Fact Check: ဘဏ္ဏာရေးဝန်ကြီးဌာနက အတိုးမဲ့ ချေးငွေ ထုတ်ချေးနေသလား-မဟုတ်ပါ

False လူမှုရေး

ဘဏ္ဏာရေးဝန်ကြီးဌာနက အတိုးမဲ့ ချေးငွေ ထုတ်ချေးနေလို့ဆိုပြီး ဖေ့စ်ဘွတ်မှာ ပို့စ်တခု ကြော်ငြာထားတာ တွေ့ရပါတယ်။ ဇွန် ၃ ရက်နေ့က စပြီး အသက် ၃၅ နှစ်အထက်ရှိသူတွေကို အတိုးမဲ့ ချေးငွေထုတ်ချေးမှာဖြစ် တယ်လို့လည်း ရေးသားထားပါတယ်။ သတင်းမှားတခုဖြစ်တယ်။

အောက်ပါစာသားနဲ့စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့နေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ 

“မြန်မာနိုင်ငံတွင် အသက် ၃၅န နှစ်အထက် ချေး

ငွေများကို ဇွန်လ ၃ ရက်နေ့မှ စတင်၍ အခမဲ့ 

ချေးငွေထုတ်ပေးမည်ဖြစ်ကြောင်း

ဘဏ္ဏာရေးဝန်ကြီးဌာန”

C:\Users\User\Downloads\screenshot-archive_ph-2024_07_01-15_25_29.png

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ တကယ်တမ်း ဖေ့စ်ဘွတ်ပို့စ်မှာ ကြော်ငြားထားသလို စစ်ကောင်စီဘဏ္ဏာရေးဝန်ကြီးဌာန အပါအဝင် အမျိုးသားညီညွှတ်ရေး အစိုးရ ဘဏ္ဏာရေးဌာနတွေကလည်း ကြော်ငြာထားတာမတွေ့ရပါဘူး။ 

ဒီလိုကြော်ငြာထားတဲ့ ပို့စ်ပါ ဝက်ဘ်ဆိုဒ်လင့်ခ်ဖြစ်တဲ့ “emergencyloan63.shp”ဆိုတဲ့ လင့်ခ်ကို နှိပ်လိုက်မယ်ဆိုရင်လည်း နောက်ထပ်တစုံတရာဖော်ပြချက်မျိုးမတွေ့ရဘဲ အလွတ်ဖြစ်နေတဲ့ ဝက်ဘ်ဆိုဒ်စာမျက်နှာဆီကိုပဲ ဦးတည်သွားပါတယ်။ 

ဒီလိုမျိုးအစိုးရအမှတ်တံဆိပ်တွေကို အသုံးပြုပြီး ဖြန့်ဝေနေတဲ့ အတုအယောင် အခမဲ့ သင်တန်းနဲ့ ဆေးဝါးကြော်ငြားမျိုးတွေဟာ ဖေ့စ်ဘွတ်မှာ မကြာခဏဖြန့်ဝေဖူးတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်ပါ။

C:\Users\User\Downloads\screenshot-myanmar_factcrescendo_com-2024_07_01-17_35_40.png

သုံးသပ်ချက်

ဘဏ္ဏာ‌ရေးဝန်ကြီးဌာနက အတိုးမဲ့ချေးငွေထုတ်ချေးနေတယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ ကြော်ငြာထားတဲ့ ဖေ့စ်ဘွတ်ပို့စ်ပါအကြောင်းအရာနဲ့ မသက်ဆိုင်တဲ့ စိတ်မချရတဲ့ ဝက်ဘ်ဆိုဒ်တွေဆီကို ဦးတည်သွားတာပြီး ဖေ့စ်ဘွတ်သုံးစွဲသူတွေရဲ့ ကိုယ်ပိုင်အချက်အလက်တွေကို ရယူဖို့ မျှားခေါ်တဲ့ ဖြစ်စဉ်တခုသာဖြစ်တယ်လို့ သုံးသပ်ရပါတယ်။

ပြောဆိုချက်- ၃၅ နှစ်အထက်ရှိသူတွေကို ဘဏ္ဏာ‌ရေးဝန်ကြီးဌာနက အတိုးမဲ့ချေးငွေထုတ်ချေးနေတယ်

Avatar

Title:Fact Check: ဘဏ္ဏာရေးဝန်ကြီးဌာနက အတိုးမဲ့ ချေးငွေ ထုတ်ချေးနေသလား-မဟုတ်ပါ

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *