Fact Check: တရုတ်နှစ်ကူးပွဲတက်တဲ့ စစ်ခေါင်းဆောင် ရှော့တိုက်ဒုံးနဲ့တိုက်ခိုက်ခံရလို့ သေဆုံးတဲ့ သတင်းတု

False နိုင်ငံရေး | Politics

တရုတ်နှစ်သစ်ကူး အခမ်းအနားတက်ရောက်လာတဲ့ စစ်ခေါင်းဆောင်နဲ့ အပေါင်းအပါအတွေကို ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရလို့ ဗိုလ်ချုပ်ကြီး ၁၅ ဦးနဲ့အတူ သေဆုံးသွားတယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းမှား ဖြန့်ချိနေခြင်းဖြစ်တယ်။ 

ဇန်နဝါရီ ၂၄ ရက်မှာ “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်က  ဖြန့်ဝေခဲ့တဲ့ ဗွီဒီယို စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ ဒီဗွီဒီယိုဟာ ၆ နာရီအတွင်း ကြည့်ရှု့မှုပေါင်း ၁၇၀၀၀ ကျော်ရရှိထားတယ်။

“တရုတ်နှစ်သစ်ကူးအခမ်းအနားတက်ရောက်တဲ့ မအလ 

သေပြီ

ရန်ကုန်UGကြမ်းပြီ

ရှော့တိုက်ဒုန်းနဲ့တိုက်ခိုက်ခံရလို့ မအလအပါအဝင်

စစ်ဗိုလ်ချုပ်ကြီး(၁၅)ဦး ထိခိုက်သေဆုံး”

C:\Users\User\Downloads\Firefox_Screenshot_2025-01-24T13-16-48.979Z.png

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ မီဒီယာတွေမှာ‌ဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာ ဒါမှမဟုတ် လုပ်ကြံရေးသားပြောဆိုချက်တွေ ဖြန့်ချိတဲ့ နေရာဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။

ဗွီဒီယိုထဲမှာ ရန်ကုန်အခြေစိုက် တရုတ်သံရုံးကလုပ်တဲ့ တရုတ်နှစ်ကူးပွဲ တက်လာတဲ့ စစ်ခေါင်းဆောင် တိုက်ခိုက်ခံရလို့ သေဆုံးတယ်လို့ ဆိုထားပါတယ်။ ဒါပေမဲ့ ဒီနှစ်တရုတ်နှစ်ကူးကို စစ်ခေါင်းဆောင် တက်ရောက်တာမရှိပါဘူး။ 

အခုလည်း ဗွီဒီယိုထဲမှာ ‌ဖော်ပြထားတဲ့အကြောင်းအရာဟာ ပြည်တွင်းအခြေစိုက် သတင်းဌာနကတခုဖြစ်တဲ့ One News Myanmar က‌ဖော်ပြခဲ့တဲ့ “တရုတ်နှစ်သစ်ကူးအထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနားကျင်းပ”ဆိုတဲ့ သတင်းကို ပြန်လည်ဖော်ပြထားတယ်။ အောက်ပါစခရင်ရှော့ကတော့ မူလဖော်ပြချက် ဆောင်းပါးရဲ့ အစိတ်အပိုင်းကို ရယူထားခြင်းဖြစ်တယ်။ အင်းယာလိတ်ဟိုတယ်မှာ ကျင်းပတဲ့ ဒီပွဲဟာ ဒရုန်းနဲ့ တိုက်ခိုက်ခံရတယ်ဆိုတဲ့ သတင်းဖော်ပြချက်လည်းမတွေ့ရပါဘူး။ အပြည့်အစုံကို ဒီလင့်ခ်မှာ ကြည့်ပါ။ 

C:\Users\User\Downloads\Untitled.jpg

သုံးသပ်ချက်

“Star Vibes”ဟာ မီဒီယာတွေမှာ‌ဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာ ဒါမှမဟုတ် လုပ်ကြံရေးသားပြောဆိုချက်တွေ ဖြန့်ချိတဲ့ နေရာဖြစ်တယ်။အခုလည်း ရန်ကုန်မှာ တရုတ်နှစ်ကူးကျင်းပတဲ့ သတင်းကို ဒီပွဲမှာ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရလို့ စစ်ခေါင်းဆောင်အပါ ဗိုလ်ချုပ်ကြီး ၁၅ ဦးသေဆုံးတယ်လို့ လုပ်ကြံရေးသားဖော်ပြထားတယ်။

ပြောဆိုချက်- ရန်ကုန်မှာ တရုတ်နှစ်ကူးပွဲတက်ရောက်စဉ် ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရလို့ စစ်ခေါင်းဆောင်အပါ ဗိုလ်ချုပ်ကြီး ၁၅ ဦးသေဆုံး

Avatar

Title:Fact Check: တရုတ်နှစ်ကူးပွဲတက်တဲ့ စစ်ခေါင်းဆောင် ရှော့တိုက်ဒုံးနဲ့တိုက်ခိုက်ခံရလို့ သေဆုံးတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *