အမေစုရဲ့ ၇၅ နှစ်မြှောက်မွေးနေ့ အလှူအဖြစ် ဖုန်းဘေလ်တစ်ယောက်ကို 5000 စီပေးမယ်ဆိုတာမဟုတ်ပါ

False လူမှုရေး

အမေစုရဲ့ ၇၅ နှစ်မြှောက်မွေးနေ့  အလှူအဖြစ် ဖုန်းဘေလ်တစ်ယောက်ကို  5000 စီပေးမယ်ဆိုပြီး ဖေ့စ်ဘွတ် ပို့စ်တစ်ခု လူမှုကွန်ယက် အသုံးပြုသူတွေအကြားမှာ ပျံ့နှံလျက်ရှိ တာတွေ့ရပါတယ်။ 

“န ဒီ”အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူက “အမေစုရဲ့ ၇၅ နှစ်မြှောက်မွေးနေ့  အလှူ…. ယနေ့(19.6.2020)နေ့ တွင်ကျရောက်သော အမေစု ရဲ့75နှစ်ပြည့်မွေးနေ့ကိုဂုဏ်ပြုသောအားဖြင့်  ဖုန်းဘေလ်တစ်ယောက်ကို  5000 စီ လက်ဆောင်ပေးသွားပါမယ်ရှင် ဒီပို့စ်အောက်မှာ ဖုန်းဘေလ်လွှဲရမယ့် ဖုန်းနံပါတ်ရေးခဲ့ပါ ပို့စ်ကိုအနည်းဆုံး ဂရုသုံးခုကို share ရှယ်ပေးပါ လွှဲရမယ့်ဖုန်းနံပါတ်ကို အတိအကျရေးပါနော် ဖုန်းမှားပြီးရောက်မှာစိုးလို့ပါ ဂရုထဲဝင်ထားမှပေးပါမယ် ဂရုကိုဝင်ထားပေးပါ်”စသည်ဖြင့်ရေးသားပြီး “ထီပေါက်လို့  လှူမယ်”အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုမှာ မျှဝေထားပါတယ်။ ဒီပို့စ်ဟာ မျှဝေပြီး ၂၃ နာရီအတွင်းမှာ လူ တစ်သောင်းကျော်က ပြန်လည်မျှဝေခဲ့ကြပြီး မှတ်ချက် ၅ ထောင်ကျော်ရေးသားခဲ့ကြတာတွေ့ရပါတယ်။

လူတွေက ပါဝင်ဖို့ ဖိတ်ခေါ်ထားတဲ့ လင့်ခ်ကို နှိပ်ကြည့်ရမှာတော့ ““ထီပေါက်လို့  လှူမယ်”အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုကိုပဲ ရောက်သွားပါတယ်။

Fb linkArchive link

အချက်အလက်စိစစ်ချက်

ဒီလို ဖုန်းဘေလ် ၅၀၀၀ လှူမယ်လို့ပြောလို့ မှတ်ချက်မှာရေးထားတဲ့ခဲ့ နာရီအနည်းငယ်ကြာပြီဖြစ်တဲ့ ဖုန်းတစ်ချို့ ကို Fact Crescendo Myanmar ဆက်သွယ်မေးမြန်းကြည့် တဲ့အခါမှာ အားလုံးက ဖုန်းဘေလ်မရှိကြပါဘူး။

ဖုန်းငွေဖြည့်ကတ်နဲ့ ပိုက်ဆံအထုပ်လိုက်ပုံတွေဟာလည်း အင်တာနက်မှာ ရက်၊လ၊နှစ်နဲ့ချီပြီးပျံ့နှံခဲ့ပြီးသား ဓာတ်ပုံ တွေကို ပြန်လည်အသုံးပြုထားတာတွေ့ရပါတယ်။ အောက်ပါလင့်ခ်တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

LinkLink

ဒီလို ဒေါ်အောင်ဆန်းစုကြည့်မွေးနေ့ဂုဏ်ပြုတဲ့အနေနဲ့ ဖုန်းဘေလ်လွှဲမယ်လို့ မတင်ခင်မှာ ရုပ်ရှင်မင်းသား ရန်အောင်က ပရိသတ်တွေအတွက် တစ်ဦးလျှင် ငွေကျပ် ၁သိန်းစီ လှူမယ်ဆိုတဲ့ ပို့စ်နဲ့ စတင်ပြီး ဒီအုပ်စုမှာ လူတွေ တိုးပွားလာအောင်ဆောင်ရွက်ခဲ့တာတွေ့ရပါတယ်။

ဒါအပြင် ဒီဖေ့စ်ဘွတ်အုပ်စုမှာ Fact Crescendo Myanmar က အချက်အလက်မှားအဖြစ်သတ်မှတ်ခဲ့တဲ့ အကြောင်းအရာတစ်ခုကိုလည်း မျှဝေခဲ့တာတွေ့ရပါတယ်။ အခုချိန်မှာ အဲဒီပို့စ်ကို မတွေ့ရှိရတော့ပါဘူး။

သုံးသပ်ချက်

အထက်ပါအချက်အလက်စိစစ်ချက်တွေအရ “န ဒီ”အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၅ နှစ်မြှောက်မွေးနေ့  အလှူအဖြစ် ဖုန်းဘေလ်တစ်ယောက်ကို  ၅၀၀၀ ကျပ စီ ပေးသွားပါမယ်ဆိုတာ မမှန်ကန်တဲ့အချက်အလက်ဖြစ်ပြီး လူတွေကို လှည့်စားထားတဲ့အချက်အလက်ဖြစ်တာတွေ့ရပါတယ်။

Avatar

Title:အမေစုရဲ့ ၇၅ နှစ်မြှောက်မွေးနေ့ အလှူအဖြစ် ဖုန်းဘေလ်တစ်ယောက်ကို 5000 စီပေးမယ်ဆိုတာမဟုတ်ပါ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *