချက်အလက်စိစစ်ချက်

ဒီဗွီဒီယိုဖြန့်ဝေနေတဲ့ News in Burmese ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေကဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူပြီး ‌ခေါင်းစဉ်တု ခေါင်းစဉ်မှားတပ်ပြီး ပြန်လည်ဖြန့်ချိလေ့ရှိပါတယ်။ Fact Crescendo Myanmar အနေနဲ့ ဒီယူကျူ့ချန်နယ်က ခေါင်းစဉ်တုတပ်ဖြန့်ဝေမှုတွေကို အချက်အလက်စိစစ်ထားတာတွေကို ဒီလင်ခ့်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာတွေ့နိုင်ပါတယ်။ သတင်းခေါင်းစဉ်မှာ တပ်ထားသလို ရွှေတိဂုံဘုရားကို RPG နဲ့ ပစ်ခတ်မှုအကြောင်း သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ သတင်းဌာနတွေက ဖော်ပြချက်မရှိပါဘူး။  ဗွီဒီယိုထဲမှာ လည်း ဒီအကြောင်းအရာမပါဝင်ပါဘူး။

တကယ်တမ်း ဗွီဒီယိုထဲမှာဖတ်ကြားနေတဲ့အကြောင်းအရာကတော့ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဇွန် ၂၀ ရက်မှာ ဖော်ပြခဲ့တဲ့ “တနင်္သာရီ၊ ရေပေါ်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ဘုရားတောင် စေတီ ထိမှန် ပျက်စီးပြီး ပြည်သူ ၁ ဦး ဒဏ်ရာရ”ဆိုတဲ့ သတင်းသာဖြစ်တယ်။ အပြည့်အစုံကိုအောက်ပါလင့်ခ်မှာ ဖတ်ပါ။

မူရင်းလင်ခ့် – Yktnews  | Archive link

သုံးသပ်ချက်

တနင်္သာရီမြို့နယ် ရေပေါ်ရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် စေတီထိမှန် ပျက်စီးခဲ့ပြီး ပြည်သူ ၁ ဦး ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့ သတင်းကို ရန်ကုန်မြို့မှာရှိတဲ့ ရွှေတိဂုံဘုရားကို ဒုံးနဲ့ထုခံရပြီး သံဃာတွေ သေဆုံးမှုဆိုပြီးတော့ ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။

ပြောဆိုချက်- ရွှေတိဂုံဘုရား ဒုံးနဲ့ထုခံရပြီး သံဃာအားလုံးသေဆုံး

Avatar

Title:Fact Check: ရွှေတိဂုံဘုရား ဒုံးနဲ့ထုခံရပြီး သံဃာအားလုံးသေဆုံးမှု သတင်းတု

Written By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *