Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ပုပ်ရဟန်းမင်းကြီးရဲ့ တောင်းဆို ချက် စစ်တပ်လက်ခံတဲ့ သတင်းတု

Misleading နိုင်ငံ‌ရေး

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ပုပ်ရဟန်းမင်းကြီးရဲ့ တောင်းဆိုချက် မြန်မာစစ်တပ်လက်ခံလိုက်တယ်လို့ ဆိုပြီး ဗွီဒီယိုကို ယူကျု့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။

အောက်ပါစခရင်ရှော့နဲ့ စာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။ 

“ဒေါ်စု အရေးပေါ်သတင်း

အမေစု ပြန်လွတ်ဖို့ တောင်းဆိုပြီ ၊ ပုပ်ရဟန်းမင်းကြီး

တောင်းဆိုချက်အကြမ်းက် စစ်ကောင်စီလက်ခံ”

C:\Users\User\Downloads\Firefox_Screenshot_2024-09-25T08-25-44.700Z.png

မူရင်းလင်ခ့် – Yotube link | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Media”လို့အမည်ပေးထားတဲ့ ယူကျူ့ချန်နယ်ဟာ သတင်း‌ ခေါင်းစဉ်တုတပ် ဗွီဒီယိုတွေကို ဖြန့်ဝေနေတဲ့နေရာတခုဖြစ်တာတွေ့ရပါတယ်။ 

Also read – ဘာသာကြီးတစ်ခုတည်းကြီးစိုးမှုမ​စေရှိစေရေး ဒေါ်အောင်ဆန်းစုကြည်လျှောက်ထား ဆိုတဲ့ သတင်းမှား

အခုလည်း ဗွီဒီယိုထဲမှာ ပါတဲ့အကြောင်းအရာဟာ လွတ်လပ်တဲ့အာရှအသံ မြန်မာပိုင်းကဖော်ပြခဲ့တဲ့ “ဒေါ်အောင်ဆန်းစုကြည်ကို ဗာတီကန်မှာခိုလှုံခွင့် ပုပ်ရဟန်းမင်းကြီး အဆိုပြု”ဆိုတဲ့ သတင်းကို ပြန်လည်မျှဝေပြီး ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။

C:\Users\User\Downloads\Untitled၁.jpg

၈ မိနစ်ကျော်ရှည်လျားပြီး “Khit Thit Media”အမည်နဲ့ ယူကျူ့မှာ  ဖြန့်ဝေထားတဲ့ ဗွီဒီယိုပါ နောက်ထပ် သတင်းတွေကတော့ ‌ခေါနုသုမ်သတင်းဌာနကဖော်ပြခဲ့တဲ့ “စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်မှုတွင် ပါဝင်သော Non-CDM များကို စစ်ကောင်စီလိုသဘောထား၍ ပစ်ခတ်မည်ဟု CDF-Hakha သတိပေး”၊ ဧရာဝတီတိုင်းမ်သတင်းဌာနကဖော်ပြခဲ့တဲ့ “ပင်လည်ဘူးကို စစ်ကောင်စီက ဗုံးအလုံးရေ ရာချီကြဲချကာ အင်အား ၁၆၀ ခန့်ကိုလည်း လေကြောင်းမှပင် စစ်ကူပို့”နဲ့ “ရခိုင်မှာ စစ်တပ် လေကြောင်းအဓိကသုံး တိုက်ခိုက်” စတဲ့သတင်းတွေပါဝင်တယ်။

သုံးသပ်ချက်ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ပုပ်ရဟန်းမင်းကြီးရဲ့ တောင်းဆိုချက်ဟာ မှန်ကန်ပေမဲ့ ဒီလို‌ တောင်းဆိုမှုကို မြန်မာစစ်တပ်လက်ခံလိုက်တယ်ဆိုတာတော့ မဟုတ်ပါဘူး။ အခုလို ဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တု ဒါမှမဟုတ် ချဲ့ကားရေးသားထားတဲ့ သတင်းခေါင်းစဉ်တပ် ဗွီဒီယိုတွေဖြန့်ချိလေ့ရှိတယ်။

Avatar

Title:Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ပုပ်ရဟန်းမင်းကြီးရဲ့ တောင်းဆို ချက် စစ်တပ်လက်ခံတဲ့ သတင်းတု

Written By: နေရာမောင်  

Result: Misleading