Fact Check: စစ်ခေါင်းဆောင် မူးလဲသေဆုံးတဲ့ သတင်းတု

False နိုင်ငံရေး | Politics

စစ်ခေါင်းဆောင် ရုတ်တရက် မူးလဲသေဆုံးသွားလို့ နေပြည်တော်မှာ ပွက်လောရိုက်နေပြီလို့ ဆိုတဲ့ ဗွီဒီယိုပို့စ် ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့နေတာဟာ သတင်းတု တခုသာဖြစ်တယ်။  

ဇန်နဝါရီ ၂၈ ရက်မှာ ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။ 

“ရုတ်တရက် မအလ မူးလဲသေဆုံးလို့

နေပြည်တော်မှာ ပွက်လောရိုက်ကုန်ပြီ”

C:\Users\User\Downloads\Firefox_Screenshot_2025-01-30T13-22-15.933Z.png

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေ ကို ပြန်လည်ကူးယူဖော်ပြတာ သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာ၊ လုပ်ကြံသတင်းရေးသားဖြန့်ဝေ တာတွေ ပြုလုပ်ပါတယ်။  ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက် တွေကို ဒီလင့်ခ်မှာကြည့်ပါ။

အခုလည်း ဗွီဒီယိုထဲမှာပါ စစ်ခေါင်းဆောင်ဟာ မူးလဲကျသွားတယ်၊ ရူးသွားပြီး အကျယ်ချုပ်ချနေတယ်စတဲ့ အကြောင်းအရာတွေကို ဖော်ပြထားပေမဲ့  သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာဖြစ်စေ၊ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာဖြစ်စေ ဖော်ပြချက်မတွေ့ရပါဘူး။ 

Also read – Fact Check: တပ်ချုပ်မင်းအောင်လှိုင် မူးလဲပြီးသေဆုံးတဲ့ သတင်းတု 

သုံးသပ်ချက်

“Local Celegram”ဟာ မီဒီယာတချို့မှာဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေ ကို ပြန်လည်ကူးယူဖော်ပြတာ သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာ၊ လုပ်ကြံသတင်းရေးသားဖြန့်ဝေ တာတွေ ပြုလုပ်ပါတယ်။ အခုလည်း စစ်ခေါင်းဆောင် မူးလဲသေဆုံးတယ်ဆိုပြီး သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။

ပြောဆိုချက်- စစ်ခေါင်းဆောင် ရုတ်တရက် မူးလဲသေဆုံးသွားလို့ နေပြည်တော်မှာ ပွက်လောရိုက်နေပြီ

Avatar

Title:Fact Check: စစ်ခေါင်းဆောင် မူးလဲသေဆုံးတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *