
ဖေ့စ်ဘွတ်ပို့စ်တွေရဲ့အောက်က မှတ်ချက်မှာ Gratula လို့ရေးလို့ အနီရောင်ပြောင်းတာ ဖေ့စ်ဘွတ်အကောင့်လုံခြုံ ကြောင်းပြတာဆိုပြီး ပို့စ်တစ်ခု ပျံ့နှံ့ခဲ့ပါတယ်။
“Facebook တည်ထောင်သူ MarkZuckerberg ဟာ စကားလုံးသစ် Gratula ကို ဖန်တီးခဲ့ပါတယ်။ အဆိုပါ စကားလုံးသစ် Gratula ဟာ အနီရောင် ဖြစ်ပါတယ်။ Comment မှာ Gratula လို့ ရေးလိုက်ပါ။ အနီရောင် ပြောင်းသွားရင်တော့ သင့် Facebook Account ဟာ လုံခြုံစွာ ရှိနေပါမယ်။အနီရောင် မပြောင်းဘူးဆိုရင်တော့ သင့်ရဲ့ Account ဟာ အခြားလူတစ်ယောက်ယောက် Hack တာ ခံနေရပါတယ်။ သင့်ရဲ့ Passward ကို မြန်မြန် Change လိုက်ပါ။ အခုချက်ခြင်းမြန်မြန် Change လိုက်ပါ။ (မှတ်ချက် – အချို့ချို့သောအကောင့်တွေမှာ စာရိုက်တာနဲ့တင် အနီရောင်းလေး ပြနေ တတ်ပါတယ်) အဲ့လိုပြရင်တော့ Very Goodပေါ့။ ကဲ…ကိုယ်အကောင့် လေး လုံခြုံရဲ့လား သိချင် ရင်မန့်ကြည့်လိုက်ကြပါဗျာ.မသိသေးတဲ့ သူငယ်ချင်းတွေအတွက်လည်း share ပေးဦးနော်”ဆိုပြီးတော့ ရေးသားထားပါတယ်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၂ က “ဇော်လှိုင်ထက်”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေထားတဲ့ ပို့စ် “ကို ပြန်လည်မျှ ဝေထားတာဖြစ်ပါတယ်။

အချက်အလက်စိစစ်ချက်
Google မှာ “gratula”လို့ရိုက်ရှာမယ်ဆိုရင် အခြားနိုင်ငံတွေမှာ အခုလို ပျံ့နှံ့ခဲ့တွေ့ရပြီး အချက်အလက်စိစစ် တဲ့ အဖွဲ့အစည်းအသီးသီးက အချက်အလက်စိစစ်ထားတာတွေ့ရပါတယ်။ အခုလို ဖေ့စ်ဘွတ်မှာ အနီရောင်ပြောင်း သွားတာဟာ သုံးစွဲသူရဲ့ ဖေ့စ်ဘွတ်အကောင့်လုံခြုံရေးနဲ့ သက်ဆိုင်ခြင်းမရှိဘဲ ဖေ့စ်ဘွတ်ရဲ့ “text delight”ဆိုတဲ့ တစ်ချို့သောစကားလုံးတွေအတွက် အထူးလုပ်ဆောင်ချက်ထည့်ပေးထားတာသာဖြစ်ပါတယ်။ “gratula”ဟာ ဟန်ဂေရီဘာသာစကားဖြစ်ပြီး “ဂုဏ်ဝမ်းမြောက်ပါတယ်”ဆိုတဲ့ အဓိပ္ပာယ်ရတဲ့ စကားလုံးဖြစ်ပါတယ်။ အောက်ပါလင့်ခ်တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
ဖေ့စ်ဘွတ်က မှတ်သာထားတဲ့ အထူးစကားလုံးတစ်ချို့ရေးတဲ့အခါမှာ ဘယ်လိုဖြစ်ပျက်သလဲဆိုတာကို အောက်ပါဗွီဒီယိုမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
မြန်မာစကားလုံးတွေဖြစ်တဲ့ “အံ့ဩစရာအချိန် /အံ့ဩစရာအခ်ိန္”၊ “ချစ်စရာ့အချိန် / ခ်စ္စရာ့အခ်ိန္” ဆိုတဲ့ စကားလုံးတွေကို ဖေ့စ်ဘွတ်ပို့စ်တစ်ခုရဲ့အောက်မှာ မှတ်ချက်ရေးကြည့်မယ်ဆိုရင် စကားလုံးတွေဟာ အပြာရောင်ဖောက်ပြီးသားဖြစ်သွားပြီး ပန်းပွင့်လေးတွေကို ကမ်းလှမ်းနေဟန် အပြာရောင် လက်တန်နဲ့ ပန်းတွေပေါ်လာပါတယ်။ “သင်ဟာ အကောင်းဆုံးပါပဲ / သင္ဟာ အေကာင္းဆုံးပါပဲ” ဆိုတဲ့ စကားလုံး ကို မှတ်ချက်ရေးမယ်ဆိုရင် စကားလုံးဟာ ကြက်သွေးရောင်ပြောင်းသွားပြီး ကြယ်ကလေး ပျံ့တက်သွားတဲ့ပုံပေါ် လာပါတယ်။ အောက်ပါလင့်ခ်မှာဝင်ရောက်လေ့လာနိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်စိစစ်ချက်တွေအရ ပို့စ်တစ်ခုရဲ့အောက်မှာ Gratula လို့ရေးလို့ မှတ်ချက်ရေးလို့ အနီရောင်ပြောင်းတာဟာ ဖေ့စ်ဘွတ်ရဲ့ စကားလုံးတစ်ချို့အပေါ်မှာ ဆွဲဆောင်မှုရှိစေမယ့် အထူးလုပ်ဆောင်ချက် ထည့်သွင်းတာသာဖြစ်ပြီး ဖေ့စ်ဘွတ်အကောင့်လုံခြုံရေးနဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။

Title:မှတ်ချက်မှာ Gratula လို့ရေးလို့ အနီရောင်ပြောင်းတာ ဖေ့စ်ဘွတ်အကောင့်လုံခြုံရေးနဲ့ မသက်ဆိုင်ပါ
Fact Check By: Nayar MaungResult: False