Fact Check: သမ္မတဟောင်းဦးသိန်းစိန် မိသားစုလိုက်လုပ်ကြံသတ်ဖြတ်ခံရဆိုတဲ့ သတင်းတု

နိုင်ငံရေး | Politics

သမ္မတဟောင်းဦးသိန်းစိန် မိသားစုလိုက် စစ်ခေါင်းဆောင်က လုပ်ကြံသတ်ဖြတ်ခံရတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ သတင်းတုပို့စ်တခုဖြစ်တာတွေ့ရတယ်။

အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ် ပါတယ်။ 

“ဦးသိန်းစိန် တစ်မိသားစုလုံး သေဆုံးလျက် တွေ့ရှိ

တရုတ်နဲ့ပိုမိုနီးကပ်လာလို့ အာဏာလုမှာ ကြောက်ပြီး

မအလက လုပ်ကြံတာဟု တပ်ထဲ တီးတိုးပြောဆိုနေကြ”

C:\Users\User\Downloads\Firefox_Screenshot_2024-07-17T12-55-08.462Z.png

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက် မတွေ့ရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Aung Vlog”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြပြီး သတင်းတွေကို ပြန်လည်ကူး ယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ချိလေ့ရှိပြီး လုပ်ကြံသတင်းမှားတွေလည်း ဖြန့်ချိပါတယ်။ ဒီယူကျူ့ချန်နယ်နဲ့ ပတ်သတ်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။

ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်အပြင် ဗွီဒီယိုအစမှာလည်း “သမ္မတဟောင်း ဦးသိန်းစိန်လုပ်ကြံခံရပြီး သေဆုံးသွားပါတယ်။ တပ်ထဲမှာတော့ မင်းအောင်လှိုင်ဟာ တရုတ်နဲ့ ဆက်ဆံ‌ရေးပိုမိုနီးကပ်လာတဲ့ ဦးသိန်းစိန်က အာဏာလုမှာကြောက်ပြီး စေခိုင်းတာဟု တီးတိုးပြောဆိုနေကြတယ်”စသည်ဖြင့်လည်းဖော်ပြထားတယ်။ အထက်မှာဖော်ပြခဲ့သလိုပဲ ယုံကြည်ရလောက် သတင်းအရင်းအမြစ်တွေနဲ့ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြထားတာမတွေ့ရပါဘူး။ 

ဒီအပြင် ဗွီဒီယိုထဲပါအကြောင်းအရာဟာ “ကညင်ချောင်းစီးပွားရေးဇုန်က စစ်ကောင်စီတပ်များ ဆုတ်ခွာထွက်ပြေး ”ဆိုတဲ့ သတင်းနဲ့ “ဟားခါးနှင့် ဖလမ်းမြို့နယ်တွင် စစ်ကောင်စီက ဆိုင်ကယ်စီးနင်းခွင့် တင်းကြပ်”စတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြနေခြင်းဖြစ်တယ်။

သုံးသပ်ချက်

သမ္မတဟောင်းဦးသိန်းစိန် မိသားစုလိုက် စစ်ခေါင်းဆောင်က လုပ်ကြံသတ်ဖြတ်ခံရတယ်လို့ဆိုတာ အထောက် အထားမရှိပါဘူး။ “Aung Vlog”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ လုပ်ကြံသတင်းမှားတွေလည်း ဖြန့်ချိပါတယ်။

Avatar

Title:Fact Check: သမ္မတဟောင်းဦးသိန်းစိန် မိသားစုလိုက်လုပ်ကြံသတ်ဖြတ်ခံရဆိုတဲ့ သတင်းတု

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *