Fact Check: လူအယောက် ၁၀၀ ကို iPhone 13 နဲ့ ဒေါ်လာ ၂၀၀၀၀ အိန္ဒြာကျော်ဇင်နဲ့ ပြေတီဦးက လှူတန်းမယ်ဆိုတဲ့ သတင်းတု

False လူမှုရေး

လူအယောက် ၁၀၀ ကို iPhone 13 နဲ့ ဒေါ်လာ ၂၀၀၀၀ ရုပ်ရှင်သရုပ်ဆောင် အိန္ဒြာကျော်ဇင်နဲ့ ပြေတီဦးတို့က လှူမယ်လို့ဆိုထားတဲ့ live ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိတယ်။ လွန်ခဲ့တဲ့ ၃ နှစ်ဝန်းကျင်က ဗွီဒီယိုဟောင်းတခုကို အသုံးပြုပြီး ပြန်လည်မျှဝေနေ ခြင်းဖြစ်တယ်။

အောက်ပါစာသားတွေနဲ့ စခရင်ရှော့ဓာတ်ပုံကတော့  ပျံ့နှံ့မှုအားကောင်းနေတဲ့ live ဗွီဒီယိုပို့စ်ကရယူထားခြင်း ဖြစ်ပါတယ်။ 

“ပုံထဲက နံပါတ်တွေကို မှန်မှန်ကန်ကန် ခန့်မှန်းတဲ့ ကံထူးရှင် အယောက် ၁၀၀ ကို $20,000 နဲ့ iPhone 13 တစ်လုံးကို လှူဒါန်းသွားမှာဖြစ်ပါတယ်။”လို့ ရေးသားထားပြီး အိန္ဒြာကျော်ဇင်နဲ့ ပြေတီဦးတို့ရဲ့ နှစ်ယောက် ပြောဆိုနေတဲ့ ဗွီဒီယိုကို မျှဝေထားပါတယ်။ 

မူရင်းလင်ခ့် – Fb link | Archive link

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

တကယ်တော့ ဒီဗွီဒီယိုဟာ လွန်ခဲ့တဲ့ ၃ နှစ်ဖြစ်တဲ့ ၂၀၂၀ ခုနှစ် သြဂုတ် ၂၆ ရက်က သရုပ်ဆောင် အိန္ဒြာကျော်ဇင်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဗွီဒီယိုဖြစ်တယ်။ မူရင်းလင့်ခ်ကို ဒီမှာကြည့်ပါ။ အမျိုးသာဖြစ်သူ ပြေတီဦးနဲ့အတူ လွှင့်ခဲ့တဲ့ ဒီမူရင်း live  ဗွီဒီယိုပို့စ်မှာ ပို့စ်စာသားရေးသားထားခြင်းမရှိပါဘူး။ ဗွီဒီယိုထဲမှာ အနုပညာပရိတ်သတ် တွေနဲ့ ထွေရာလေးပါး ပြောနေတဲ့ ဗွီဒီယိုသာဖြစ်ပြီး ဖုန်းနဲ့ ‌ဒေါ်လာပေးမယ့်အကြောင်းလည်းမပါဝင်ပါဘူး။ 

၃၂ မိနစ်ကျော်‌ကျော် ရှည်လျားတဲ့ သူ့ရှေ့က စတီခုံတခုပေါ်မှာတင်ထားတဲ့ အရာတခုကို ပရိတ်သတ်တွေက ပရိတ်သတ်တွေက စိတ်ဝင်တစားမေးမြန်းကြတဲ့အတွက်  အိမ်တွင်းဖြစ် ဖုန်းကာဗာတခုလုပ်တဲ့အကြောင်း  ဒီဗွီဒီယိုထဲမှာ အချိန်အတော်ကြာ ပြန်လည်ဖြေကြားရှင်းပြနေခဲ့လည်းတာတွေ့ရပါတယ်။

အောက်ပါဓာတ်ပုံကတော့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာက live ဗွီဒီယိုကို စခရင်ရှော့ ရယူထားတာဖြစ်တယ်။ 

သုံးသပ်ချက်

ဒီဗွီဒီယိုဟာ လွန်ခဲ့တဲ့ ၃ နှစ်ဝန်ကျင်က သရုပ်ဆောင် အိန္ဒြာကျော်ဇင်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာက တိုက်ရိုက်ထုတ် လွှင့်ခဲ့တဲ့ ဗွီဒီယိုတခုဖြစ်တယ်။ ဒီဗွီဒီယိုကို ပြန်လည်အသုံးပြုပြီး အိန္ဒြာကျော်ဇင်နဲ့ ပြေတီဦးက ဖုန်းနဲ့ ဒေါ်လာကို လှူနေသယောင် လိမ်လည်လှည့်စားထားခြင်းဖြစ်တယ်။

ပြောဆိုချက်-  iPhone 13  တလုံးနဲ့ ဒေါ်လာ ၂၀၀၀၀ အိန္ဒြာကျော်ဇင်နဲ့ ပြေတီဦးက လူအယောက် ၁၀၀ ကိုပေးမယ်

Avatar

Title:Fact Check: လူအယောက် ၁၀၀ ကို iPhone 13 နဲ့ ဒေါ်လာ ၂၀၀၀၀ အိန္ဒြာကျော်ဇင်နဲ့ ပြေတီဦးက လှူတန်းမယ်ဆိုတဲ့ သတင်းတု

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *