Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးလိုက်ပြီဆိုတဲ့ သတင်းမှား

Misleading နိုင်ငံရေး | Politics

ဒေါ်အောင်ဆန်းစုကြည် ပြန်လွှတ်လာပြီလို့ဆိုထားတဲ့ ဗွီဒီယိုတွေ အခုရက်ပိုင်းမှာ ယူကျူ့နဲ့ဖေ့စ်ဘွတ် စာမျက်နှာ တွေက ပြန်လည် ဖြန့်ဝေလာပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားဖြစ်တယ်။ မီဒီယာအချို့က သတင်းတွေ ပြန်လည်ကူးယူပြီး ခေါင်းစဉ်လွဲတပ်မျှဝေထားတဲ့ ဗွီဒီယိုတွေသာဖြစ်တယ်။ 

အောက်ပါစခရင်ရှော့နဲ့ စာသားကတော့ ဒီလိုပြောဆို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။

အလားတူရေးသား မျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

ဒီဗွီဒီယိုကို ဖြန့်ဝေနေတဲ့ “Local News Tv”ယူကျူ့ချန်နယ်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ကိုလေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာအချို့က သတင်းတွေကို ချဲ့ကားထားတဲ့ ခေါင်းစဉ် သို့မဟုတ် ခေါင်းစဉ်တုတွေတပ်ပြီး ပြန်လည် ဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရပါတယ်။

အခုလည်း ဗွီဒီယိုပါသတင်းဟာ လူထုနွေဦးသတင်းဌာနကဖော်ပြခဲ့တဲ့ “ခလရ(၁၂၅)တပ်ရင်းမှူးက အလံဖြူ ထောင်ကာ MNDAAထံ လာရောက် ဆွေးနွေးပြီး လက်နက်ချ အလင်းဝင်ခဲ့ဟု အသိပေး”၊  ရန်ကုန်ခေတ်သစ် မီဒီယာကဖော်ပြခဲ့တဲ့ “တန့်ဆည်မြို့ပေါ် တိုက်ပွဲများတွင် ရဲစခန်းကို သိမ်းပိုက်ခါနီး စစ်တပ်က လေ ကြောင်း တိုက်ခိုက်ခြင်းနှင့် စစ်ကူရောက်လာခြင်းကြောင့် PDF တပ်များ ပြန် ဆုတ်ခွာရ၊ စစ်သား ၃၀ ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိ”၊ “တောင်သာ ပျူခေါင်းဆောင်အိမ်ကို PDF စီးနင်းတိုက်ခိုက်”၊ “ဟင်္သာတဆေးရုံကြီးတွင်  သွေးအလှူရှင် လိုအပ်နေပြီး  သွေးပွဲစားများကြောင့် လှူဒါန်းမည့်သူနည်းပါး”စတဲ့ သတင်းတွေသာပါဝင်ပါတယ်။

မူရင်းလင်ခ့် – People’s Spring | Archive link

သုံးသပ်ချက်

သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ တိုက်ပွဲနဲ့ ပစ်ခတ်တိုက်ခိုက်မှု သတင်းတွေကို ပြန်လည်ကူးယူမျှဝေ ထားပြီး ‌ခေါင်းစဉ်လွဲတပ်ထားခြင်းဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီဆိုတာ မဟုတ်ပါဘူး။

ပြောဆိုချက်- ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီ

Avatar

Title:Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးလိုက်ပြီဆိုတဲ့ သတင်းမှား

Written By: နေရာမောင် 

Result:Misleading


Leave a Reply

Your email address will not be published. Required fields are marked *