Fact Check: အိန္ဒိယက ဘာသာရေးပွဲတော်ကို အစ္စရေးက စစ်ဘေးရှောင်တွေ အဖြစ်ဖော်ပြနေခြင်းဖြစ်တယ်

False နိုင်ငံရေး | Politics

လမ်းမတခုထက်မှာ တိုးဝှေ့နေတယ်လို့ ထင်ရတဲ့ လူအုပ်စုကြီးပါတဲ့မြင်ကွင်း ဗွီဒီယိုတခုကို လက်ရှိ အစ္စရေးနဲ့ ဟားမတ်စ်ကြားစစ်ပွဲကြောင့် လူတွေတိမ်းရှောင်ရမှုအဖြစ် ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှု အားကောင်း လျှက်ရှိပါတယ်။ သတင်းမှားတခုသာဖြစ်တယ်။ တကယ်တော့ ဒီဗွီဒီယိုဟာ အိန္ဒိယက ဘာသာရေး ပွဲတော် တခုဖြစ်တဲ့ Rath Yatra ဆိုတဲ့ ဘာသာရေးပွဲတော်တခုက မြင်ကွင်းဖြစ်တယ်။

“တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

ဒီဗွီဒီယိုပါမြင်ကွင်းတွေကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ဒီဗွီဒီယိုဟာ အစ္စရေးနဲ့ ဟားမတ်စ် တို့ကြား စစ်ပွဲကြောင့် ထွက်ပြေးရသူတွေဆိုတဲ့ အထောက်အထားတစုံတရာမတွေ့ရဘဲ အိန္ဒိယက ဘာသာရေးပွဲတော်တခုအဖြစ်သာတွေ့ရပါတယ်။

Fact Crescendo ရဲ့ အိန္ဒိယနိုင်ငံက အချက်အလက်စိစစ်သူတွေကလည်း ဒီဗွီဒီယိုဟာ Jagannath Puri Rath Yatra ပွဲတော်နဲ့သက်ဆိုင်တဲ့ ဗွီဒီယိုသာဖြစ်တယ်လို့ အတည်ပြုပါတယ်။ ၂၀၂၂ခုနှစ်က ဒီပွဲတော်ကျင်းပတဲ့ မြင်ကွင်းကို ယူကျူ့မှာမျှဝေထားတာ ဒီလင့်ခ်မှာတွေ့နိုင်ပါတယ်။  

အိန္ဒိယနိုင် ပူရီမြို့မှာ နှစ်စဉ်ကျင်းပတဲ့ Jagannath Puri Rath Yatra ဆိုတဲ့ ဒီပွဲတော်အကြောင်းကို ဘီဘီစီရဲ့ ဒီသတင်း‌ဆောင်းပါးမှာကြည့်ပါ။ အောက်ပါစခရင်ရှော့ ဓာတ်ပုံကတော့ ဘီဘီစီသတင်းဌာနကအသုံးပြုထားတဲ့ ပွဲတော်မြင်ကွင်းဖြစ်တယ်။

အစ္စရေး-ဟားမတ်စ် စစ်ပွဲက ဒုက္ခသည်တွေလို့ဆိုထားတဲ့ ဗွီဒီယိုပါမြင်ကွင်းနဲ့ အခုလို အိန္ဒိယနိုင်ငံ ပူရီမြို့က ဘာသာရေးပွဲတော်က မြင်ကွင်းတွေကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။ အနီ‌ရောင် စတုရန်းကွက်နဲ့ ပြသထားတဲ့ နေရာဟာ နတ်ဘုရားရုပ်တုကို တင်ဆောင်လာတဲ့ ၁၈ ဘီးတပ်လှည်းနေရာဖြစ်တယ်။ ဒီလှည်းကို လူတွေက ကြိုးတွေနဲ့ဆွဲသူကဆွဲ လှည်းကိုယ်ထည်ကနေ တွန်းသူတွေကတွန်းကြပါတယ်။

သုံးသပ်ချက်

ဒီဗွီဒီယိုဟာ အစ္စရေးစစ်ပွဲကဆိုတဲ့ အထောက်အထားမရှိပါဘူး။ အိန္ဒိယနိုင်ငံက ဘာသာရေးပွဲတော်တခုက မြင်ကွင်းကို အစ္စရေးကဖြစ်စဉ်အဖြစ်မျှဝေနေခြင်းဖြစ်တယ်။

ပြောဆိုချက်- အစ္စရေးစစ်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ရသူတွေ 

Avatar

Title:Fact Check: အိန္ဒိယက ဘာသာရေးပွဲတော်ကို အစ္စရေးက စစ်ဘေးရှောင်တွေ အဖြစ်ဖော်ပြနေခြင်းဖြစ်တယ်

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *