
ဖေ့စ်ဘွတ်ပို့စ်မှာ “Happy New Year”လို့ မှတ်ချက်ရေးတဲ့သူတိုင်းကို လက်ဆောင်တွေပါတဲ့ အထူးအိတ်တလုံးစီ မြန်မာနိုင်ငံမှာ နာမည်ကြီး ဈေးဝယ်စင်တာတခုဖြစ်တဲ့ Ocean Supperပို့ပေးမယ်လို့ဆိုထားတဲ့ Ocean Supercenter Fans အမည်နဲ့စာမျက်နှာဟာ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါ တယ်။ လိမ်လည်လှည့်စားထားထားတဲ့ အတုအယောင်စာမျက်နှာသာဖြစ်တယ်။
အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ပို့စ်က ရယူထားခြင်းဖြစ်တယ်။ ၂၄ နာရီအတွင်း ဒီပို့စ်ကို မျှဝေမှုပေါင်း ၁၃၀၀ ရှိပါတယ်။
“နှစ်သစ်လက်ဆောင်- @Ocean Supercenter
ခရစ္စမတ်နဲ့ နှစ်သစ်ကူးကို ကြိုဆိုဖို့အတွက် ဒီဇင်ဘာ 25 ရက်နေ့မတိုင်ခင် ကျွန်တော်တို့ရဲ့ PAGE မှာ “Happy New Year” လို့ ရေးတဲ့သူတိုင်းကို အထူးအိတ်တစ်ခု ပို့ပေးမှာပါ။ ကံကောင်းပါစေ!”

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
Meta ရဲ့ အပြာရောင်အမှန်ခြစ်အမှတ်အသားပါတဲ့ Ocean ဈေးဝယ်စင်တာရဲ့ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာကို ဒီလင့်ခ်မှာ ကြည့်ပါ။ ဖေ့စ်ဘွတ်ပို့စ်တခုမှာ မှတ်ချက်ပေးခြင်းဖြင့် လက်ဆောင်ပေးမယ်ဆိုတဲ့ အစီအစဉ် ကြော်ငြာထားတာ မတွေ့ရပါဘူး။
ဒီအပြင်“Ocean Supercenter Fans”အမည်နဲ့ စာမျက်နှာဟာ သူတို့နဲ့ မသက်ဆိုင်ဘဲ လိမ်လည်နေ တဲ့စာမျက်နှာဖြစ်ကြောင်း ဒီဇင်ဘာ ၂၄ ရက်မှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်။ အောက်မှာကြည့်ပါ။

မူရင်းလင်ခ့် – Ocean Supercenter Myanmar | Archive link
သုံးသပ်ချက်
Ocean Supercenter အမှတ်တံဆိပ်ကို အသုံးပြုပြီး ထင်ယောင်ထင်မှား ဖြစ်ဖွယ်လိမ်လည်လှည့်စားထားတဲ့ စာမျက်နှာဖြစ်တယ်။ ဒီစာမျက်နှာဟာ သူတို့နဲ့ မသက်ဆိုင်ကြောင်း Ocean ဘက်က ကြေညာထားပါတယ်။ ဖေ့စ်ဘွတ်ပို့စ်မှာ မှတ်ချက်ပေးရုံနဲ့ လက်ဆောင်ပစ္စည်းပါတဲ့ အိတ်တွေပို့ပေးမယ်ဆိုတာ မဟုတ်ပါဘူး။
ပြောဆိုချက်- ဖေ့စ်ဘွတ်ပို့စ်မှာ မှတ်ချက်ပေးရုံနဲ့ လက်ဆောင်ပစ္စည်းပါတဲ့ အိတ်တွေ Ocean ဈေးဝယ်စင်တာက ပို့ပေးမယ်

Title:Fact Check: ဖေ့စ်ဘွတ်မှာ မှတ်ချက်ရေးရုံနဲ့ Ocean ဈေးဝယ်စင်တာက လက်ဆောင်ပို့ ပေးမယ်ဆိုတဲ့ လှည့်စားထားတဲ့ စာမျက်နှာ
Written By: Zun ZeeResult: False